ဘက်ထရီ သက်တမ်း စမ်းသပ်မှုမှာ သရဖူဆောင်းသွားတဲ့ Sony Xperia XZ2

Strategy Analytics က ထိပ်တန်း စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းကို စမ်းသပ်ခဲ့ပါတယ်။ အဲဒီ စမ်းသပ်မှုမှာ Sony Xperia XZ2 ဟာ သရဖူဆောင်းခဲ့ပြီး ဒုတိယ နေရာမှာတော့ အမွှာညီငယ် XZ2 Compact က ရပ်တည်နိုင်ခဲ့ပါတယ်။ LG G6 က iPhone X ကို ကျော်လွန်ပြီး တတိယ နေရာကို သိမ်းပိုက်ထားပါတယ်။ Apple iPhone X က စတုတ္ထနေရာမှာသာ ရှိပါတယ်။ သူ့ရဲ့ နောက်မှာ Huawei P1 , Samsung Galaxy S9 , Oppo R11 တို့က အသီးသီး ရပ်တည်နေပါတယ်။

ဖုန်းပြောခြင်း၊ စာပို့ခြင်း၊ အင်တာနက် ကြည့်ခြင်း၊ လူမှုကွန်ရက်များ သုံးခြင်း၊ ဂိမ်း ကစားခြင်း ၊ ကင်မရာဖြင့် ဓါတ်ပုံနဲ့ ဗီဒီယိုများ ရိုက်ကူးခြင်း၊ မာလ်တီမီဒီယာများ ကြည့်ရှုနားဆင်ခြင်းများ အပါအဝင် ဖုန်းအားလုံးကို တစ်ရက်လျှင် ၁၆ နာရီကြာ အသုံးပြုခဲ့ကြပါတယ်။ နောက်ကွယ်မှာ Run နေတဲ့ Apps များကိုတော့ လျစ်လျှူရှုထားပါတယ်။ စကရင်များကို 150 nits ၊ အသံကို အကျယ်လောင်ဆုံးနဲ့ အခြား Settings များကို ထုတ်လုပ်သူရဲ့ Defaults အတိုင်း စမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် စမ်းသပ်မှုထဲမှာ ပါတဲ့ ဖုန်းများအားလုံးဟာ နောက်ဆုံးထုတ် ဖုန်းများ မဟုတ်ကြပါဘူး။ LG G6 အစား LG V30 နဲ့ P10 အစား Mate 10 များဖြင့် စမ်းသပ်မှသာ မျှတမှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းများ အားလုံးဟာ XZ2 မထွက်ခင်ကတည်းက ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် Galaxy S9 နဲ့ Oppo R11 တို့ရဲ့ Plus Version များမှာ ပိုမို ကြီးမားတဲ့ ဘက်ထရီများ ပါပါတယ်။

Ref : gsmarena

unicode

ဘက်ထရီ သက်တမ်း စမ်းသပ်မှုမှာ သရဖူဆောင်းသွားတဲ့ Sony Xperia XZ2

%d bloggers like this: