ဂျပန်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ NTT Data ကော်ပိုရေးရှင်းဟာ Dell ရဲ့ သတင်းအချက်အလက်နည်းပညာယူနစ်ကို ဒေါ်လာသုံးဘီလျံနဲ့ ဝယ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ တနင်္လာနေ့က ပြောကြားခဲ့ပြီး မြောက်အမေရိကရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေဖက်ကို ခြေလှမ်းချဲ့ထွင်လာခဲ့ပါတယ်။
ဂျပန်ကုမ္ပဏီအနေနဲ့ အကြွေးနဲ့ တခြားမဖော်ပြနိုင်တဲ့အကြံပေးခတွေမပါဝင်ပဲ ဒေါ်လာ ၃.၀၅ဘီလျံ နီးပါးပေးချေရမှာဖြစ်ပါတယ်။ ဒီရောင်းဝယ်မှုဟာ ကမ္ဘာ့နည်းပညာလောကမှာ အကြီးမားဆုံး ရောင်းချမှုတွေထဲပါဝင်ခဲ့တာဖြစ်သလို NTT Data အတွက်လည်းအကြီးမားဆုံး ရောင်းဝယ်မှုတစ်ခုဖြစ်ပါတယ်။
NTT Data ဟာ မြောက်အမေရိကနဲ့ အိန္ဒိယမှာရှိတဲ့ Dell ရဲ့ အလုပ်သမား ၂၈၀၀၀ ကို ခေါ်ဆောင်မှာဖြစ်ပါတယ်။ တိုကျိုစတော့အိတ်ချိန်းမှာ NTT Data ဟာ Cloud နဲ့ BPO ဝန်ဆောင်မှုတွေအတွက် ဝယ်လိုအား မြှင့်တက်နေတာလည်း ဖြစ်ပါတယ်။
Bloomberg data အရ NTT Data ဟာ ၂၀၁၁ ခုနှစ်ကစတင်ပြီး နိုင်ငံခြားကုမ္ပဏီတွေကို ဝယ်ယူရာမှာ ယန်း ၇၂ဘီလျံထက်ပိုပြီးသုံးစွဲခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ အဓိကဝယ်ယူထားတဲ့ လုပ်ငန်တွေကတော့ အိန္ဒိယရဲ့ Taa Consultancy Services, ပြင်သစ်ရဲ့ Atos နဲ့ အမေရိကန်ရဲ့ Congniaznt Technology Solutions တို့ပါဝင်တာလည်းဖြစ်ပါတယ်။
Ref: Reuters, BBC
You must log in to post a comment.