စမတ်ဖုန်းကနေ ဓါတ်ပုံကောင်းများ ရိုက်ကူးနည်းများ [ အပိုင်း(၂) ]

စမတ်ဖုန်း ကင်မရာများဟာ အရည်အသွေးမြင့် DSLR Camera များကိုတောင် ပုခုံးချင်းယှဉ်နိုင်လာပါပြီ။ အခု Tutorial မှာ Selfies ရိုက်ကူးခြင်း၊ အလင်းရောင်နည်းပါးတဲ့ အခြေအနေများ၊ လူသွားလမ်းမများ၊ အိမ်မွေးတိရိစ္ဆာန်နဲ့ ကလေးများ၊ အစားအစာများကို ဓါတ်ပုံရိုက်ကူးရာမှာ အသုံးဝင်တဲ့ နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။ အပိုင်း ၁ ကို ဒီလင့်မှာ ဖတ်ပါ။

လမ်းမပေါ်မှာ ဓါတ်ပုံ ရိုက်ကူးခြင်း။

ဖုန်းဟာ သင့်ကိုယ်နဲ့မကွာ ရှိနေတဲ့အတွက် လမ်းမပေါ်သွားရင်း မှတ်တမ်းတင်လို့ အကောင်းဆုံး အရာပါ။ သင် တွေ့သမျှအရာအားလုံးကို ဓါတ်ပုံ ရိုက်နိုင်ပါတယ်။

၁။ လမ်းပေါ်မှ စိတ်ဝင်စားစရာ အရာများ

Street Photography နဲ့ ပတ်သက်တဲ့ သင်ကြားဖူးသမျှ နည်းလမ်းတွေကို မေ့လိုက်ပါ။ အဓိကက သင်ပါပဲ။ စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေကို သင်က ရှာဖွေရမှာပါ။ အဆောက်အဦး အဟောင်းတွေ၊ အသစ်တွေ၊ သမားရိုးကျ ပစ္စည်းတွေ၊ ထူးဆန်းတဲ့ ပစ္စည်းတွေ၊ သက်ရှိတွေ၊ သက်မဲ့တွေကို ရှာဖွေရမှာပါ။ သမိုင်းဝင်တဲ့ ဓါတ်ပုံတွေ၊ အထောက်အထားတွေ၊ ရီစရာတွေကို ဓါတ်ပုံရိုက် မှတ်တမ်းတင်နိုင်ပါတယ်။

၂။ မိတ်ဆွေဖွဲ့ပါ။

ဖုန်းတစ်လုံးဟာ DSLR ကင်မရာလောက်တော့ အာရုံစိုက်မခံရပါဘူး။ ဒါပေမယ့် လူများကြားမှာ ဖုန်းနဲ့ ဓါတ်ပုံရိုက်တာဟာ အခြားလူများကို အနှောင့်အယှက်ဖြစ်စေတတ်ပါတယ်။ လမ်းသွားလမ်းလာများကို ချောင်းမြောင်း ရိုက်ကူးတာမဟုတ်ဘူူးဆိုတာကို ရှင်းလင်းအောင် ပြုမူပါ။ လူတွေနဲ့ မိတ်ဆွေဖွဲ့ပါ။ ခွင့်တောင်းပြီး ရိုက်ပါ။ ဒါဆိုရင် အဆင်ပြေပါမယ်။ သူတို့ကို လေးစားရာလည်း ကျပါတယ်။ လူတွေကို ဓါတ်ပုံရိုက်ဖို့ ခွင့်တောင်းဖို့ မလိုပါဘူး။ ခွင့်တောင်းလျှင်တော့ သူတို့ ကျေနပ်ကြမှာပါ။ လူကြားထဲမှာ ဓါတ်ပုံရိုက်ဖို့ မကြောက်ပါနဲ့။ ရိုက်ရဲသွားရင်တော့ သဘာဝကျတဲ့ ဓါတ်ပုံများစွာကို သင် ဖန်တီးနိုင်မှာပါ။

၃။ စိတ်ရှိသလောက် ရိုက်ပါ။

တစ်ခါရိုက်တာနဲ့ ဓါတ်ပုံကောင်းတစ်ခု ဖြစ်လာမယ်လို့ မယူဆပါနဲ့။ ဓါတ်ပုံများစွာကို တစ်ပြိုင်နက် ရိုက်နိုင်တဲ့ Burst Mode ကို သုံးပါ။ အထူးသဖြင့် မြင်ကွင်းထဲမှာ လူတွေ စကားပြော၊ လမ်းလျှောက် ၊ လှုပ်ရှားသွားလာနေတဲ့အခါတွေမှာပေါ့။ အိမ်ရောက်လျှင် ရိုက်ထားတဲ့ ပုံတွေကို လေ့လာပါ။ စိတ်ဝင်စားစရာကောင်းတဲ့ အခိုက်အတန့်တွေ၊ စိတ်ခံစားချက်တွေကို သင်တွေ့ရမှာပါ။

၄။ ရှာဖွေ စူးစမ်းပါ။

စိတ်ဝင်စားစရာ အကောင်းဆုံး မြင်ကွင်းတွေဟာ လူသိပ်မသွားတဲ့ နေရာများမှာ ဖြစ်တတ်ပါတယ်။ တူးမြောင်း၊ တံတား၊ လှိုင်ခေါင်းတွေထဲမှာ တစ်ခါတစ်ရံ အလင်း၊ အရောင်၊ ပုံသဏ္ဍာန်၊ ရှုထောင့် ပေါင်းစပ်မှုတွေဟာ အံ့မခန်းဖြစ်တတ်ပါတယ်။

၅။ ဖရိမ်ကို စဉ်းစားပါ။

သင့်ဖုန်းမှာ Optical Zoom မပါရင် ဖရိမ်အပိုင်းမှာ ကန့်သတ်ချက်ရှိပါတယ်။ Wide-Angle Lens ဟာ ပိုများတဲ့ ရှုထောင့်များကို ဖန်တီးပေးပါတယ်။ သင့် ဖုန်း ကင်မရာကလည်း Foreground မှ အရာများကို အသေးစိတ် Focus လုပ်နိုင်ပါတယ်။ သင် အဓိက ရိုက်ချင်တဲ့ အရာကို Tap-to-Focus လလလုပ်ပြီး ကျန်တာတွေကို Blur လုပ်ပါ။

Photojojo ရဲ့ iPhone, Android Lens Set များ

Photojojo ရဲ့ iPhone, Android Lens Set များကို တပ်ဆင်လျှင် လမ်းမပေါ်မှာ ပုံအလန်းများ ရိုက်ကူးနိုင်ပါပြီ။ Lens Set မဝယ်ဘဲ သီးခြားစီ ဝယ်လျှင် တစ်ခုလျှင် ဒေါ်လာ ၂၀ လောက်ကျသင့်ပါတယ်။ Wide & Macro, Fisheye, Super-fisheye, Polariser Lenses များကို ဝယ်လျှင်တော့ ၉၉ ဒေါ်လာလောက် ကျသင့်မှာပါ။

Sony A6000 With 16-55MM Lens

ဒီကင်မရာက လမ်းမပေါ်မှာ အရည်အသွေးမြင့်မားတဲ့ ဓါတ်ပုံများ ရိုက်ဖို့အတွက် အကောင်းဆုံးပါ။ A6000 ဟာ သေးငယ်ပြီး နေရာမရွေး ယူဆောင်သွားနိုင်ပါတယ်။ ရွေးချယ်စရာ အရည်အသွေးမြင့် Lenses များစွာ ထုတ်လုပ်ပေးထားပါတယ်။ သူ့ရဲ့ Autofocus ဟာ လျှပ်စီးလို လျှင်မြန်ပါတယ်။ Optical View Finder နဲ့ ရှုထောင့်မျိုးစုံကနေ သင့် ဓါတ်ပုံကို ဖရိမ်ချနိုင်အောင် ခေါက်ချိုုး၊ လှန်မှောက်လို့ရတဲ့ Rear LCD Flips and Folds ပါပါတယ်။ parkcameras.com မှာ စတာလင်ပေါင် ၄၆၀ နဲ့ ဝယ်ယူနိုင်ပါတယ်။

အစားအစာများကို ဓါတ်ပုံရိုက်နည်း

လူများကို ဓါတ်ပုံရိုက်တာနဲ့ အစားအစာများကို ဓါတ်ပုံရိုက်တဲ့ နည်းလမ်းဟာ လုံး၀ မတူညီကြပါဘူး။ လူမှုကွန်ရက်များမှာ တင်ဖို့ အလန်းဆုံး အစားအစာများကို ဓါတ်ပုံများ ရိုက်နည်းကို ဖော်ပြလိုက်ပါတယ်။

၁။ သဘာဝကျပါစေ။

အစားအစာ ဓါတ်ပုံများဟာ လူမှုကွန်ရက်များမှာ တတိယ ရေပန်းအစားဆုံး ပုံများ ဖြစ်ပါတယ်။ Instagram နဲ့ Pinterest မှာ အစားအစာ ဓါတ်ပုံပေါင်း ဘီလီယမ်နဲ့ချီရှိပါတယ်။ အဲဒီအတွက် ဖမ်းစားနိုင်တဲ့ ရှုထောင့်ကနေ ရိုက်လျှင် သင့်ပုံတွေကို လူကြိုက်ကြမှာပါ။ အိမ်မှာ ဟင်းချက်နေတဲ့အချိန်မှာ ဟင်းကို စားချင်စဖွယ်ဖြစ်အောင် ဓါတ်ပုံရိုက်ပါ။ စားသောက်ဆိုင်မှာ ရောက်လျှင်လည်း အစားအစာကို အနီးကပ်ရိုက်ခြင်းဖြင့် အဲဒီ စားသောက်ဆိုင်မှ ဟင်းပွဲများကို လူများ လေ့လာခွင့်ရတဲ့အတွက် နှစ်သက်ကြမှာပါ။ တစ်ခါတစ်လေမှာလည်း သင် စားနေတဲ့ အစားအစာကို မြင်အောင် ရိုက်ခြင်းထက် လှပတဲ့ ပုံတစ်ခုဖြစ်အောင် ရိုက်တာကို လူတွေက ကြိုက်ကြပါတယ်။

၂။ Flash ကို ပိတ်ပါ။

ဖုန်းတွေရဲ့ Flash တွေဟာ အလင်းပြန်မှုနဲ့ တောက်ပစူးရှမှုကို ဖြစ်စေပါတယ်။ အစားအစာများဟာ ပြားချပ်တဲ့အတွက် ဘေးဘက်မှ အလင်းရောင်ရလျှင် ပုံကောင်းတစ်ခုဖြစ်လာမှာပါ။ နေရောင်ခြည် သွယ်ဝိုက်ရရှိတဲ့ နေရာမျိုးမှာ အဆင်ပြေပါတယ်။ နေအိမ်မှာလည်း ပြတင်းပေါက်နားမှာ အစားအစာကို ဓါတ်ပုံရိုက်ပါ။

၃။ နောက်ခံကို ရှင်းလင်းပါ။

အစားအစာများရဲ့ နောက်ခံမှ ရှုပ်ပွနေတာတွေကို ရှင်းလင်းပါ။ အမြင်ရှင်းတဲ့ ပန်းကန်များ၊ ခွက်များကို အသုံးပြုပါ။ ပန်းကန်နှုတ်ခမ်းမှာ ပေကျံနေတဲ့ အစားအစာများကို သုတ်ပါ။

၄။ အလွှာလိုက် ရိုက်ပါ။

အသားစုံပါတဲ့ ပေါင်မုန့်တွေ၊ အလွှာများပါတဲ့ ကိတ်မုန့်တွေကို လူမှုကွန်ရက်မှာ ကြွားချင်လျှင် အလွှာတစ်ခုချင်းစီကို ဓါးပါးပါး ထက်ထက် တစ်ခုဖြင့် လှီးပြီး ဓါတ်ပုံရိုက် တင်ပါ။ ကိတ်မုန့် အပိုင်းအစများ ကြွေကျမှာကို စိတ်မပူပါနဲ့။ ဒါဟာ သဘာ၀ ပိုကျတဲ့ ပုံရစေမှာ ဖြစ်ပါတယ်။

အစားအစာ ဓါတ်ပုံလှလှများ တင်တဲ့ Instagram အကောင့်များ

@chefjacques lamerde
ဒီအကောင့် ပိုင်ရှင်က စွန့်ပစ်အစားအစာများကို စုစည်းပြီး ပန်းကန်မှာ စားချင်စဖွယ် ပြင်ဆင်တတ်တဲ့ လူတစ်ယောက်ပါ။

@oreo
ဘီစကစ်တစ်ချပ်ထဲနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဓါတ်ပုံများစွာကို ဖန်တီးတတ်တဲ့ လူပါ။ Instagram မှာ အစားအစာ ဓါတ်ပုံများနဲ့ ပတ်သက်လျှင် Follower အများဆုံး ရထားသူများထဲမှ တစ်ယောက်ပါ။

Tripod သုံးပါ။

ပရော်ဖက်ရှင်နယ် အစားအစာ ဓါတ်ပုံရိုက်ကူးသူတစ်ယောက်က စွမ်းရည်ပြည့် အလင်းရောင် ၂ ခု ၊ ၃ ခုကို အသုံးပြုကြပါတယ်။ ဒါပေမယ့် နည်းလမ်းကောင်းတစ်ခုက Tripod နဲ့ နှေးကွေးတဲ့ Shutter Speed ကို သုံးပြီး အလင်းများများကို ကင်မရာထံ ရောက်ရှိစေဖို့ဖြစ်ပါတယ်။ ဒီနည်းလမ်းဖြင့် ပရော်ဖက်ရှင်နယ် Studio များ မလိုဘဲ အစားအစာဓါတ်ပုံကောင်းများကို ရိုက်ကူးနိုင်ပါတယ်။

ဓါတ်ပုံရိုက်ကူးနည်းများစွာကို အကျွမ်းဝင်သူတစ်ယောက်ဆိုပေမယ့်လည်း အားကစားပြိုင်ပွဲများနဲ့ ပတ်သက်ရင်တော့ နည်းပညာများ၊ နည်းလမ်းများကို အသုံးချမှ ရလဒ်ကောင်းကို ရမှာ ဖြစ်ပါတယ်။

၁။ အလင်းရောင်နဲ့ အမြန်နှုန်း

အလင်းရောင်နဲ့ အမြန်နှုန်းဟာ အားကစား ဓါတ်ပုံ ပညာမှာ အဓိက ကျပါတယ်။ Lens ဟာ လုံလောက်တဲ့ အလင်းရောင် မရလျှင် Shutter Speed ကို အလွန်နှေးအောင် လုပ်ရပါတယ်။ ဒါပေမယ့် လှုပ်ရှားနေတဲ့ ဓါတ်ပုံများ ရိုက်လျှင်တော့ Blur ဖြစ်သွားပါတယ်။ Telephoto Lens များဖြင့် Zoom ဆွဲရိုက်လျှင် အလင်းရောင် ပမာဏကို ပိုတောင် လျှော့စေပါတယ်။ မြင့်မားတဲ့ ISO Settings က အဆင်ပြေပေမယ့် ဓါတ်ပုံ အရည်အသွေး ကျဆင်းပါတယ်။ ကြီးမားတဲ့ Lenses များဟာ အလင်းရောင်ကို ပိုမို ဖမ်းယူနိုင်ပြီး ကြီးမားတဲ့ Sensors များကလည်း ထိုနည်းတူပါပဲ။ အဲဒီအတွက် Full-Frame Sensor ပါတဲ့ DSLR များဟာ အားကစား ဓါတ်ပုံများအတွက် အကောင်းဆုံးပါ။

၂။ စမ်းသပ်ခြင်း

အားကစားပွဲ မကျင်းပမီ စမ်းသပ်တဲ့ အနေနဲ့ ရိုက်ကြည့်ပါ။ ရှုထောင့် အချို့ကို စမ်းကြည့်ပြီး အကောင်းဆုံးကို လေ့လာပါ။ အလျှင်လိုရင်တော့ Sport Settings ကို အရန်သင့် သုံးနိုင်ပါတယ်။ အလျှင်မလိုရင်တော့ Manual ကိုရွေးချယ်ပြီး Shutter Speed , ISO , Aperture ကြားမှ မျှချေကို စမ်းသပ်ရှာဖွေပါ။ LCD မှာ စမ်းသပ်ရိုက်ကူးထားတဲ့ ပုံများကို အနီးကပ်လေ့လာပြီးမှ ပြိုင်ပွဲကို ရိုက်ကူးပါ။

၃။ Motion Blur

Blur ဟာ လှုပ်ရှားမှုနဲ့ ဆက်စပ်နေပါတယ်။ ဈေးပေါတဲ့ Compact Camera များက Blur အဖြစ်ဆုံးပါ။ နှေးကွေးတဲ့ Shutter Speed ကို သုံးလျှင် ဓါတ်ပုံရဲ့ တစ်စိတ်တစ်ပိုင်းကို Freeze ဖြစ်စေပြီး အခြားတစ်ခုကို Blur ဖြစ်စေပါတယ်။ နည်းလမ်းတစ်ခုက ကင်မရာကို လှုပ်ရှားနေတဲ့ အရာဝတ္ထုအတိုင်း လိုက်လံ ရွေ့လျားပြီး ရိုက်ကူးတာပါ။ ဒီလိုလုပ်ရင် အရာဝတ္ထုကို အမိအရ ဖမ်းယူနိုင်မှာ ဖြစ်ပြီး နောက်ခံကို Blur လုပ်ပေးမှာ ဖြစ်ပါတယ်။ နောက်နည်းလမ်းတစ်ခုက ကင်မရာကို အသေတပ်ထားပြီး မြင်ကွင်းထဲ အရာဝတ္ထုရောက်လာတာနဲ့ ရိုက်ကူးတာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ အပေါ်က နည်းလမ်းရဲ့ ဆန့်ကျင်ဘက် ရလဒ်ကို ရမှာ ဖြစ်ပါတယ်။

၄။ Burst Mode

သင့် စမတ်ဖုန်း၊ ကင်မရာရဲ့ Burst Mode ကို သုံးပြီး Sequence Photos များ ရိုက်နိုင်ပါတယ်။ သင့် ကင်မရာကို Tripod မှာ ချိတ်ဆက်ပြီး မြင်ကွင်းထဲ အရာဝတ္ထု ဝင်လာတာနဲ့ ရိုက်ကူးပါ။ ဒိုင်ဗင်ထိုးခြင်း၊ နှင်းလျှောစီးခြင်း၊ စကိတ်စီးခြင်း အပါအဝင် အခြား အားကစားများကို ရိုက်ကူးနိုင်ပါတယ်။ Photoshop , GIMP တို့လို Image Editor များကို သုံးပြီး တစ်ခုတည်းသော ဓါတ်ပုံအဖြစ် ဖန်တီးနိုင်ပါတယ်။

Nikon D750

Nikon D750 ရဲ့ Full-Frame Sensor ဟာ သင် နှစ်သက်ရာ Lens များနဲ့ တွဲဖက် အလုပ်လုပ်ပါတယ်။ Indoors ပဲဖြစ်ဖြစ်၊ မီးမောင်းကြီးများအောက်မှာပဲဖြစ်ဖြစ် 12800 Maximum ISO Sensitivity ကို ရရှိမှာ ဖြစ်ပြီး နေသာတဲ့ နေ့များမှာ အမြန်ဆုံး လှုပ်ရှားနေတဲ့ အားကစားပွဲများကို 51-Point Continuous Autofocus ဖြင့် ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Nikon.co.uk မှာ စတာလင်ပေါင် ၁၇၅၀ ဖြင့် ဝယ်ယူနိုင်ပါတယ်။

စမတ်ဖုန်း

သင့်ရဲ့ စမတ်ဖုန်းဟာလည်း အားကစားပွဲများကို ရိုက်ဖို့ သူ့နည်းသူ့ဟန်နဲ့ အသုံးဝင်ပါတယ်။ Behind-the-scenes များ၊ ပွဲကြည့် ပရိသတ်များ၊ Panoramas များ၊ အနီးကပ် ရိုက်ချက်များကို ရိုက်ပါ။ ဘောလုံးပြိုင်ပွဲမှာ ဂိုးတိုင်ရဲ့ နောက်ကနေ သင့်ဖုန်းကို Setup လုပ်ထားပါ။ ပြီးရင် Muku Shuttr လို Bluetooth Remote ဖြင့် အဝေးကနေ ဂိုးသွင်းယူမှုများကို ဓါတ်ပုံရိုက်ကူးပါ။ mukulabs.com ကနေ Muku Shuttr ကို ဒေါ်လာ ၄၀ ဖြင့် ဝယ်ယူနိုင်ပါတယ်။

Ref : techradar

unicode

စမတ်ဖုန်းကနေ ဓါတ်ပုံကောင်းများ ရိုက်ကူးနည်းများ [ အပိုင်း(၂) ]

၂။ မိတ်ဆွေဖွဲ့ပါ။

၃။ စိတ်ရှိသလောက် ရိုက်ပါ။

၄။ ရှာဖွေ စူးစမ်းပါ။

၅။ ဖရိမ်ကို စဉ်းစားပါ။

Photojojo ရဲ့ iPhone, Android Lens Set များ

Sony A6000 With 16-55MM Lens

၁။ သဘာဝကျပါစေ။

၂။ Flash ကို ပိတ်ပါ။

၃။ နောက်ခံကို ရှင်းလင်းပါ။

၄။ အလွှာလိုက် ရိုက်ပါ။

Tripod သုံးပါ။

အားကစားပွဲများကို ဓါတ်ပုံ ရိုက်နည်း

၂။ စမ်းသပ်ခြင်း

၃။ Motion Blur

၄။ Burst Mode

Nikon D750

စမတ်ဖုန်း

%d bloggers like this: