စမတ်ဖုန်းကနေ ဓါတ်ပုံကောင်းများ ရိုက်ကူးနည်းများ [ အပိုင်း(၁) ]

စမတ်ဖုန်း ကင်မရာများဟာ အရည်အသွေးမြင့် DSLR Camera များကိုတောင် ပုခုံးချင်းယှဉ်နိုင်လာပါပြီ။ အခု Tutorial မှာ Selfies ရိုက်ကူးခြင်း၊ အလင်းရောင်နည်းပါးတဲ့ အခြေအနေများ၊ လူသွားလမ်းမများ၊ အိမ်မွေးတိရိစ္ဆာန်နဲ့ ကလေးများ၊ အစားအစာများကို ဓါတ်ပုံရိုက်ကူးရာမှာ အသုံးဝင်တဲ့ နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

Selfies

ပရိုဖိုင် ဓါတ်ပုံအတွက်ပဲဖြစ်ဖြစ် ၊ အလှဓါတ်ပုံအတွက်ပဲဖြစ်ဖြစ် Selfie ရိုက်ဖူးကြမှာပါ။ Selfie ဓါတ်ပုံကောင်းတစ်ခု ရရှိမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရှုထောင့်

အောက်ဘက်ကနေ Selfie ရိုက်တာဟာ ဆိုးရွားပါတယ်။ သင့် မေးစေ့ကို နှစ်ထပ် ဖြစ်စေပြီး အမှောင်ဖုံးနေတဲ့ နှာခေါင်းပေါက်ထဲကို ကြည့်ရတာလည်း အကျည်းတန်ပါတယ်။ သင့်မျက်နှာနဲ့ တစ်တန်းတည်း ဒါမှမဟုတ် ဦးခေါင်းအထက်ကနေ Selfie ရိုက်ပါ။

၂။ Timer ဖြင့် ရိုက်ပါ။

သင့်ဖုန်းကို တစ်နေရာမှာ ထားပြီး Timer ဖြင့် Selfie ရိုက်လျှင် သဘာဝကျကျ Pose ပေးနိုင်တဲ့အတွက် Selfie ဓါတ်ပုံကောင်း ရစေမှာပါ။

၃။ အလင်းရောင်ရဲ့ အကူအညီယူပါ။

အလင်းရောင် နည်းပါးတဲ့ ညအချိန်မှာ ရိုက်လျှင် ကင်မရာရဲ့ အာရုံခံမှုကို လျော့ကျစေပြီး သင့်မျက်နှာမှာ Digital Noise ဖြစ်စေပါတယ်။ အလင်းရောင် ရတဲ့ နေ့ဘက်မှာ ရိုက်တာက ပိုကောင်းပါတယ်။ နေအိမ်အပြင်ဘက် အရိပ်ရတဲ့ နေရာ၊ နေအိမ်အတွင်းမှာ ဆိုရင်လည်း ပြတင်းပေါက်နဲ့ နီးတဲ့ နေရာတွေက ကောင်းပါတယ်။

Black + White

Black and White ဓါတ်ပုံများ ရိုက်ရတာ လွယ်တယ်ထင်ရပါတယ်။ ဒါပေမယ့် Instagram မှာ တင်ကြတဲ့ အဖြူ၊ အနက် ဓါတ်ပုံများဟာ သိပ်မကောင်းကြပါဘူး။

၁။ Contrast က အဓိကပါ။

အဖြူ၊ အနက် ဓါတ်ပုံများမှာ အရောင်မပါတဲ့အတွက် ကြည့်ရှုသူက အခြား အရာများကို အာရုံစိုက် ကြည့်ကြပါတယ်။ အခြား အရာများထဲမှာမှ Contrast က အဓိက ကျပါတယ်။ ဓါတ်ပုံရဲ့ အမှောင်ဆုံး အပိုင်းနဲ့ အလင်းဆုံး အပိုင်းကြားက ကွဲပြားမှုကို ရှာပါ။ အဲဒီနေရာတွေက ကြည့်အကောင်းဆုံးပါ။

၂။ ဖြစ်နိုင်လျှင် RAW ဖြင့် ရိုက်ပါ။

သင့်ဖုန်း ကင်မရာမှာ RAW Mode ပါလျှင် အဲဒါဖြင့် ရိုက်ပြီးမှ အဖြူ၊ အနက်ပြောင်းပါ။ (DSLRs များမှာ ပါကြပါတယ်။ RAW Mode ကို ထောက်ပံ့တဲ့ App များလည်း ရှိကြပါတယ်။ ) RAW Images ဟာ Sensor က ဖမ်းယူတဲ့ ဓါတ်ပုံရဲ့ သတင်းအချက်အလက် အသေးစိတ်ကို ကောက်ယူထားတဲ့အတွက် ချုံ့ထားတဲ့ JPEGs ဓါတ်ပုံများထက် အဖြူ၊ အနက် ပြောင်းရာမှာ ပိုမိုကောင်းမွန်ပါတယ်။

၃။ အဖြူ ၊ အနက် မပါလျှင် အရောင်ဖြင့် ရိုက်ပါ။

ဖုန်းနဲ့ RAW ရိုက်လို့မရတဲ့ ကင်မရာများမှာ Built-In Black and White Settings ထက် အရောင်ဖြင့် ရိုက်တာ အကောင်းဆုံးပါ။ အရောင်နဲ့ JPEGs များဟာ အဖြူ၊ အနက် JPEGs များထက် ဒေတာများ ပိုမို ပါပါတယ်။ အရောင်နဲ့ JPEGs များကို အဖြူ၊ အနက် ပြောင်းလို့ ပို အဆင်ပြေပါတယ်။

၄။ အဖြူ၊ အနက်ဟာ အားနည်းချက်များကို ဖွက်ထားပေးပါတယ်။

အဖြူ၊ အနက် ဓါတ်ပုံများမှာ အသားအရေပေါ်က အစက် အပြောက်များကို ပျောက်ကွယ်စေတဲ့အတွက် ပိုမို စိတ်ကျေနပ်စရာပါ။ Contrast ကို မြှင့်ပေးခြင်းဟာ မျက်နှာကောက်ကြောင်းများကို ပြင်ပမှာထက် ထင်ရှားစေပါတယ်။

၅။ Noise များကို ဖယ်ရှားပေးခြင်း။

အဖြူ၊ အနက်ဖြင့် ရိုက်ခြင်းဟာ High ISO Settings နဲ့ ရိုက်တဲ့အခါမှာ ဖြစ်တတ်တဲ့ Noise ကိုလည်း ဖွက်ပေးနိုင်ပါတယ်။ အရောင် မပါတဲ့အတွက် Noise များကို သတိတောင် ပြုမိမှာ မဟုတ်ပါဘူး။

Polarising Filter သုံးပါ။

နေသာတဲ့ နေ့မှာ အိမ်အပြင်ဘက်မှာ ဓါတ်ပုံ ရိုက်မယ်ဆိုလျှင် Polarising Filter က ပိုမို သက်ဝင်တဲ့ အဖြူ၊ အနက် ဓါတ်ပုံများကို ရိုက်ပေးနိုင်ပါတယ်။ တိမ်များကိုလည်း မမည်းစေပါဘူး။ Polarising Filter ကိရိယာကို အွန်လိုင်းမှာ စတာလင်ပေါင် ၂၀ အောက်ဖြင့် ဝယ်နိုင်ပါတယ်။

Effect များ သုံးပါ။

စမတ်ဖုန်းကနေ အဖြူ၊ အမည်း ဓါတ်ပုံများ ရိုက်မယ်ဆိုလျှင် App များကို သုံးနိုင်ပါတယ်။ Lenka ကို ညွှန်းပေးချင်ပြီး Android , iOS တို့အတွက် ထုတ်လုပ်ပေးထားပါတယ်။

အလင်းရောင် နည်းပါးတဲ့နေရာမှာ ရိုက်ကူးခြင်း။

မှုန်ဝါးဝါး ဖြစ်သွားတဲ့ ဓါတ်ပုံများကို ရိုက်ဖူးကြမှာပါ။ ဒါဟာ Flash ကြောင့် ဖြစ်တာပါ။ အလင်းရောင် နည်းပါးတဲ့ နေရာများမှာ ဓါတ်ပုံကောင်းများ ရရှိအောင် ရိုက်နည်းများကို အောက်မှာ လေ့လာပါ။

၁။ အလင်းရောင် နည်းပါးတဲ့ နေရာမှာ Flash မဖွင့်ပါနဲ့

Flash ဟာ သင့် ဓါတ်ပုံကို အရည်အသွေးကျစေသလို တောက်ပြောင်တဲ့ မျက်နှာပြင်များကို ရိုက်လျှင်လည်း အလင်းပြန်စေပါတယ်။ ဓါတ်ပုံမှ လူတွေရဲ့ ပုံပန်းသဏ္ဍာန်ကိုလည်း ပြောင်းစေပါတယ်။ Flash ဖွင့်ပြီး ရိုက်လျှင် လူတွေရဲ့ Pose ဟာ သဘာ၀ မကျတတ်ပါဘူး။ ဒီလိုမှ မဟုတ်ရင်လည်း ပုံမှာ အလင်းတန်းတွေ ပါလာတတ်ပါတယ်။ Flash အစား သဘာ၀ အလင်းကို အသုံးချပါ။ လမ်းမီးတိုင်များမှ အလင်းရောင်၊ ဖယောင်းတိုင်များမှ အလင်းရောင်ကို သုံးပါ။ Flash ကို သုံးချင်ရင်လည်း တစ်သျှူး စက္ကူပါးဖြင့် Flash ကို အုပ်ပြီး ရိုက်ပါ။

၂။ ငြိမ်အောင် ရိုက်ပါ။

Flash ပိတ်ထားလျှင် Sensor ဟာ လုံလောက်တဲ့ အလင်းရောင် ရဖို့ ကြာကြာ အလုပ်လုပ်ရပါတယ်။ အဲဒီအတွက် လက်လှုပ်ရှားနေလျှင် Blur ဖြစ်တတ်ပါတယ်။ လက်ကို ငြိမ်အောင်ထားပြီး ရိုက်ပါ။ ဒါမှမဟုတ် Tripod နဲ့ Timer များ သုံးပါ။

၃။ Long Exposure သုံးပါ။

နောက်အဆင့်က Long Exposure များ သုံးပြီး Blur ကို ဖယ်ရှားပါ။ ဒီလိုလုပ်ဖို့ App များ သုံးနိုင်ပါတယ်။ iOS နဲ့ Android အတွက် အခမဲ့ ဖြန့်ချီပေးထားတဲ့ LongExpo နဲ့ Android အတွက် အခမဲ့ ဖြန့်ချီပေးထားတဲ့ Camera FV-5 တို့ကို အကြံပေးပါတယ်။ App များဖြင့် ရွေ့လျားနေတဲ့ မီးအလင်းရောင်များကို ရိုက်လျှင် Blur မဖြစ်ဘဲ အရောင်များ တိကျစေပါတယ်။

အလင်းရောင်နလည်းပါးတဲ့ အခြေအနေမှာ ချုံ့ထားခြင်း မရှိတဲ့ RAW ဖြင့် ရိုက်ပါ။ RAW ဖြင့် ရိုက်လျှင် သတင်းအချက်အလက်များ များပြားစွာ ရရှိမှာပါ။ ပြီးတော့မှ Exposure ကို ပြောင်းပါ။ Editing Software ဖြင့် အလင်းရောင်ကို ချိန်ညှိပါ။ ဒီလိုလုပ်ဖို့ Camera Apps များကို သုံးပါ။ iOS အတွက် Camera+ ကို စတာလင်ပေါင် ၂.၂၉ ဖြင့် ဝယ်နိုင်ပါတယ်။ သူက TIFF ဖိုင်များကို ရိုက်ပေးပါတယ်။ Camera FV-5 ကတော့ Full Size DNG ဖိုင်များကို ရိုက်ပေးပါတယ်။

Pixelstick ကို သုံးပါ။

Long Exposure ကို နှစ်သက်သူဆိုရင် Pixelstick ကို သုံးပါ။ ဓါတ်ပုံကို SD Card မှာ ထည့်ပြီး ကဒ်ကို Stick ရဲ့ အစွန်းတစ်ဖက်မှာ ထားပါ။ Stick ရဲ့ ပရိုဂရမ်ရေးဆွဲနိုင်တဲ့ LEDs ၂၀၀ ဖြင့် ဓါတ်ပုံကို ပြင်ဆင်နိုင်ပါတယ်။ Wand ဖြင့် Long Exposure ဓါတ်ပုံကို ဖန်တီးနိုင်ပါပြီ။

ISO ကို ချိန်ညှိပါ။

အလင်းရောင် နည်းပါးတဲ့ အခြေအနေမှာ သင့် ကင်မရာရဲ့ ISO ကို ချိန်ညှိခြင်းဖြင့် ရှင်းလင်း ပြတ်သားတဲ့ ဓါတ်ပုံများကို ရိုက်ကူးနိုင်ပါတယ်။ ဒါပေမယ့် သင့်ပုံဟာ ကြမ်းတမ်းသွားတတ်ပါတယ်။ ဒါဟာ ပြဿနာတော့ မဟုတ်ပါဘူး။ Coloured Filter သို့မဟုတ် အဖြူ၊ အနက် ပြောင်းလိုက်လျှင် ကြမ်းတမ်းမှု မရှိတော့ဘဲ ကြည့်ကောင်းသွားမှာပါ။

Kids + Pets

ကလေးတွေနဲ့ အိမ်မွေး တိရစ္ဆာန်များရဲ့ အလှဓါတ်ပုံများကို ရိုက်ရတာ မလွယ်ပါဘူး။ လူကြီးတွေ ခိုင်းသလို သူတို့က မလုပ်တတ်ကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ဓါတ်ပုံများကို အလွန်ချစ်စရာကောင်းအောင်ရိုက်နိုင်ပါတယ်။

၁။ အမူအယာ မလုပ်ခိုင်းပါနဲ့။

ကလေးငယ်တွေနဲ့ အိမ်မွေး တိရစ္ဆာန်များဟာ အမူအယာ မလုပ်တတ်ကြပါဘူး။ အမူအယာ လုပ်ခိုင်းမယ့် အစား သဘာဝဟန်ပန် အမူအယာများကို ရိုက်ပါ။ အရုပ်နဲ့ ကစားနေချိန်၊ ပြုံးရီနေတဲ့ အချိန်များမှာ အမိအရ ဓါတ်ပုံ ရိုက်ကူးပါ။ ဓါတ်ပုံ ရိုက်ကူးသူကို အာရုံ မရောက်ဘဲ သဘာ၀ ဟန်ပန် အမူအယာများက ပို ချစ်ဖို့ ကောင်းပါတယ်။

၂။ အဝေးကနေ ရိုက်ပါ။

ကလေးများဟာ သင် သူတို့ကို ဓါတ်ပုံရိုက်နေတာကို သိသွားတာနဲ့ သူတို့လုပ်နေတဲ့ အရာကို ရပ်ပြီး အမူအယာ ပျက်သွားတတ်ပါတယ်။ ကလေးရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအယာကို ရိုက်ချင်လျှင် အဝေးကနေ ချောင်းရိုက်ပါ။ ကင်မရာများနဲ့ ရိုက်လျှင် Lens များဖြင့် Zoom ဆွဲနိုင်ပါတယ်။ ဖုန်းများနဲ့ ရိုက်တဲ့အခါမှာ Digital Zoom ပြုလုပ်လျှင် ဓါတ်ပုံ အရည်အသွေးကျဆင်းတဲ့အတွက် ဖုန်းအတွက် Lens ရှိလျှင် အဲဒါကို သုံးပါ။

၃။ လှုပ်ရှားမှုကို အမိအရ ရိုက်ပါ။

ကလေးငယ်များ၊ အိမ်မွေးတိရစ္ဆာန်များဟာ အမြဲလှုပ်ရှားနေတတ်ကြပါတယ်။ သူတို့လှုပ်ရှားနေတဲ့ ပုံကို ရိုက်ဖို့ မလွယ်ကူပါဘူး။ ဒီလို ရိုက်နိုင်ဖို့ နည်းလမ်းက လျှင်မြန်တဲ့ Shutter Speed ကို ပြောင်းရတာပါ။ စမတ်ဖုန်းမှာတော့ ဒီလို လုပ်လို့ မရပါဘူး။ ဒါပေမယ့် Flash ကို ဖွင့်လိုက်ရင်တော့ Shutter Speed ကို လျှင်မြန်စေပါတယ်။

၄။ ရှုထောင့် အသစ်ကနေ ရိုက်ပါ။

ကလေးနဲ့ အိမ်မွေး တိရစ္ဆာန်များဟာ အရပ်ပုကြပါတယ်။ အဲဒီအတွက် ဒူးထောက်ခြင်း၊ လေးဘက်မှောက်ခြင်းဖြင့် ဓါတ်ပုံရိုက်မှသာ ဓါတ်ပုံကောင်းများ ရမှာပါ။ သူတို့နဲ့ အတူ ဓါတ်ပုံ ပူးတွဲ ရိုက်တာကလည်း ကောင်းမွန်ပါတယ်။

Shutter Speed ကို ချိန်ညှိပါ။

လှုပ်ရှားမှုကို အခွင့်ကောင်းယူပြီး Effect ကောင်းများ ဖန်တီးပါ။ Shutter Speed ကို 1/13 ခန့်ထားပြီး Aperture ကို အနည်းဆုံး f8 ထားပါ။ ISO ကို အနည်းငယ်သာထားလျှင် လှုပ်ရှားမှုကို ရိုက်ကူးတဲ့အခါမှာ ဓါတ်ပုံကောင်းများ ရနိုင်ပါတယ်။ အဓိက အချက်က လှုပ်ရှားနေတဲ့ ကလေးကို ဖုန်းဖြင့် လိုက်လံ ချိန်ရွယ်ရိုက်ကူးပါ။ ဒါဆိုရင် နောက်ခံကို Blur လုပ်ပေးမှာပါ။

Lens အရှည်များကို သုံးပါ။

ရှည်လျားတဲ့ Lens များဟာ Portrait အတွက် ကောင်းမွန်ပြီး သင့် ကလေးကို ပိုမို ချစ်စရာကောင်းစေပါတယ်။ Up-Close Wide Shot က သင့်ကလေးရဲ့ နှာတံနဲ့ မျက်နှာကို ပိုရှည်စေတဲ့အတွက် ချစ်စရာပိုကောင်းမှာပါ။

Ref : techradar

unicode

စမတ်ဖုန်းကနေ ဓါတ်ပုံကောင်းများ ရိုက်ကူးနည်းများ [ အပိုင်း(၁) ]

Selfies

၁။ ရှုထောင့်

၂။ Timer ဖြင့် ရိုက်ပါ။

၃။ အလင်းရောင်ရဲ့ အကူအညီယူပါ။

Black + White

၁။ Contrast က အဓိကပါ။

Polarising Filter သုံးပါ။

Effect များ သုံးပါ။

၂။ ငြိမ်အောင် ရိုက်ပါ။

၃။ Long Exposure သုံးပါ။

Pixelstick ကို သုံးပါ။

ISO ကို ချိန်ညှိပါ။

Kids + Pets

၁။ အမူအယာ မလုပ်ခိုင်းပါနဲ့။

၂။ အဝေးကနေ ရိုက်ပါ။

၄။ ရှုထောင့် အသစ်ကနေ ရိုက်ပါ။

Shutter Speed ကို ချိန်ညှိပါ။

Lens အရှည်များကို သုံးပါ။

%d bloggers like this: