139 Shares 74 Views

Dual Camera နဲ့ AI ပါတဲ့ ZTE Nubia Z18 Mini

Apr 14, 2018
139 74





Ref : gsmarena

unicode

Dual Camera နဲ့ AI ပါတဲ့ ZTE Nubia Z18 Mini

ZTE က ပထမဆုံး Z18 Series Smartphone ကို ပြသလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ ZTE Nubia Z18 Mini ဖြစ်ပြီး စွမ်းဆောင်ရည်သင့်ထက် အနည်းငယ်ပိုတဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့မှာ Qualcomm Snapdragon 660 Chipset , 6GB RAM များ ထည့်ပေးထားပါတယ်။ အနောက်ဘက်မှာ 24MP + 5MP Dual Camera နဲ့ အရှေ့ဘက်မှာ ၈၀ ဒီဂရီ မြင်ကွင်းကျယ် 8MP Camera ထည့်ပေးထားပါတယ်။

သူ့မှာ ၅.၇ လက်မ 2160x1080p IPS LCD Display တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ 18:9 ဖြစ်ပါတယ်။ မျက်နှာပြင်ကို Gorilla Glass ဖြင့် ကာကွယ်ထားပါတယ်။ ဖုန်းရဲ့ ဘေးပတ်လည်ကို အလူမီနီယမ် ဖရိမ်ဖြင့် ကာရံထားပါတယ်။ အဖြူ၊ အနက်၊ အပြာနု၊ ခရမ်း၊ ပန်းရောင်များ ထုတ်လုပ်ပေးထားတဲ့အတွက် အရောင် စုံလင်လှပါတယ်။

ZTE ကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ AI လည်း ထည့်ပေးထားပြီး NeoSmart AI လို့ အမည်ပေးထားပါတယ်။ သူ့ကို အသံဖြင့် ခိုင်းစေနိုင်ဖို့ ခလုတ်တစ်ခု သီးခြား ထည့်ပေးထားပါတယ်။ အနောက် ကင်မရာများက နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများ ရိုက်ကူးပေးနိုင်ပါတယ်။ အရှေ့ ကင်မရာမှာ Face Unlock စွမ်းရည်ပါပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။

တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဧပြီလ ၁၉ ရက်နေ့မှာ စတင် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ 64GB Model ကို ယွမ် ၁၇၉၉ ( ယူရို ၂၃၀) ၊ 128GB Model ကို ယွမ် ၂၀၉၉ (ယူရို ၂၇၀) သတ်မှတ်ထားပါတယ်။ ခရမ်းရောင် Limited Provence Edition ကို ယွမ် ၂၁၉၉ ( ယူရို ၂၈၀) သတ်မှတ်ထားပါတယ်။ အခြားနိုင်ငံများမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena

You may be interested

Facebook ရဲ့ ရုံးချုပ်မှာ ဗုံးလန့်မှု ဖြစ်ပွား
Facebook, HUBS, NEWS
0 shares0 views

Facebook ရဲ့ ရုံးချုပ်မှာ ဗုံးလန့်မှု ဖြစ်ပွား

Ko Thuya - Dec 12, 2018

ကယ်လီဖိုးနီးယားမှ Menlo Park မှ Facebook ရဲ့ ရုံးချုပ်မှ အဆောက်အဦး အနည်းငယ်မှာ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းက ဗုံးလန့်မှု ဖြစ်ပွားခဲ့ပါတယ်။ Menlo Park မှ အာဏာပိုင်များက ဒေသစံတော်ချိန် ၅ နာရီမှာ သတိပေးချက် ထုတ်ပြန်ခဲ့ပြီး အဲဒီ…

မျက်နှာပြင် ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ကြေညာပြီ
Android, HUBS, Mobiles & Tablets
184 shares33 views

မျက်နှာပြင် ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ကြေညာပြီ

Ko Thuya - Dec 12, 2018

Vivo က NEX Dual Display Edition ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ ထူးခြားချက်က အရှေ့နဲ့ အနောက်မှာ မျက်နှာပြင်တစ်ခုစီ ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှ မျက်နှာပြင်ဟာ ဘောင်ပျောက် ဒီဇိုင်းဖြစ်ပြီး ၆.၃၉ လက်မ ဖြစ်ပါတယ်။ သူဟာ Super…

Vivo V11 ရဲ့ Supernova Red ကို ကြေညာပြီ
Android, HUBS, Mobiles & Tablets
154 shares36 views

Vivo V11 ရဲ့ Supernova Red ကို ကြေညာပြီ

Ko Thuya - Dec 11, 2018

လွန်ခဲ့တဲ့ ၂ ပတ်လောက်က Vivo V11 ရဲ့ အနီရောင်မော်ဒယ်ကို ရောင်းချမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Supernova Red ကို Amazon India မှာ ရောင်းချပေးလိုက်ပါတယ်။ တရုတ်မှာတော့ Vivo V11 Pro အမည်ဖြင့် ရောင်းချတာ…

Leave a Comment

Most from this category