Razer ဖုန်းနဲ့ပြိုင်ဘက်ဖြစ်လာမယ့် Xiaomi Black Shark စမတ်ဖုန်း

ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက Black Shark ကနေ RAM 8GB, 18:9 display နဲ့ုဖုန်းကို ထုတ်နေတယ်ဆိုတဲ့အကြောင်း သတင်းဖော်ပြခဲ့ဖူးပါတယ်။ Qualcomm Snapdragon 845 processor, Adreno 630 GPU နဲ့ 32GB built-in storage, 2160 x 1080 FHD+ resolution display တို့ကိုသုံးထားတာကြောင့် စွမ်းရည်ပြည့်ဖုန်းတစ်လုံးဖြစ်မယ်လို့ မှန်းရပြီး gaming smartphone တစ်လုံးဖြစ်မယ်လို့လည်း ထင်ပါတယ်။

Black Shark ဆိုတာကတော့ Xiaomi ရဲ့ brand ခွဲတစ်ခုဖြစ်ပြီး Razer ဖုန်းနဲ့ယှဉ်ပြိုင်နိုင်မယ့် ဂိမ်းစမတ်ဖုန်းတွေထုတ်လုပ်မယ့် brand ဖြစ်တဲ့အကြောင်းကိုလည်း ဒီအစီအစဉ်တွေနဲ့ရင်းနှီးကျွမ်းဝင်တဲ့သူတွေဆီက သိခဲ့ရပြီးပါပြီ။

တရုတ်သတင်းဝဘ်ဆိုဒ် Weibo မှာလည်း Qualcomm Snapdragon 845 ကိုသုံးထားမယ့် ဖုန်းတစ်လုံးအကြောင်းတင်ထားပါတယ်။ AnTuTu မှာ benchmark စာရင်းကိုရောက်လာခဲ့ပြီဖြစ်လို့ ထုတ်လုပ်ဖို့အဆင်သင့်ဖြစ်နေတဲ့အနေအထားပါ။ Black Shark မှာလည်း Razer ဖုန်းလို RAM 8GB သုံးထားပေမယ့်လည်း storage 32GB ဆိုတာကတော့ နည်းလွန်းတယ်လို့တော့ထင်ပါတယ်။ microSD ကဒ်ပမာဏများများခွင့်ပြုမှပဲ အဆင်ပြေမှာပါ။

Android Oreo နဲ့ Project Treble ကိုထောက်ပံ့ပေးနိုင်မယ်လို့မှန်းထားပေမယ့် အတိအကျမသိသေးပါဘူး။ သိရသလောက်ထိကတော့ ဂိမ်းဖုန်းတစ်လုံးဖြစ်တယ်ဆိုတာလောက်ပဲရှိပါတယ်။ Razer ဖုန်းကိုယှဉ်နိုင်ပါ့မလားဆိုတာကိုတော့ Xiaomi ကလည်း ခေသူမဟုတ်တဲ့အတွက် စိတ်မပူပါဘူး။ ဈေးနှုန်းလေးတစ်ခုပဲ အရမ်းကိုစိတ်ဝင်စားပါတယ် 😛 အရင်လိုပဲ သူများထက်တော့ဈေးသက်သာမှာလား ဈေးကြီးတဲ့ဖုန်းတစ်လုံးအနေနဲ့ထွက်လာမလားကတော့ စိတ်ဝင်စားစရာကောင်းနေပါပြီ။

အမိုက်စား Gaming စမတ်ဖုန်းတစ်လုံးထုတ်မယ့် Xiaomi

 

%d bloggers like this: