M-ပိုက်ဆံမှ မိုဘိုင်းဖုန်းအသုံးပြုသူများအဆင်ပြေဖို့ ဒီဂျစ်တယ်ကူပွန်နှင့် E-Commerce ငွေပေးချေမှုစနစ်ကိုမိတ်ဆက်

အူရီဒူး၏ M-ပိုက်ဆံသည် လုံခြုံစိတ်ချစွာ ငွေလွှဲနိုင်မည့် ဝန်ဆောင်မှု မှတစ်ဆင့် မြန်မာပြည်သူလူထုအားလုံးကို ပိုမိုကောင်းမွန်သည့်အနာဂတ်နှင့် နီးကပ်လာစေရန်အတွက် ခေါ်ဆောင်ပေးနိုင်ရန် ရည်ရွယ်ပါသည်။ ထိုမျှမက M-ပိုက်ဆံမှ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍနှင့် ဆက်စပ်နေသည့် ဘဏ္ဍာရေးဆိုင်ရာပါဝင်မှုကို ပံ့ပိုးပေးရန် ဝန်ဆောင်မှုအသစ်နှစ်ခုဖြစ်သည့် iTunes နှင့် Google Play Store အတွက် ဒီဂျစ်တယ်ကူပွန် နှင့် E-Commerce ငွေပေးချေမှုစနစ်များကို ယနေ့မိတ်ဆက်ပေးလိုက်ပါသည်။

M-ပိုက်ဆံသုံးစွဲသူများအားလုံးအသည် M-ပိုက်ဆံ အက်ပလီကေးရှင်းမှ ဝန်ဆောင်မှုအမျိုးအစား များစွာကို အသုံးပြုနိုင်မည်ဖြစ်သည်။ Gift Cards သင်္ကေတ အောက်တွင် Google Play Store, Apple iTunes, Steam Wallet, EasyPoints နှင့် Viber Out တို့အတွက် ကူပွန်များ နှင့် ဘောက်ချာများလည်း ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ ယခင်က မြန်မာနိုင်ငံရှိပြည်သူအများစုသည် အွန်လိုင်းမှ တဆင့်ဝယ်ယူအသုံးပြုရမည့် ဝန်ဆောင်မှုများကို ပထဝီဝင်အနေအထား၊ နည်းပညာအနေအထားနှင့် ငွေကြေးပိုင်းဆိုင်ရာဝန်ဆောင်မှု စသည်တို့နှင့်ပတ်သက်ပြီး ဝန်ဆောင်မှုများရယူနိုင်ခွင့်အတွက် ကန့်သက်ချက်များစွာရှိခဲ့ပါသည်။ ယခုအခါ ၎င်းတို့အနေဖြင့် Google Play Store (သို့) Apple iTune တို့မှ တေးသီချင်းများ၊ ဂိမ်းများနှင့် အက်ပလီကေးရှင်းများ၊ Steam Community အတွက် ဂိမ်းကစားရန် Coins များ၊ Viber စတစ်ကာများနှင့် လိုင်းဖုန်းများနှင့် Viber ရယူထားခြင်းမရှိသော ဖုန်းများသို့ ဖုန်းခေါ်ဆိုရန်အတွက် VOIP Prepaid e Top-up၊ EasyPoints မှ ရယူနိုင်သော ဂိမ်းများ၊ အက်ပလီကေးရှင်းများကို စာရင်းသွင်းရယူခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ယခုအခါ ဂိမ်းကစားခြင်း၊ တေးသီချင်းများကို နားဆင်ခြင်း နှင့် Viber ရယူထားခြင်းမရှိသော ဖုန်းများသို့ ဖုန်းခေါ်ဆိုခြင်းတို့ကို ပြုလုပ်ဆောင်ရွက်နိုင်ရန် လိုအပ်ချက်များကို အဆင်ပြေချောမွေ့စွာဖြင့် M-ပိုက်ဆံသုံးစွဲသူများမှ ရယူနိုင်တော့မည်ဖြစ်သည်။ အဆိုပါ ဘောက်ချာများနှင့် ကူပွန်များအားလုံးကို M-ပိုက်ဆံသုံးစွဲသူများအတွက် အပိုဝန်ဆောင်ခပေးဆောင်စရာမလိုဘဲ ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

M-ပိုက်ဆံမှ သုံးစွဲသူများ အဆင်ပြေချောမွေ့မှုအတွက် E-Commerce ငွေပေးချေစနစ်ကို ဝန်ဆောင်မှုပေးထားပါသည်။ ယခုအခါ မြန်မာအမျိုးသား လေကြောင်းလိုင်း နှင့် NOK Air တို့မှ လေယာဉ်လက်မှတ်များဝယ်ယူရာ၌ ငွေပေးချေနိုင်မည်ဖြစ်ပြီး၊ flymya.com တွင် ရရှိနိုင်သည့် ခရီးသွားဝန်ဆောင်မှုများဖြစ်သည့် လေယာဉ်လက်မှတ်များနှင့် အဝေးပြေးကားလက်မှတ် ဝယ်ယူခြင်း၊ ဟိုတယ်များ၊ သွားလာလည်ပတ်စရာ နေရာများနှင့် ခရီးစဉ်များ အား ကြိုတင်စာရင်းသွင်းထားခြင်း၊ ကားငှားရမ်းခြင်းနှင့် အပန်းဖြေကစားစရာနေရာများနှင့် ပွဲလက်မှတ်များ အစရှိသည့် ဝန်ဆောင်မှုများကို M-ပိုက်ဆံပေးချေပြီး ကြိုတင်မှာယူခြင်းများ လုပ်ဆောင်နိုင်တော့မည် ဖြစ်ပါသည်။ ယင်းခရီးသွားဝန်ဆောင်မှုများအပြင် ဒီဂျစ်တယ်ပိုက်ဆံကို အသုံးပြုပြီး SG Shop Myanmar, Myan Pwel နှင့် 123 payment service တို့၌ အွန်လိုင်းဖြင့်ဈေးဝယ်ခြင်းကို ပြုလုပ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ M-ပိုက်ဆံသုံးစွဲသူများအနေဖြင့် ယခုအခါ လက်တစ်ချက် နှိပ်ရုံဖြင့် ခရီးသွားအသုံးစရိတ်များကို ပေးချေခြင်း (သို့) အွန်လိုင်းဖြင့်ဈေးဝယ်ခြင်း တို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။

အူရီဒူးမြန်မာ၏ Chief M-Commerce Officer ဖြစ်သူ Mr. Jacques Voogt က “ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံဟာ ဒေသတစ်ခုအတွင်းဖြစ်ပေါ်လာတဲ့ အလားအလာ ကောင်းများနဲ့ မြင့်တက်လာတဲ့မိုဘိုင်းဖုန်းအသုံးပြုမှုနှုန်းတို့ကနေတဆင့် အရှိန်မြှင့် မောင်းနှင်ပေးလိုက်တဲ့ စီးပွားရေးအကူးအပြောင်းအချိန်ကာလကို ရောက်ရှိနေတာကြောင့် မြန်မာနိုင်ငံ၏ ငွေသားဖြင့်သာအခြေခံဆောင်ရွက်နေသည့် စီးပွားရေးစနစ်ကို ဒီဂျစ်တယ်ပိုက်ဆံစနစ်ပေါ်တွင် အခြေခံသည့် လွယ်ကူ၊ လျှင်မြန်ပြီး လုံခြုံစိတ်ချရမှုရှိတဲ့ဝန်ဆောင်မှုအသစ်ကို ခေတ်နှင့်အညီ ဖန်တီးပေးလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံ၏ ငွေပေးချေမှုနှင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုပုံစံကို ကျွန်တော်တို့ရဲ့ M-ပိုက်ဆံဝန်ဆောင်မှုနဲ့ ပြောင်းလဲဖော်ဆောင်ပေးလျှက်ရှိနေပါတယ်။” ဟု ပြောကြားလိုက်သည်။

အူရီဒူး M-ပိုက်ဆံအဖွဲ့မှ မြန်မာပြည်သူလူထုကို e-commerce စနစ်အား တကယ့်အစစ်အမှန်ဖြစ်အောင် လုပ်ဆောင်ပေးခြင်းဖြင့် မြန်မာပြည်သူလုထုကို လုပ်ဆောင်နိုင်စွမ်းများ တိုးမြင့်အောင် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပြီး ယခုအချိန်အခါသည် မြန်မာပြည်သူလူထုအနေဖြင့် မိမိတို့၏ လုံခြုံစိတ်ချရမှုနှင့် အဆင်ပြေချောမွေ့စေမှုအတွက်  M-ပိုက်ဆံဝန်ဆောင်မှုကို စတင်အသုံးပြုသင့်သည့် အချိန်အခါ သမယပင်ဖြစ်ပါတော့သည်။

%d bloggers like this: