Dual Camera နဲ့ 18:9 Display များပါတဲ့ Enjoy 8 Phones များကို Huawei မိတ်ဆက်

ဟွာဝေးက တရုတ်မှာ Dual Camera နဲ့ 18:9 Display များပါတဲ့ Enjoy 8 Phones များကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီဖုန်းသုံးလုံးထဲမှာ Enjoy 8 Plus ကို မကြာခင်က Huawei Y9(2018) အဖြစ် မိတ်ဆက်ခဲ့ပြီး Enjoy 8 ကို Y7 Prime (2018) အဖြစ် ကြေညာခဲ့ပြီးပါပြီ။ ဖုန်းအသစ်အနေဖြင့် Enjoy 8e သာပါလာပါတယ်။

Enjoy 8e မှာ ၅.၇ လက်မ HD Display , Snapdragon 430 , 3GB RAM, 32GB Storage , microSD Card Slot , 13MP+2MP Dual Camera , 5MP Front Camera များ တပ်ဆင်ထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ Bluetooth 4.2 , WiFi 802.11 b/g/n များ ပါပါတယ်။ ဘက်ထရီမှာ 3000mAh ဖြစ်ပါတယ်။

Android Oreo အခြေပြု EMUI 8.0 ထည့်သွင်းထားပေမယ့် Google Services များ မပါပါဘူး။ သူဟာ တရုတ်မှာသာ ရောင်းချမယ့် ဖုန်း ဖြစ်ပါတယ်။ ယွမ် ၁၀၉၉ ( ၁၇၅ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ အပြာ၊ ရွှေ၊ အနက်နဲ့ ပန်းရောင်များ ရွေးချယ်နိုင်ပါတယ်။

Ref : gsmarena

unicode

Dual Camera နဲ့ 18:9 Display များပါတဲ့ Enjoy 8 Phones များကို Huawei မိတ်ဆက်

%d bloggers like this: