Instagram က ဗီဒီယိုတင်နိုင်တဲ့ပမာဏကို ၁၅ စက္ကန့်စာကနေ ၆၀ စက္ကန့်အထိ တိုးပေး

အရင်တုန်းက Instagram မှာ ဗီဒီယိုတင်မယ်ဆိုရင် ၁၅ စက္ကန့်စာ ဗီဒီယိုတွေပဲ တင်နိုင်ခဲ့ပေမယ့်၊ အခုထွက်လာတဲ့ update မှာတော့ စက္ကန့် ၆၀ စာဗီဒီယိုတွေပါ တင်နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ခြောက်လအတွင်းမှာ Instagram ပေါ်ကဗီဒီယိုတွေကို user ကြည့်ရှုမှုအချိန်ပမာဏ ၄၀ ရာခိုင်နှုန်း တိုးမြှင့်လာတာကို တွေ့ရှိခဲ့ရပြီးနောက် အခုလို ပိုမိုရှည်ကြာတဲ့ဗီဒီယိုတွေကို တင်နိုင်ခွင့်ပေးလိုက်တာ ဖြစ်တယ်လို့ Instagram က ဆိုပါတယ်။

ဗီဒီယိုလစ်မစ်ကို တစ်မိနစ်အထိ တိုးမြှင့်ပေးလိုက်တာကြောင့်၊ ဗီဒီယိုပရိုဂျူဆာတွေအနေနဲ့ဆို အချက်အလက် တင်ပြနိုင်မှု ပိုများလာမှာဖြစ်ပြီး၊ အနုပညာရှင်တွေအနေနဲ့ ဆိုရင်လည်း သူတို့ရဲ့ တစ်နေ့တာနေထိုင်မှုပုံစံတွေကို mini-documentary ပုံစံ ပရိတ်သတ်ကို တင်ပြလာနိုင်တော့မှာဖြစ်ပါတယ်။

ယခု Update ကို iOS ကော Android မှာပါ ရရှိသွားမှာဖြစ်ပေမယ့်၊ အခုလောလောဆည်မှာတော့ လူတစ်ချို့မှာပဲ ဒီဝန်ဆောင်မှုရရှိမှာဖြစ်ပါတယ်။

ဒါပေမယ့် မကြာခင်လအနည်းငယ်အတွင်းမှာ လူတိုင်းရရှိသွားမှာ ဖြစ်တာကြောင့် ကိုယ့် Instagram အကောင့်မှာ တစ်မိနစ်စာဗီဒီယိုတွေ တင်လို့မရသေးဘူးဆိုရင်လည်း ခဏလောက်စောင့်ပေးကြဦးနော်။

Ref: Mashable

 

 

 

 

%d bloggers like this: