GIF ဆိုတာကလည်း လတ်တလော လူမှုကွန်ယက်မီဒီယာတွေမှာ ခေတ်စားနေတဲ့အထဲ မပါမဖြစ်ပါပဲ။ အရင်တုန်းက ကျွန်တော့်အနေနဲ့ GIF တွေဘယ်လိုလုပ်ရမယ်။ ဘယ် Apps တွေသုံးရင်အဆင်ပြေနိုင်တယ်ဆိုတကို ရေးသားခဲ့ဖူးပါတယ်။ ဒါကြောင့် GIF တွေအလွယ်တကူပြုလုပ်ပြီးနောက်ပိုင်းမှာ လူမှုကွန်ယက်မီဒီယာတွေအပေါ်တင်ချင်ရင် ဘယ်လိုတင်ရမယ်ဆိုတာက လိုအပ်လာပါတယ်။ ဒါကလည်း သိပ်ခက်ခဲတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ ရိုးရှင်းလွယ်ကူပါတယ်။ ဒီ Article မှာ ကျွန်တော့်အနေနဲ့ GIF လေးတွေကို လူမှုကွန်ယက်မီဒီယာတွေပေါ် တင်ပုံတင်နည်းကို မိတ်ဆက်ပေးချင်ပါတယ်။
၁) ပထမဆုံး အဓိကလိုအပ်တာကတော့ သင်လူမှုကွန်ယက်မှာတင်မယ့် GIF ပါပဲ။ ဒါကတော့ အခြေခံလိုပါတယ်။ သင့်စက်ထဲမှာ GIF တစ်ခု အဆင်သင့်ရှိနေဖို့လိုအပ်ပါတယ်။
၂) အဲ့ဒီနောက်မှာတော့ သင့် Browser ထဲကိုဝင်ပြီး giphy.com ဆိုတဲ့ Website တစ်ခုထဲကိုဝင်ရမှာဖြစ်ပါတယ်။ ဝင်ပြီးသွားရင် သင့်အနေနဲ့ ညာဘက်အပေါ်ထောင့်နားလောက်မှာ Log In ဆိုတဲ့ ကလစ်လေးတွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒါလေးကို ကလစ်လုပ်လိုက်ပါ။
၃) ကလစ်လုပ်လိုက်ရင် အောက်ပါအတိုင်းမြင်ရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ Register လုပ်ဖို့လိုအပ်လို့ ဘာနဲ့လုပ်မလဲလို့ မေးတာပါ။ Log In With Facebook ဆိုတာကိုပဲ နှိပ်လိုက်ပါ။
၄) အဲ့ဒီအခါ သင့်Facebook အကောင့်နဲ့လုပ်လိုသလားလို့ မေးမှာပါ။ သင့်အနေနဲ့ Password ရိုက်ထည့်လိုက်ပြီး Save နှိပ်လိုက်လို့ရှိရင်။ Success ဆိုပြီးပြပါလိမ့်မယ်။ အဲ့ဒါဆိုရင် ရပါပြီ။
၅) Log In လုပ်တဲ့အပိုင်းပြီးသွားရင်တော့ ပုံကို Upload လုပ်ဖို့အပိုင်းရောက်ပါပြီ။ အပေါ်ပိုင်းမှာရှိတဲ့ Upload ဆိုတာလေးကို ကလစ်လုပ်လိုက်ပါ။
၆) အဲ့ဒီအခါအောက်ကပုံအတိုင်း Box တစ်ခုကျလာမှာဖြစ်ပါတယ်။ သင့်အနေနဲ့ တင်လိုတဲ့ GIF ကိုရွေးချယ်ရမှာပါ။ Browse ကိုနှိပ်လိုက်ပါ။ Browse ကိုနှိပ်လိုက်ရင် GIF ရှိတဲ့ File ကိုရွေးချယ်ပြီး သင်တင်လိုတဲ့ GIF ကို ဖွင့်ရမှာပါ။
၇) ဖွင့်လိုက်ရင် အောက်က Box ကျလာမှာပါ။ သင့်အနေနဲ့ ကြက်ခြေခတ်အနီလေးပြထားတဲ့ဘေးမှာ File Name ကိုတွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီအောက်က “Enter Tags Separated by commas” ဆိုတဲ့ နေရာမှာ File အတွက် နာမည်တစ်ခုပေးလိုက်ပါ။ ပြီးရင် Upload GIF ကိုနှိပ်လိုက်ပါ။
၈) အဲ့ဒီအခါမှာ Upload လုပ်နေတာကိုတွေ့ရမှာဖြစ်ပြီး ပြီးသွားရင် သင်ရွေးလိုက်တဲ့ GIF လေး Website မှာတက်နေတာတွေ့ရမှာပါ။ ဒါဆိုရင်ရပါပြီ။ အဲ့ဒီအောက်ဖက်လေးမှာ သင် Share ပြုလုပ်လိုတဲ့ လူမှုကွန်ယက် Website တွေရဲ့ icon လေးတွေရှိပါတယ်။ သင့်အနေနဲ့ Facebook တင်မဟုတ်ပဲ၊ Twitter, Instagram, Tembler စတဲ့ လူမှုကွန်ယက်အစုံမှာ Share လုပ်နိုင်ပါတယ်။ ကျွန်တော်ကတော့ Facebook မှာပဲ Share လုပ်လိုက်ပါတယ်။
၉) Facebook icon ကိုနှိပ်လိုက်ရင် သင်အကောင့်ထဲမှာ GIF ရဲ့ Link နဲ့အတူ သင်စာရေးလိုတဲ့ အကြောင်းအရာရေးထည့်ပြီး ပုံမှန် Post တင်သလိုပဲ Share လုပ်လိုက်ရင် GIF လေးသင့် Time Line မှာ တက်သွားပါပြီ။
ကဲ.. ပရိတ်သတ်ကြီးတို့ရေ။ ဒီအပေါ်က ပြခဲ့တဲ့ အဆင့်တွေအတိုင်း လိုက်လုပ်ကြည့်ရင်း သင်တို့အနေနဲ့ လွယ်ကူချောမွေ့စွာပဲ GIF တွေကို သင့် Time Line မှာတင်လို့ရပါတယ်။ တကယ်လို့ သင့်အနေနဲ့ GIF တွေလုပ်ပုံလုပ်နည်း လေးတွေသိချင်ရင်တော့ အောက်ကပြထားတဲ့ Link လေးတွေ ကလစ်လုပ်ရင်း ပြုလုပ်နိုင်ပါတယ်။
Android ဖုန်းများတွင် GIF လုပ်နိုင်သည့် အကောင်းဆုံး Apps များ
You must log in to post a comment.