859 Shares 161 Views


Mar 29, 2018
859 161




Ref : gsmarena

unicode

အနောက် ကင်မရာ သုံးလုံးနဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာပါတဲ့ Huawei Porsche Design Mate RS

ဟွာဝေးက Porsche Design Mate RS ကို မိတ်ဆက်လိုက်ပြီး သူဟာ P20 Pro ကို အဆင့်မြှင့်ထားတဲ့ မော်ဒယ် ဖြစ်ပါတယ်။ သူ့မှာ ၆ လက်မ AMOLED QHD Display ထည့်သွင်းထားပြီး Notch မပါပါဘူး။ မျက်နှာပြင် အချိုးမှာ 18:9 ဖြစ်ပါတယ်။ ထူးခြားတာက မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားတာ ဖြစ်ပြီး မျက်နှာပြင် အထက်မှာ လက်ကို ဝှေ့ယမ်းခြင်းဖြင့် ဖုန်းကို Unlock လုပ်နိုင်ပါတယ်။ မျက်နှာပြင်ကို လက်ဖြင့် ထိရင် ဖုန်းကို Unlock လုပ်ပေးမှာပါ။ အနောက်ဘက်မှာလည်း လက်ဗွေရာ ကိရိယာ တစ်ခု မြှပ်နှံထားပါတယ်။

ကိုယ်ထည်ကို Porsche Design က ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး သတ္တု၊ ဖန်များဖြင့် ပေါင်းစပ် တည်ဆောက်ထားပါတယ်။ P20 Pro ရဲ့ 40MP + 8MP + 20MP ကင်မရာသုံးလုံးကို အနောက်မှာ တပ်ဆင်ထားပြီး 5x Hybrid Zoom နဲ့ 960fps Video , AI များကို ထောက်ပံ့ပါတယ်။

AI ပါတဲ့ Kirin 970 Chipset , 6GB RAM , 256 or 512GB Storage များကို ထည့်သွင်းပေးထားပါတယ်။ SuperCharge ပါတဲ့ 4000mAh Battery , Wireless Charging များ ပါပါတယ်။ 256GB Model ကို ယူရို ၁၆၉၅ နဲ့ 512GB ကို ယူရို ၂၀၉၅ သတ်မှတ်ထားပါတယ်။ ဧပြီလ ၂၁ ရက်နေ့မှာ စတင် ရောင်းချမှာပါ။

Ref : gsmarena

You may be interested

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ

Ko Thuya - Jun 25, 2018

တစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းဖြင့် Full HD Video များကို ရိုက်ကူးနိုင်တဲ့ စွမ်းရည်ဟာ Xiaomi Redmi Note 5 Pro ရဲ့ Chinese MIUI 10 Beta မှာ ပါလာပါတယ်။ ဒီသတင်းကို XDA…

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
96 shares32 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
123 shares32 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

Leave a Comment

Most from this category