296 Shares 217 Views


Apr 14, 2018
296 217





Ref : gsmarena

unicode

Xiaomi က Black Shark အမည်ရ Gaming Phone ကို ကြေညာ

ရှောင်မီက Black Shark ဖြင့် ဂိမ်း စမတ်ဖုန်း နယ်ပယ်ကို ဝင်ရောက်လာပါတယ်။ ဂိမ်းကစားလို့ အလွန်ကောင်းအောင် ဒီဇိုင်းထုတ်ထားပါတယ်။ သူ့မှာ အအေးပေး စနစ် အသစ်လည်း ပါလာပါတယ်။ နောက်ဆုံးထုတ် Snapdragon 845 နဲ့ အရွယ်ကြီး 4000mAh Battery များ ထည့်ပေးထားပါတယ်။

သူ့မှာ ၅.၉၉ လက်မ 18:9 IPS LCD တပ်ဆင်ထားပြီး Full HD+ Resolution ဖြစ်ပါတယ်။ အဆင့်များစွာပါတဲ့ Liquid Cooling System က CPU အပူချိန်ကို ၈ ဒီဂရီ စင်တီဂရိတ် လျှော့ချပေးပါတယ်။ microSD Card Slot ပါပါတယ်။ 6GB RAM/64GB Storage နဲ့ 8GB RAM/128GB Storage များ ထုတ်လုပ်ပေးထားပါတယ်။ Image Processing Chip ထည့်ပေးထားပြီး အရောင်များ ပိုမို ကြည်လင် ပြတ်သားစေပြီး စွမ်းဆောင်ရည်ကို အလွန် ချောမွတ်စေပါတယ်။

သူ့မှာ စပီကာတစ်လုံးသာ ပါပါတယ်။ မိုက်ကရိုဖုန်းကိုတော့ ဂိမ်းကစားနေစဉ်မှာ Radio Chat ပြုလုပ်ဖို့အတွက် ဖန်တီးပေးထားပါတယ်။ ဖုန်းကို မြဲမြံစွာ ကိုင်တွယ်နိုင်အောင် နောက်ကျောကို X ပုံသဏ္ဍန် ပြုလုပ်ပေးထားပါတယ်။ Nintendo Switch လို သူ့ကို Black Shark Gamepad နဲ့ တွဲဖက် သုံးနိုင်ပါတယ်။ Gamepad မှာ 340mAh Battery ပါပြီး ဘလူးတုဖြင့် ဆက်သွယ်ရမှာပါ။ ဖုန်းရဲ့ ဘယ်ဘက်မှာ Shark Button ပါပြီး သူ့ကို နှိပ်ရင် ဂိမ်းကစားတဲ့ အခါမှာ အလွန် စွမ်းရည်မြင့်မားစေပါတယ်။

Android Oreo ကို JOY UI ဖြင့် အုပ်ထားပါတယ်။ JOY UI ဟာ Custom Launcher ဖြစ်ပါတယ်။ အနောက်ဘက်မှာ 12MP+20MP Dual Camera နဲ့ Dual-LED Flash ကို ပူးတွဲထားပါတယ်။ Selfie Camera ကတော့ 20MP ဖြစ်ပါတယ်။ JD.com ကနေ ကြိုတင်မှာယူနိုင်ပြီး 8GB/128GB ကို ၅၅၇ ဒေါ်လာ၊ 6GB/64GB ကို ၄၇၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Gamepad ကို ၂၈ ဒေါ်လာဖြင့် သီးခြား ရောင်းချပေးပါတယ်။

Ref : gsmarena

You may be interested

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
0 shares0 views

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ့ 5T တို့ရဲ့ ယခင်ထွက်ခဲ့တဲ့ OxygenOS Open Beta မှာ Project Treble ပါလာခဲ့ပါတယ်။ ယခုနောက်ဆုံးထုတ် ဗားရှင်းမှာလည်း လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ OnePlus 5 ရဲ့ OxygenOS Open…

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
134 shares30 views

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…

မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung
Samsung
201 shares32 views

မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung

Tha Ra - Jul 18, 2018

[Zawgyi] Samsung အနေနဲ့ 8GB LPDDR5 DRAM Chip အကြောင်းတွေကို မနေ့ ညနေတုန်းက ကြေငြာခဲ့တာ ဖြစ်ပါတယ်။ 8GB LPDDR5 တွေဟာ ကုမ္ပဏီရဲ့ ပထမဦးဆုံး 10nm အမျိုးအစား Chip များ ဖြစ်သလို 5G…

Leave a Comment

Most from this category