iOS 11.3 မှာ ဖုန်းအဟောင်းများကို နှေးကွေးအောင် ပြုလုပ်ထားခြင်းအား ပိတ်နိုင်ပြီ

Apple ဟာ ယခင်နှစ် ဒီဇင်ဘာလမှာ အိုင်ဖုန်း အဟောင်းများရဲ့ စွမ်းဆောင်ရည်ကို နှေးကွေးအောင် ပြုလုပ်ထားတယ်လို့ ဝန်ခံခဲ့ပါတယ်။ အခုတော့ iOS 11.3 မှာ အဲဒီလို Throttling ပြုလုပ်ထားခြင်းအား ပိတ်ပင်နိုင်တဲ့ ရွေးချယ်မှု အပါအဝင် စွမ်းဆောင်ချက်များစွာကို ထည့်သွင်းပေးလာပါတယ်။

Apple က ဘက်ထရီများရဲ့ စွမ်းရည်ကျဆင်းလာမှုကြောင့် Shutdown ဖြစ်ခြင်းအား ကာကွယ်ဖို့အတွက် အခုလို စွမ်းဆောင်ရည်ကို လျှော့ချလိုက်ခြင်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း Apple ဟာ ဖုန်းအသစ်များ ဝယ်ယူဖို့ ဒီလို ပြုလုပ်တယ်လို့လည်း စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ပါတယ်။

Apple က iOS 11.3 မှာ Throttling ပြုလုပ်ခြင်းအား ပိတ်ပင်ဖို့ အကြံမပြုပေမယ့် ဖုန်းကို လျှင်မြန်အောင် ပြုလုပ်ချင်သူများက Settings App> Battery ထဲသွားပါ။ Battery Health (Beta) ကဏ္ဍထဲသွားပြီး နှိပ်ပါ။ Peak Performance Capability ကဏ္ဍထဲသွားပြီး Disable Link ကို နှိပ်ပါ။

ဒါပေမယ့် iOS က သင့် ဖုန်းဟာ စွမ်းအင် စီမံခန့်ခွဲမှု ပြဿနာများ ရှိနေမှသာ ယခုု စွမ်းဆောင်ချက်ကို ပြသပေးမှာ ဖြစ်ပါတယ်။ သင့်ဖုန်းဟာ အသစ်ဖြစ်နေရင် သို့မဟုတ် ဘက်ထရီဟာ ကောင်းမွန်နေရင်တော့ အဲဒီ စကရင်မှာ သင့်ဖုန်းဟာ Maximum Capacity ဖြင့် လည်ပတ်နေပြီး Throttling ကို Off လုပ်ဖို့ မလိုဘူးလို့ ပြသထားမှာ ဖြစ်ပါတယ်။

Ref : tnw

unicode

iOS 11.3 မှာ ဖုန်းအဟောင်းများကို နှေးကွေးအောင် ပြုလုပ်ထားခြင်းအား ပိတ်နိုင်ပြီ

%d bloggers like this: