294 Shares 183 Views

ေၾကာ္ညာမ်ား မပါတဲ့ အခေပး Facebook Version ထြက္လာမလား ?

Apr 14, 2018
294 183

Mark Zuckerberg က အေမရိကန္ လႊတ္ေတာ္ရဲ႕ ၾကားနာစစ္ေဆးမႈအတြင္းမွာ အခမဲ့အသံုးျပဳႏုိင္တဲ့ Facebook Version က အၿမဲ ရွိေနမွာပါလို႔ ေျပာၾကားခဲ့ပါတယ္။ အဲဒီအတြက္ အနာဂတ္မွာ ေၾကာ္ညာမ်ား မပါတဲ့ Facebook Version အသစ္တစ္ခု ထြက္လာႏုိင္တယ္လို႔ ပညာရွင္မ်ားက သုံးသပ္ၾကပါတယ္။ အဲဒီ ဗားရွင္းကို အခေၾကးေငြေပး၍ အသံုးျပဳရမွာ ျဖစ္ႏုိင္ပါတယ္။

လႊတ္ေတာ္ အမတ္ တစ္ဦး ျဖစ္သူ Orrin Hatch က Facebook ကို အၿမဲတမ္း အခမဲ့ အသံုးျပဳႏိုင္မလားဆိုတဲ့ေမးခြန္းကို ဇူကာဘတ္က “There always will be a version of Facebook that is free.” လုိ႔ ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။ အခေပး ဗားရွင္းကို ျဖန္႔ခ်ီရတဲ့ အေၾကာင္းအရင္း နွစ္ခ်က္ရွိႏုိင္ပါတယ္။ တစ္ခုမွာ Users မ်ားရဲ႕ ကိုယ္ေရးကိုယ္တာ သတင္းအခ်က္အလက္မ်ားကို Facebook က မေကာက္ယူခ်င္တဲ့အတြက္ ျဖစ္ပါတယ္။ ေနာက္တစ္ခုက ေၾကာ္ညာမ်ား မပါဘဲ ရွင္းလင္းတဲ့ Facebook ကို အသံုးျပဳႏုိင္ဖို႔ ျဖစ္ပါတယ္။

အဲဒီ အေၾကာင္းအရင္း နွစ္ခုဟာ တစ္ခုနဲ႔ တစ္ခု ဆက္စပ္ေနပါတယ္။ ေၾကာ္ညာမ်ား မပါတဲ့အတြက္ Users မ်ားရဲ႕ အမူအက်င့္မ်ား၊ စိတ္၀င္စားမႈမ်ားကို Facebook က ေကာက္ယူဖို႔ မလိုေတာ့ပါဘူး။ ေၾကာ္ညာမ်ားကို မျပသတဲ့အတြက္ Facebook က အခေၾကးေငြ ရရွိဖို႔ Users မ်ားထံကေန အသံုးျပဳခေကာက္ခံမွာ ျဖစ္ပါတယ္။

အခေပး ဗားရွင္း အိုင္ဒီယာဟာ ယခုမွထြက္ေပၚလာတာ မဟုတ္ပါဘူး။ မၾကာခင္က အင္တာဗ်ဴးတစ္ခုမွာ Facebook COO Sheryl Sanberg က ေၾကာ္ညာမ်ား မပါတဲ့ အခေပး ဗားရွင္းကို အရိပ္အျမြက္ေျပာၾကားခဲ့ဖူးပါတယ္။

Ref : wersm

unicode

ကြော်ညာများ မပါတဲ့ အခပေး Facebook Version ထွက်လာမလား ?

Mark Zuckerberg က အမေရိကန် လွှတ်တော်ရဲ့ ကြားနာစစ်ဆေးမှုအတွင်းမှာ အခမဲ့အသုံးပြုနိုင်တဲ့ Facebook Version က အမြဲ ရှိနေမှာပါလို့ ပြောကြားခဲ့ပါတယ်။ အဲဒီအတွက် အနာဂတ်မှာ ကြော်ညာများ မပါတဲ့ Facebook Version အသစ်တစ်ခု ထွက်လာနိုင်တယ်လို့ ပညာရှင်များက သုံးသပ်ကြပါတယ်။ အဲဒီ ဗားရှင်းကို အခကြေးငွေပေး၍ အသုံးပြုရမှာ ဖြစ်နိုင်ပါတယ်။

လွှတ်တော် အမတ် တစ်ဦး ဖြစ်သူ Orrin Hatch က Facebook ကို အမြဲတမ်း အခမဲ့ အသုံးပြုနိုင်မလားဆိုတဲ့မေးခွန်းကို ဇူကာဘတ်က “There always will be a version of Facebook that is free.” လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ အခပေး ဗားရှင်းကို ဖြန့်ချီရတဲ့ အကြောင်းအရင်း နှစ်ချက်ရှိနိုင်ပါတယ်။ တစ်ခုမှာ Users များရဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို Facebook က မကောက်ယူချင်တဲ့အတွက် ဖြစ်ပါတယ်။ နောက်တစ်ခုက ကြော်ညာများ မပါဘဲ ရှင်းလင်းတဲ့ Facebook ကို အသုံးပြုနိုင်ဖို့ ဖြစ်ပါတယ်။

အဲဒီ အကြောင်းအရင်း နှစ်ခုဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေပါတယ်။ ကြော်ညာများ မပါတဲ့အတွက် Users များရဲ့ အမူအကျင့်များ၊ စိတ်ဝင်စားမှုများကို Facebook က ကောက်ယူဖို့ မလိုတော့ပါဘူး။ ကြော်ညာများကို မပြသတဲ့အတွက် Facebook က အခကြေးငွေ ရရှိဖို့ Users များထံကနေ အသုံးပြုခကောက်ခံမှာ ဖြစ်ပါတယ်။

အခပေး ဗားရှင်း အိုင်ဒီယာဟာ ယခုမှထွက်ပေါ်လာတာ မဟုတ်ပါဘူး။ မကြာခင်က အင်တာဗျူးတစ်ခုမှာ Facebook COO Sheryl Sanberg က ကြော်ညာများ မပါတဲ့ အခပေး ဗားရှင်းကို အရိပ်အမြွက်ပြောကြားခဲ့ဖူးပါတယ်။

Ref : wersm

You may be interested

တလ ၃ ေဒၚလာသာ က်သင့္မယ့္ Netflix မိုဘိုင္းသီးသန္႔ အစီအစဥ္ကို အိႏၵိယမွာ စမ္းသပ္
NEWS, Softwares & Application
0 shares0 views

တလ ၃ ေဒၚလာသာ က်သင့္မယ့္ Netflix မိုဘိုင္းသီးသန္႔ အစီအစဥ္ကို အိႏၵိယမွာ စမ္းသပ္

Nigma - Mar 23, 2019

Netflix က အိႏၵိယ အပါအဝင္ ႏိုင္ငံအခ်ိဳ႕မွာ မိုဘိုင္းသီးသန္႔ လစဥ္ေၾကးအစီအစဥ္အသစ္တခုကို စမ္းသပ္လ်က္ ရွိပါတယ္။ ပုံမွန္အားျဖင့္ Netflix ကို အိႏၵိယက ဝယ္မယ္ဆိုရင္ အနည္းဆုံး တလ ၇.၂၇ ေဒၚလာ ေပးရပါတယ္။ ျမန္မာႏိုင္ငံကေနဆို အနည္းဆုံး ၇.၉၉ ေဒၚလာ…

စံုတြဲမ်ား အိပ္ယာထက္မွာ သာယာမႈ ပိုရေအာင္ ကူညီေပးမယ့္ Sex Toy
Gadgets, NEWS
0 shares0 views

စံုတြဲမ်ား အိပ္ယာထက္မွာ သာယာမႈ ပိုရေအာင္ ကူညီေပးမယ့္ Sex Toy

Ko Thuya - Mar 23, 2019

ခ်စ္တင္းေႏွာမႈကို ကူညီေပးမယ့္ ကိရိယာ ေပၚလာပါၿပီ။ Lovely အမည္ရ ခ်ပ္၀တ္တန္ဆာ ကြန္ျပဴတာငယ္ေလးက Tracker ျဖစ္သလို တစ္စိတ္တစ္ပိုင္းအားျဖင့္ Sex Toy လည္း ျဖစ္ပါတယ္။ ေဒၚလာ ၁၆၉ တန္ေၾကးရွိၿပီး အမ်ိဳးသားလိင္တံရဲ႕ အရင္းမွာ ၀တ္ဆင္ထားရမွာပါ။ ဆီလီကြန္ျဖင့္ ျပဳလုပ္ထားၿပီး…

Evernote မွာ စာရုိက္စရာ မလိုဘဲ Notes မ်ား ဘယ္လို မွတ္သားမလဲ ?
FEATURES, Softwares & Application
23 shares18 views

Evernote မွာ စာရုိက္စရာ မလိုဘဲ Notes မ်ား ဘယ္လို မွတ္သားမလဲ ?

Ko Thuya - Mar 23, 2019

နာမည္ေက်ာ္ မွတ္စု မွတ္သားတဲ့ Evernote App မွာ စာသားမ်ား အျပင္ အသံမွတ္စုမ်ား၊ ဗီဒီယို မွတ္စုမ်ားကိုလည္း မွတ္သားႏုိင္ပါတယ္။ အင္တာနက္မွ သတင္း၊ ေဆာင္းပါးမ်ား၊ နည္းလမ္းမ်ား အပါအ၀င္ အရာအားလံုးကို မွတ္သားႏုိင္ပါတယ္။ သူ႔မွာ မွတ္စုမ်ားကို လွ်င္ျမန္လြယ္ကူစြာ မွတ္သားႏုိင္တဲ့…

Leave a Comment

Most from this category