0 Shares 254 Views

Xiaomi Redmi 3 ကိုလာမည့်အင်္ဂါနေ့တွင်ကြေငြာရန်ရည်မှန်းထား

Jan 07, 2016
0 254

xioami redmi 3

တရုတ်နည်းပညာ ကုမ္ပဏီ Xiaomi က သူတို့ရဲ့ Mi 5 အတွက် အချက်အလက်တချို့ထုတ်ပြန်ပြီးတဲ့နောက်မှာ လာမယ့် အင်္ဂါနေ့မှာ Redmi 3 ကိုထုတ်ပြန်ဖို့ အတည်ပြုလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက် တချို့ကိုယူပြီး တရုတ်သတင်းဌာန Weibo ကဖော်ပြခဲ့တာပါ။

ရရှိထားတဲ့ပုံရိပ်တွေအရ ဟန်းဆက်ဟာ မျက်နှာပြင်အရွယ်အစား ၅လက်မနဲ့ သတ္တုကိုယ်ထည်ဒီဇိုင်းကိုအခြေခံတည်ဆောက်ထားတာတွေ့ရပါတယ်။

အရင်ကထွက်ပေါ်ခဲ့ဖူးတဲ့သတင်းတွေအရဆိုရင် အခုထွက်လာမယ့် Redmi 3 ဟာ ၅လက်မ HD (720×1280 Pixels) Resolution TFT display, Octa-core CPU နဲ့ 2GB RAM, 4G LTE, 13Megapixel ကင်မရာ၊ 5Megapixel အရှေ့ကင်မရာ၊ 16GB Internal Storage, 128GB ထိထပ်မံဖြည့်သွင်းလို့ရမယ့် SD Slot, 139.3×69.6×8.5 မီလီမီတာအတိုင်းအတာ, 143 ဂရမ်အလေးချိန်စတဲ့ အချက်အလက်တွေပါဝင်လာမှာ ဖြစ်တယ်လို့သိရပါတယ်။ Android Version 5.1.1 Lollipop နဲ့အလုပ်လုပ်မှာဖြစ်ပြီး ငွေရောင်တစ်မျိုးထဲသာ ရရှိနိုင်မှာဖြစ်ပါတယ်။

ထုတ်ပြန်ချက်တွေအရဆိုရင် Redmi 3 ဟာ Mi တံဆိပ်ဖုန်းတွေကိုနောက်ပိုင်းမှာ သတ္တုကိုယ်ထည်တွေအဖြစ် ပြောင်းလဲပစ်မယ့်အလားအလာတွေတွေ့ရတာဖြစ်ပါတယ်။ ကံမကောင်းတာတစ်ခုက ထွက်ပေါ်လာတဲ့ဓာတ်ပုံဟာ ကျောဖက်ကရိုက်ထားတဲ့ ပုံသာပါပြီး မျက်နှာပြင်ဖက်ပုံရိပ်တော့ မပါလာတာဖြစ်ပါတယ်။ ထင်ရတာကတော့ အရှေ့ဘက်ပုံရိပ်မှာ ထုံးစံအတိုင်း settings, home နဲ့ Back ဆိုပြီး Button သုံးခုပါဝင်လာမှာပါ။

Ref: Gadgets360

You may be interested

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ

Ko Thuya - Jun 25, 2018

တစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းဖြင့် Full HD Video များကို ရိုက်ကူးနိုင်တဲ့ စွမ်းရည်ဟာ Xiaomi Redmi Note 5 Pro ရဲ့ Chinese MIUI 10 Beta မှာ ပါလာပါတယ်။ ဒီသတင်းကို XDA…

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
96 shares32 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
123 shares32 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

Leave a Comment

Most from this category