အတာတန်ခူးမှာပျော်မြူးဖို့ အူရီဒူးရဲ့ နှစ်သစ်ကူးလက်ဆောင်

အူရီဒူးမှ အတာသင်္ကြန်နှင့် မြန်မာ့နှစ်သစ်ကူးကို အူရီဒူးဝန်ဆောင်မှုကို အသုံးပြုသူများနှင့်အတူဆင်နွှဲနိုင်ရန် နောက်ထပ်ထူးခြားသည့် အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစီစဉ်ကို သုံးစွဲသူများ ပါဝင်ဆင်နွှဲနိုင်ရန်အတွက် ယခုအချိန်မှာစတင်ပြီး ၂၀၁၈ခုနှစ် ဧပြီလ ၁၁ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါသည်။ အူရီဒူး၏ ဆင်းကတ်ဝယ်ယူခြင်းနှင်း ဖုန်းငွေဖြည့်ခြင်းတို့ကို လုပ်ဆောင်သော သုံးစွဲသူများသည် အမှတ်တရလက်ဆောင်ရရှိမည်ဖြစ်ပါသည်။

အူရီဒူးအသုံးပြုသူများအနေဖြင့် ၅၀၀၀ကျပ်ဖိုး ဖုန်းငွေဖြည့်ပါက အူရီဒူး၏ သင်္ကြန်ရေပုံးတစ်ပုံးလက်ဆောင်ရရှိမည်ဖြစ်ပါသည်။ အူရီဒူးဆင်းကတ်တစ်ကတ်ဝယ်ယူပြီး ဖုန်းငွေ ၁၀၀၀၀ကျပ်ဖြည့်သော သုံးစွဲသူများအနေဖြင့် အူရီဒူး၏ မျက်နှာသုတ်ပုဝါကို လက်ဆောင်ရရှိမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဖွင့်လှစ်ထားသော အူရီဒူးအမှတ်တံဆိပ်အရောင်းဆိုင်များ နှင့် ကျေးလက်အရောင်းဆိုင်ပေါင်း ၂၀၀တွင် အူရီဒူးအသုံးပြုသူများတွက် အူရီဒူးဆင်းကတ်နှင့် ဖုန်းငွေဖြည့်ခြင်း ဝန်ဆောင်မှုများကို ပေးအပ်လျှက်ရှိပါသည်။ အူရီဒူးမြန်မာမှ မြန်မာပြည်သူပြည်သားများအားလုံးကို “အတာသင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှဲရင်း မြန်မာနှစ်သစ်ကူးမှာ ပျော်ရွှင်ကြပို့စေလို့ ဆုဆောင်းလိုက်ပါတယ်”။ အူရီဒူး၏ လက်ဆောင်များနှင့်အတူ အတာသင်္ကြန်ကို ဆင်နွှဲလိုက်ပါစို့။

%d bloggers like this: