0 Shares 58 Views

ဆန်းသစ်မှုတွေအများအပြားပြုလုပ်လာတဲ့ WhatsApp

Facebook ရဲ့ Whats App ဟာ Update App အသစ်ထပ်မံထုတ်ပြန်ပေးခဲ့ပြီး လုပ်ဆောင်ချက် အသစ်တွေ ထပ်မံပါဝင်လာခဲ့ပါတယ်။ ဒီ Version မှာ Whats App ဟာ Notification ကနေတစ်ဆင့် အမြန်စာပြန်နိုင်တဲ့လုပ်ဆောင်ချက်၊ ကိုယ်ရိုက်လိုတဲ့ စာကို Bold/Italic လုပ်ပြီးရိုက်နိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတာလည်း ဖြစ်ပါတယ်။

သင့်အနေနဲ့ ဥပမာ Bold လုပ်ပြီး ရိုက်ချင်တဲ့ စာလုံးကို *..* ဆိုပြီး *နှစ်ခုကြားထဲထည့်သွင်းပြီး ရိုက်ရမှာဖြစ်ပါတယ်။ အဲ့လိုပဲ Italic လုပ်ချင်တဲ့ စာလုံးကိုလည်း _.._ ဆိုပြီး _ နှစ်ခုကြားထဲထည့်ရိုက်ရမှာဖြစ်ပါတယ်။ အဲ့ဒီအပြင်တကယ်လို့ Reply လုပ်မယ်ဆိုရင်လည်း Dialogue Box ကနေတစ်ဆင့် App ကိုသီးသန့်ဖွင့်စရာမလိုပဲ Quick Reply အနေနဲ့ ပြန်နိုင်မှာဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့ Beta Version ကို စမ်းသပ်ထုတ်လုပ်ခဲ့ပေမယ့် တစ်ခါတည်းအပြီးသတ် Version အဖြစ်ခုန်ထွက်လာတာဖြစ်ပါတယ်။ ပြီးတော့ ဒီVersion အသစ်ကို iOS ရော Android OS နှစ်မျိုးလုံးမှာ ရရှိနိုင်တာလည်း ဖြစ်ပါတယ်။ Version နံပါတ်ကတော့ v2.12.560 ဖြစ်ပါတယ်။

Facebook ပိုင်ဆိုင်တဲ့ WhatsApp ဟာတိုးချဲ့မှုမြောက်များစွာကို ပြုလုပ်လာနေတာကိုတွေ့ရှိရပြီး ကမ္ဘာ့အကြီးဆုံး ချက်တင် App တစ်ခုအဖြစ် ဦးတည်လာနေခဲ့ပါတယ်။ သုံးစွဲသူပမာဏကလည်း တိုးပွားလာနေတာကိုတွေ့ရပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက သုံးစွဲသူ တစ်ဘီလျံပြည့်မြောက်ခဲ့ပါတယ်။

Ref: Mirror, Gadgets360

You may be interested

သင့်ဖုန်းမှာ Always on Display ကို သုံးနိုင်မယ့် Always On AMOLED
Android, FEATURES, HUBS
0 shares0 views

သင့်ဖုန်းမှာ Always on Display ကို သုံးနိုင်မယ့် Always On AMOLED

Ko Thuya - Apr 19, 2018

အချိန်၊ နေ့ရက်များ၊ ဘက်ထရီ အခြေအနေများကို သိနိုင်ဖို့အတွက် စမတ်ဖုန်းကို Unlock လုပ်ပြီး ကြည့်ကြရပါတယ်။ ဒါပေမယ့် Samsung Galaxy S7 , LG G5 တို့မှာတော့ Unlock လုပ်စရာမလိုဘဲ အဲဒီ သတင်းအချက်အလက်များကို စကရင်မှာ အမြဲတမ်းပြသပေးထားပါတယ်။…

Offline ဘာသာပြန်နိုင်စွမ်းမှာ Google Translate ထက်ပိုကောင်းတယ်ဆိုတဲ့ Microsoft
Microsoft, NEWS, Softwares & Application
479 shares136 views

Offline ဘာသာပြန်နိုင်စွမ်းမှာ Google Translate ထက်ပိုကောင်းတယ်ဆိုတဲ့ Microsoft

Nwe Oo Thant - Apr 19, 2018

[Zawgyi] ပြည်ပနိုင်ငံတစ်ခုခုကို ခရီးသွားတဲ့အခါ ဒေသခံတွေရဲ့ပြောစကားတွေကိုနားမလည်တဲ့အခါ ဘာသာပြန်တဲ့ Translation App တွေကမဖြစ်မနေလိုအပ်လာပါပြီ။ ဒါပေမယ့် အင်တာနက်လုံးဝမရတဲ့နိုင်ငံတွေကိုသွားခဲ့ရင်တော့ ဒီ ဘာသာပြန် app တွေကလည်း အသုံးဝင်မှာမဟုတ်တော့ပါဘူး။ Google Translate အပါအဝင် ဘာသာပြန် app အများစုက cloud ကွန်ပျူတာတွေနဲ့ချိတ်ထားပါတယ်။…

6.1-inch iPhone တွေရဲ့ဈေးနှုန်းမှာ $550 လောက်ပဲရှိနိုင်
Apple, NEWS
1125 shares239 views

6.1-inch iPhone တွေရဲ့ဈေးနှုန်းမှာ $550 လောက်ပဲရှိနိုင်

Nwe Oo Thant - Apr 19, 2018

[Zawgyi]           Apple ကတော့ သူ့ရဲ့ ၂၀၁၈ iPhone  တွေနဲ့ပတ်သတ်ပြီးဘာမှ တိတိပပမပြောပြသေးပေမယ့် သတင်းတွေတော်တော်များများကတော့ ကြားခဲ့ပြီးပါပြီ။ လာမယ့် ထိပ်တန်း iPhone မော်ဒယ်လ်တွေက iPhone X လိုပဲဈေးကြီးမယ်ဆိုတာတော့ ဖြစ်နိုင်ပေမယ့် ဈေးသင့်တဲ့ iPhone သစ်တစ်လုံးဝယ်ချင်ကြတဲ့ user…

Leave a Comment

Most from this category