GoPro က တန်ဖိုးနည်း Action Camera ကို ကြေညာ

GoPro CEO Nick Woodman က ၂၀၁၈ ခုနှစ်မှာ တန်ဖိုးနည်း Action Camera ကို မိတ်ဆက်မယ်လို့ ယခင်က ပြောကြားခဲ့ဖူးပါတယ်။ အခုတော့ အဲဒီ ကင်မရာကို ကြေညာလိုက်ပါပြီ။ Hero ကင်မရာမှာ အက်ရှင်ကင်မရာများရဲ့ စွမ်းရည်များစွာ ပါပါတယ်။

GoPro Hero ဟာ 60fps နှုန်းဖြင့် 1440p or 1080p HD Video များကို ရိုက်ကူးပေးနိုင်ပါတယ်။ 4K Video များကိုတော့ မရိုက်ကူးပေးနိုင်ပါဘူး။ ရုပ်သေဓါတ်ပုံများအနေဖြင့် 10 Megapixel Photo များကို ရိုက်ကူးနိုင်ပါတယ်။ ရေအနက် ၁၀ မီတာ အထိ ယူဆောင် အသုံးပြုနိုင်ပါတယ်။ ဓါတ်ပုံ၊ ဗီဒီယိုနဲ့ ထိန်းချုပ်ခလုတ်များအားလုံးကို ၂ လက်မ အရွယ် ထိတွေ့မျက်နှာပြင်ကနေ ကြည့်နိုင်ပါတယ်။ GoPro က သူ့ရဲ့ အသံ မှတ်သားတဲ့ နည်းပညာကို ထည့်သွင်းပေးထားတဲ့အတွက် အသံအမိန့်များဖြင့် ကင်မရာကို ဖွင့်ခြင်း၊ ပိတ်ခြင်းနဲ့ ဗီဒီယို ရိုက်ကူးခြင်းများကို ပြုလုပ်နိုင်ပါတယ်။

Hero ကို စက်ဘီး လက်ကိုင်များကနေ ရင်ဘတ် ပတ်ကြိုးများအထိ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ ရိုက်ကူးထားတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုများကို GoPro App ကနေ သင့် ပီစီနဲ့ စမတ်ဖုန်းများသို့ ပေးပို့နိုင်ပါတယ်။ စတာလင်ပေါင် ၂၀၀ သတ်မှတ်ထားပြီး Hero 6 Black ရဲ့ ဈေးနှုန်းထက် ထက်ဝက် သက်သာပါတယ်။

Ref : pocket-lint

unicode

GoPro က တန်ဖိုးနည်း Action Camera ကို ကြေညာ

%d bloggers like this: