အတာသင်္ကြန်မှာ ဒေတာလိုက်ပွဲအစီအစဉ်တွေဝယ်ယူပြီး ဒေတာလက်ဆောင်တွေရယူလိုက်ပါ

အူရီဒူးမြန်မာမှ အတာသင်္ကြန်ပွဲတော်ကို သုံးစွဲသူများနှင့်အတူဆင်နွှဲရန်အတွက် ချစ်ခင်သူများအချင်းချင်း သင်္ကြန်ကာလမှာ အကျယ်ပြန့်ဆုံးနှင့် လိုင်းအတည်ငြိမ်ဆုံး အူရီဒူး 4G ကွန်ရက်ကို အသုံးပြုပြီး အမြဲအဆက်အသွယ်ရှိစေရန်ရည်ရွယ်ချက်ဖြင့် ဒေတာအသုံးပြုခွင့် လက်ဆောင်နဲ့ အူရီဒူးအချင်းချင်းဖုန်းခေါ်နိုင်တဲ့ မိနစ်လက်ဆောင်တွေကို ပေးအပ်လိုက်ပြီဖြစ်ပါသည်။

ယခင်က အူရီဒူးသုံးစွဲသူများအနေဖြင့် ဒေတာလိုက်ပွဲအစီအစဉ်ဝယ်ယူသည့်အခါတွင် ဒေတာအပိုလက်ဆောင်သာရရှိခဲ့ပါသည်။ ယခုအခါတွင် ၎င်းတို့အနေဖြင့် ဒေတာအပိုလက်ဆောင်အပြင် ဖုန်းခေါ်ဆိုနိုင်သည့် မိနစ်လက်ဆောင်ပါ ရရှိမည်ဖြစ်ပါသည်။ ဒေတာလိုက်ပွဲဒေတာအစီအစဉ်နှင့် ဒေတာလက်ဆောင်အတွက် အသုံးပြုနိုင်သည့်ကာလမှာ ယခင်အတိုင်းဖြစ်ပါသည်။ အူရီဒူးအသုံးပြုသူများအနေဖြင့် လက်ဆောင်ရရှိသည့် မိနစ်များဖြင့် အူရီဒူးအချင်းချင်း အခမဲ့ ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။ သို့ပါသော်လည်း ဝယ်ယူသည့် ဒေတာလိုက်ပွဲအစီအစဉ်ပေါ်တွင် မူတည်ပြီး လက်ဆောင်မိနစ်ပမာဏကို (၁၀) မိနစ်မှ မိနစ် (၁၅၀) အထိ ရရှိမည်ဖြစ်ပြီး အသုံးပြုနိုင်သော သက်တမ်းမှာ (၁) ရက်မှ (၇) ရက်အထိဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma မှ “အတာသင်္ကြန်ကာလမှာ အားလုံးပျော်ရွှင်ကြစေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုလို ထူးခြားလှတဲ့ အတာသင်္ကြန်အခါသမယမှာ သုံးစွဲသူအားလုံး သူတို့နဲ့ ချစ်ခင်ရသူတွေနဲ့အမြဲအဆက်အသွယ်ရှိစေလိုပါစေ။ ဒါကြောင့် အူရီဒူးရဲ့ မြန်ဆန်တဲ့ ကွန်ရက်နဲ့ ကြည်လင်ပြတ်သားတဲ့ ဖုန်းခေါ်ဆိုမှုတွေကို အသုံးပြုနိုင်ဖိုပအတွက် အပိုလက်ဆောင်အစီအစဉ်ကို ပေးအပ်တာဖြစ်ပါတယ်။ အူရီဒူးအနေနဲ့ သုံးစွဲသူတွေအတွက် အကောင်းဆုံး သုံးစွဲသူအတွေ့အကြုံကို ပေးအပ်နိုင်ဖို့ ဆန်းသစ်တီထွင်ထားတဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်ပေးအပ်သွားမှာဖြစ်ပါတယ်။ မြန်မာ့နှစ်သစ်မှာ အားလုံးပျော်ရွှင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

#Ooredoo

%d bloggers like this: