0 Shares 78 Views

ဂန္တ၀င် Contra ဂိမ်းအရသာပြန်ခံစားရမယ့် ‘Contra Mobile’ ဂိမ်း ယခုနှစ်အတွင်း ထွက်ရှိမည်

Mar 29, 2016
0 78

ဂျပန်ဗီဒီယိုဂိမ်းထုတ်လုပ်သူကုမ္ပဏီ Konami နဲ့ တရုတ်အင်တာနက်ကုမ္ပဏီ Tencent တို့ ပူးပေါင်းပြီး၊ Contra ဂိမ်းအသစ်ဖြစ်တဲ့ ‘Contra Mobile’ ဂိမ်းကို ယခုနှစ်အတွင်း Android နဲ့ iOS ဖုန်းတွေအတွက် ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

အရင်တစ်ပတ်က ကျင်းပသွားတဲ့ Tencent UP event မှာ ‘Contra Mobile’ ဂိမ်းရဲ့ ပထမဦးဆုံး အမြည်းဗီဒီယိုကို ပြသသွားခဲ့ပြီး၊ console ပေါ်ကရမ်ဘိုဂိမ်းတွေအတိုင်း အရသာမပျက် ကြမ်းကြမ်းရမ်းရမ်းဆော့ကစားနိုင်မှာ ဖြစ်ကြောင်း တွေ့မြင်နိုင်ပါတယ်။

Contra ဂိမ်း အမာခံပရိတ်သတ်တွေအနေနဲ့ မိတ်ဆွေဟောင်းကြီးတွေဖြစ်တဲ့ ရမ်ဘို Lance Bean နဲ့ Bill Rizer တို့ကို ဒီဂိမ်းမှာ ပြန်လည် ထိန်းချုပ်ကစားရမှာဖြစ်ပြီး၊ gameplay ကလည်း အများအားဖြင့် မူရင်းဂိမ်းပုံစံအတိုင်းပါပဲ။

ထူးခြားချက်အနေနဲ့ ဒီဂိမ်းမှာ player-versus-player mode (အချင်းချင်းပြန်ချနိုင်မယ့် mode) ပါဝင်လာပါတယ်။

Contra ဂိမ်းဟာ မိုဘိုင်းဖုန်းတွေဆီ Contra Evolution အမည်နဲ့ ၂၀၁၃ ခုနှစ်လောက်တုန်းမှာ ရောက်လာခဲ့ဖူး ပေမယ့်၊ ဒီဂိမ်းဟာ တရုတ်ပရိတ်သတ်တွေအတွက် သီးသန့်ဖြစ်လို့ ဒီဘက်မှာ သိပ်မပေါက်လိုက်ပါဘူး။

ယခုနှစ်အတွင်း အသစ်ထွက်ရှိမယ့် ‘Contra Mobile’ ဂိမ်းမှာ တကယ့်ငွေနဲ့ ၀ယ်ယူနိုင်မယ့်အရာတွေလည်း ပါဝင်တယ်လို့ သိရပြီး၊ ဘယ်လိုမျိုးဖြစ်မလဲဆိုတာကိုတော့ Konami နဲ့ Tencent တို့က တရားဝင်ထုတ်ဖော် မပြောခဲ့ပါဘူး။ ဒီဂိမ်းကို အနောက်နိုင်ငံဘက်ကို ထုတ်ပေးသွားမလားဆိုတာကိုလည်း အခုအချိန်ထိ အတည်ပြုပြောကြားရခြင်း မရှိသေးပါဘူး။

Ref: Polygon

 

 

 

 

You may be interested

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple
Apple, NEWS
0 shares0 views

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple

Nwe Oo Thant - Apr 20, 2018

[Zawgyi] Apple ကတော့ iPhone user တွေရဲ့မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်မယ့်မူပိုင်ခွင့်တစ်ခုတင်ခဲ့တာ အခုတော့ခွင့်ပြုချက်ရသွားခဲ့ပါပြီ။ user တွေအနေနဲ့ အမှောင်ထဲမှာဖုန်းကိုဖွင့်လိုက်ရင် display ကချက်ချင်းကြီးလင်းလာပြီး စက္ကန့်နည်းနည်းကြာမှ အလင်းပမာဏကို ပတ်ဝန်းကျင်အလင်းနဲ့သင့်သလိုချိန်ပြီးဖြည်းဖြည်းချင်းလျှော့ပေးတာပါ။ ဖြည်းဖြည်းချင်းတော့လျှော့ပေးတယ်ဆိုပေမယ့်လည်း display စဖွင့်ဖွင့်ချင်း စူးရှတဲ့အလင်းကိုမြင်လိုက်ရတဲ့အချိန်မှာတင် မျက်စိကိုထိခိုက်သွားပါပြီ။ အခု Apple…

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း
FEATURES, Softwares & Application
125 shares35 views

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း

Ko Thuya - Apr 20, 2018

Android အတွက် Photo Editing Apps များစွာ ရှိတဲ့အထဲကမှ နာမည်အကြီးဆုံး နှစ်ခုက Adobe Photoshop Express နဲ့ Snapseed တို့ ဖြစ်ကြပါတယ်။ အဲဒီ App နှစ်ခုမှာ စွမ်းဆောင်ချက်များစွာ ပါရှိကြပြီး အားသာချက်၊ အားနည်းချက်…

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”
Google, NEWS, Softwares & Application
115 shares17 views

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”

Nwe Oo Thant - Apr 20, 2018

[Zawgyi] Google ကတော့ တစ်ခုသော မက်ဆေ့ခ်ျပို့စနစ်ကိုထုတ်လုပ်ဖို့စီစဉ်နေပါပြီ။ သူ့ကိုတော့ “Chat” လို့ခေါ်မှာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာ ဖုန်းတွေရဲ့ default Android Messages app  အနေနဲ့ထည့်သွင်းလာတော့မှာပါ။ Google ရဲ့ Allo ဆိုတဲ့ မက်ဆေ့ခ်ျ app လေးကလည်း ပြီးခဲ့တဲ့၂နှစ်လောက်က…

Leave a Comment

Most from this category