LG ကတော့ သူ့ရဲ့နောက် flagship ဖုန်းမှာ notch ထည့်ရမလား မထည့်ရဘူးလားဆိုတာ user တွေဆီက အကြံဉာဏ်တောင်းဆဲပါ။ ဒါပေမယ့်အခုကတော့ flagship ဖုန်းတစ်လုံးတည်းမဟုတ်ဘဲ ၂လုံးထွက်မယ့်ပုံဖြစ်နေပါတယ်။
LG G7 နဲ့အတူ MWC ပွဲမှာတုန်းက Q7 နဲ့ V35 တို့ကိုတိတ်တဆိတ်ပြသခဲ့ပါတယ်။ဒါပေမယ့် LG G7 prototype ကိုကင်မရာမှာမတွေ့မြင်ခဲ့ရတဲ့အပြင် တခြားဖုန်း၂လုံးရှိသေးတယ်ဆိုတာတောင် မသိခဲ့ရပါဘူး။ ဒီနေ့မှာတော့ LG Q7 ဆိုတဲ့နာမည်နဲ့ ဖုန်းတစ်လုံးထွက်လာမယ်ဆိုတာ ကျိန်းသေသလောက်ပါပဲ။ Q စီးရီးထဲမှာတော့ မနှစ်က Q6 နဲ့ Q8 ကိုမိတ်ဆက်ပြီးသားပါ။
LG Q7 ကိုကြည့်ရတာတော့ မနှစ်က Q စီးရီးမော်ဒယ်လ်တွေနဲ့ ဘာမှမဆိုင်သလိုပါပဲ။ ဒါကြောင့် mid-range specs တွေနဲ့ သူတို့နဲ့ကိုက်လောက်မယ့်ဈေးတွေနဲ့ထွက်လာမယ်လို့ပဲ မှန်းရပါတယ်။ Q7 အကြောင်းအသေးစိတ်တွေကတော့ လာမယ့်အပတ်ထဲမှာတွေ့ရတော့မယ်ထင်ပါတယ်။
You must log in to post a comment.