ဒီတစ်ပတ်ရဲ့ TGIF လေးမှာတော့ music video အလန်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ The Sims ကိုမကြိုက်တဲ့သူလည်းရှားသလို Kelela ကိုမကြိုက်တဲ့သူလည်း သိပ်မရှိလောက်ဘူးထင်ပါတယ်။ သီချင်းနာမည်ကတော့ “Frontline” ဖြစ်ပြီး Usher ရဲ့ Burn ထဲကလိုမျိုး ရိုက်ကူးထားတာပါ။ ဒါပေမယ့် Burn နဲ့မတူတာက ဒီသီချင်းက Sims မှာလို animation ဇာတ်ကောင်တွေနဲ့ရိုက်ကူးထားတာပါ။ ဒီအကြံဆန်းလေးနဲ့ရိုက်ခဲ့တဲ့ဒါရိုက်တာကတော့ Mischa Notcutt ဖြစ်ပြီး animation အတွက် visual artist Claudia Mate က ဖန်တီးထားပါတယ်။
Kelela ဆိုတာကတော့ LA က သီချင်းရေးဆိုအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ၂၀၁၃ မှာသူမရဲ့ Cut 4 Me၊ ၂၀၁၅ မှာ EP, Hallucinogen နဲ့ မနှစ်ကတော့ Take Me Apart ဆိုတဲ့ အယ်လ်ဘမ်တွေကိုထွက်ရှိခဲ့ပါတယ်။
ဒီ “FRONTLINE” ကတော့ animation လေးတွေလည်းမိုက် သီချင်းလေးကလည်းကောင်းတဲ့အတွက် ဒီတစ်ပတ်တော့ Kelela ရဲ့ Frontline လေးနဲ့အတူ TGIF ကိုပေါ့ပေါ့ပါးပါးဖြတ်သန်းလိုက်ရအောင်….
You must log in to post a comment.