DxOMark ကနေ အမှတ်အများဆုံးရရှိထားတဲ့ Huawei P20 Pro

မနေ့ကပဲရစ်စ်မြို့မှာကျင်းပတဲ့ပွဲမှာပဲ Huawei P20 နဲ့  P20 Plus ဖုန်းတွေကိုမိတ်ဆက်ခဲ့ပါပြီ။ မှန်းထားခဲ့တဲ့အတိုင်းပဲ P20 Plus ဖုန်းမှာ ကင်မရာ ၃လုံးပါလာပြီး ပရော်ဖော်ရှင်နယ်တစ်ယောက်ရိုက်သလို ဓာတ်ပုံအရေအသွေးမျိုးနဲ့ရိုက်ကူးနိုင်မယ်လို့ ကုမ္ပဏီကဆိုထားပါတယ်။ DxOMark ကနေ Huawei P20 Plus ကိုပေးထားတဲ့အမှတ်ကတော့ ဘယ်သူမှမရဖူးသေးတဲ့ပမာဏဖြစ်တဲ့ 109 rating ပါ။

Image result for p20 pro

ဒုတိယအများဆုံးကတော့ 102 မှတ်ရထားတဲ့ Huawei P20 လေးပါ။ သူ့နောက်ကတော့ Samsung Galaxy S9 Plus, Google Pixel 2 နဲ့ Apple iPhone X တွေရှိပါတယ်။ ပြောရရင် Samsung, Google နဲ့ Apple တို့ရဲ့ ပုံအရည်အသွေးထက် တရုတ်ကုမ္ပဏီတစ်ခုကပိုသာလိမ့်မယ်လို့ ဘယ်သူကမှတွေးမိခဲ့ကြမှာမဟုတ်ပါဘူး။ အခုတော့ ဒါကို Huawei ရဲ့ရမှတ်တွေက သက်သေထူသွားပါပြီ။

DxOMark ဆိုတာက ကင်မရာစမ်းသပ်ချက်အတွက် အမှတ်တွေပေးတဲ့နေရာမှာ ဘက်လိုက်မှုမရှိ အမှန်ကန်ဆုံးရမှတ်တွေပေးခဲ့တာပါ။ ပုံတွေကိုကြည့်လိုက်ရင် Google Pixel 2 နဲ့ iPhone X တို့ထက်ကို Huawei က သုံးထားတဲ့နည်းပညာအရရောသာနေတာကို တွေ့ရပါလိမ့်မယ်။

ဗီဒီယိုပိုင်းမှာဆိုလည်း ဘယ်မိုဘိုင်းလ်ဖုန်းကမှမရသေးတဲ့ 98 မှတ်ဆိုတဲ့ပမာဏကို Huawei P20 Plus က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ Google Pixel 2 တုန်းက 96 မှတ်နဲ့ Huawei P20 က 94 မှတ်, Samsung Galaxy S9 Plus က 91 မှတ်နဲ့ Apple iPhone X တို့က 89 မှတ် အသီးသီးစီရထားပါတယ။်

DxOMark က အမှတ်တွေက ဘယ်လောက်ယုံကြည်ရမှာမို့လို့လဲဆိုတဲ့သူတွေအတွက်တော့ ကင်မရာပိုင်းမှာ တခြားထိပ်တန်းမိုဘိုင်းလ်ကုမ္ပဏီကြီးတွေကို Huawei က ဘယ်လိုယှဉ်လာနိုင်လဲဆိုတာ ကိုယ်တိုင်စမ်းကြည့်မှယုံပါလိ့မ်မယ်။ ဒီ P20 စီးရီးတွေကို အမေရိကန်နိုင်ငံကိုသွင်းခွင့်မပြုထားတဲ့အတွက် အမေရိကန်ဈေးကွက်မှာ Huawei မရှိတော့ပါဘူး။ ဒါကြောင့် Samsung, Apple နဲ့ Google တို့နဲ့ယှဉ်တဲ့နေရာမှာ တတိယအကြီးဆုံးဈေးကွက်ဖြစ်ဖို့ တော်တော်တော့ကြိုးစားရမှာပါ။

Ref: AndroidAuthority

%d bloggers like this: