396 Shares 57 Views

ေရြးေကာက္ပြဲ အႏိုင္ရတဲ့ ပူတင္ကို ဂုဏ္ျပဳတဲ့အေနျဖင့္ ထြက္လာတဲ့ ေရႊ iPhone X

Mar 22, 2018
396 57

ရုရွား ကုမၸဏီ Caviar က ေရြးေကာက္ပြဲ အႏိုင္ရတဲ့ ပူတင္ကို ဂုဏ္ျပဳတဲ့အေနျဖင့္ ေရႊ iPhone X ကို ထုတ္လုပ္ေရာင္းခ်ေပးလိုက္ပါယ္။ Caviar ဟာ ယခင္ကလည္း စိန္ ၊ ေရႊမ်ားျဖင့္ အလွဆင္ထားတဲ့ iPhone X ေမာ္ဒယ္မ်ားကို ေရာင္းခ်ေပးထားပါတယ္။ ယခု ဖုန္း အမည္ကို iPhone X Putin Golden Age လို႔ အမည္ေပးထားၿပီး ၿပီးခဲ့တဲ့ တစ္ပတ္က ဗလာဒီမာ ပူတင္ရဲ႕ ရုရွား ေရြးေကာက္ပြဲမွာ အႏို္င္ရရွိျခင္းကို ဂုဏ္ျပဳတဲ့ အေနျဖင့္ ဖန္တီးထားတာ ျဖစ္ပါတယ္။ ပူတင္ဟာ ႏိုင္ငံသားမ်ားရဲ႕ ေထာက္ခံမဲမ်ားကို ၇၆ ရာခုိင္ႏႈန္းေက်ာ္ ရရွိခဲ့ပါတယ္။

iPhone X မွာ ေရႊျဖင့္ ဖန္တီးထားတဲ့ Case တစ္ခုကို တပ္ဆင္ထားတဲ့ အစား Caviar က ဖုန္းရဲ႕ အေနာက္ဘက္ကို ျပန္လည္ ျပင္ဆင္ထားပါတယ္။ အေနာက္ဘက္ အလယ္ဗဟိုမွာ Apple Logo အစား ပူတင္ရဲ႕ မ်က္ႏွာကို ထြင္းထုထားပါတယ္။ ပူတင္ မ်က္နွာရဲ႕ ေအာက္ဘက္မွာ ရုရွား ဖယ္ဒေရးရွင္းရဲ႕ လိုဂိုကို ထြင္းထုထားပါတယ္။ သူ႔ရဲ႕ ေအာက္ဘက္မွာေတာ့ ကရင္မလင္ နန္းေတာ္ကို သံုးဖက္ျမင္ပံုသ႑ာန္ျဖင့္ ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ သူ႔ရဲ႕ ေအာက္ဘက္မွာ “ အေတာက္ပဆံုး အနာဂတ္အတြက္ ကြ်န္ေတာ္တို႔ အဆင္သင့္ ျဖစ္ေနပါၿပီ။ ကြ်န္ေတာ္တုိ႔ ပန္းတိုင္ကို ေရာက္ေအာင္သြားမွာပါ။ “ လို႔ အဓိပၸါယ္ရတဲ့ စာသားကို ရုရွား ဘာသာျဖင့္ ေရးသားထားပါတယ္။

ခလုတ္မ်ား အပါအ၀င္ အဲဒီ ဖုန္းကို ၂၄ ကာရက္ ေရႊျဖင့္ တည္ေဆာက္ထားပါတယ္။ စုစုေပါင္း ၇၆ လံုးသာ ထုတ္လုပ္ေပးထားၿပီး ဖုန္းတိုင္းရဲ႕ ေဘးဘက္မွာ Serial Number ကို ေရးထိုးထားပါတယ္။ ၇၆ လံုးဟာ မဲ ရာခုိင္ႏႈန္း ၇၆ ကို ရည္ညႊန္းပါတယ္။ 64GB Version ကို ရုရွား ရူဘယ္ ၂၆၉ ၀၀၀ ( ၄၆၀၀ ေဒၚလာ) နဲ႔ 256GB Version ကို ရူဘယ္ ၂၈၄ ၀၀၀ (ေဒၚလာ ၅၀၀၀) သတ္မွတ္ထားပါတယ္။

Ref : gsmarena

unicode

ရွေးကောက်ပွဲ အနိုင်ရတဲ့ ပူတင်ကို ဂုဏ်ပြုတဲ့အနေဖြင့် ထွက်လာတဲ့ ရွှေ iPhone X

ရုရှား ကုမ္ပဏီ Caviar က ရွေးကောက်ပွဲ အနိုင်ရတဲ့ ပူတင်ကို ဂုဏ်ပြုတဲ့အနေဖြင့် ရွှေ iPhone X ကို ထုတ်လုပ်ရောင်းချပေးလိုက်ပါယ်။ Caviar ဟာ ယခင်ကလည်း စိန် ၊ ရွှေများဖြင့် အလှဆင်ထားတဲ့ iPhone X မော်ဒယ်များကို ရောင်းချပေးထားပါတယ်။ ယခု ဖုန်း အမည်ကို iPhone X Putin Golden Age လို့ အမည်ပေးထားပြီး ပြီးခဲ့တဲ့ တစ်ပတ်က ဗလာဒီမာ ပူတင်ရဲ့ ရုရှား ရွေးကောက်ပွဲမှာ အနိုင်ရရှိခြင်းကို ဂုဏ်ပြုတဲ့ အနေဖြင့် ဖန်တီးထားတာ ဖြစ်ပါတယ်။ ပူတင်ဟာ နိုင်ငံသားများရဲ့ ထောက်ခံမဲများကို ၇၆ ရာခိုင်နှုန်းကျော် ရရှိခဲ့ပါတယ်။

iPhone X မှာ ရွှေဖြင့် ဖန်တီးထားတဲ့ Case တစ်ခုကို တပ်ဆင်ထားတဲ့ အစား Caviar က ဖုန်းရဲ့ အနောက်ဘက်ကို ပြန်လည် ပြင်ဆင်ထားပါတယ်။ အနောက်ဘက် အလယ်ဗဟိုမှာ Apple Logo အစား ပူတင်ရဲ့ မျက်နှာကို ထွင်းထုထားပါတယ်။ ပူတင် မျက်နှာရဲ့ အောက်ဘက်မှာ ရုရှား ဖယ်ဒရေးရှင်းရဲ့ လိုဂိုကို ထွင်းထုထားပါတယ်။ သူ့ရဲ့ အောက်ဘက်မှာတော့ ကရင်မလင် နန်းတော်ကို သုံးဖက်မြင်ပုံသဏ္ဍာန်ဖြင့် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အောက်ဘက်မှာ “ အတောက်ပဆုံး အနာဂတ်အတွက် ကျွန်တော်တို့ အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော်တို့ ပန်းတိုင်ကို ရောက်အောင်သွားမှာပါ။ “ လို့ အဓိပ္ပါယ်ရတဲ့ စာသားကို ရုရှား ဘာသာဖြင့် ရေးသားထားပါတယ်။

ခလုတ်များ အပါအဝင် အဲဒီ ဖုန်းကို ၂၄ ကာရက် ရွှေဖြင့် တည်ဆောက်ထားပါတယ်။ စုစုပေါင်း ၇၆ လုံးသာ ထုတ်လုပ်ပေးထားပြီး ဖုန်းတိုင်းရဲ့ ဘေးဘက်မှာ Serial Number ကို ရေးထိုးထားပါတယ်။ ၇၆ လုံးဟာ မဲ ရာခိုင်နှုန်း ၇၆ ကို ရည်ညွှန်းပါတယ်။ 64GB Version ကို ရုရှား ရူဘယ် ၂၆၉ ၀၀၀ ( ၄၆၀၀ ဒေါ်လာ) နဲ့ 256GB Version ကို ရူဘယ် ၂၈၄ ၀၀၀ (ဒေါ်လာ ၅၀၀၀) သတ်မှတ်ထားပါတယ်။

Ref : gsmarena

You may be interested

အသစ္ ထြက္ရွိလာတဲ့ 10.5-inch iPad Air နဲ႔ 7.9-inch iPad mini
Apple, Mobiles & Tablets, NEWS
0 shares0 views

အသစ္ ထြက္ရွိလာတဲ့ 10.5-inch iPad Air နဲ႔ 7.9-inch iPad mini

Nigma - Mar 19, 2019

Apple က iPad ေမာ္ဒယ္သစ္ႏွစ္မ်ိဳးကို တိတ္တဆိတ္ မိတ္ဆက္လိုက္ပါတယ္။ တတိယမ်ိဳးဆက္ 10.5-inch iPad Air နဲ႔ ပၪၥမမ်ိဳးဆက္ 7.9-inch iPad mini ပါ။ iPad Air အသစ္မွာ 10.5-inch Retina Display အသစ္…

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္
Mobiles & Tablets, NEWS
243 shares160 views

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္

Nigma - Mar 19, 2019

ယေန႔မွာ Xiaomi က မ်ိဳးဆက္သစ္ Black Shark 2 ဂိမ္းမင္းဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ ပထမ Black Shark ဖုန္းက နာမည္ေကာင္းရခဲ့သလိုပဲ အခု Black Shark 2 ဟာလည္း ေသခ်ာေပါက္ လူႀကိဳက္မ်ားမယ့္ ဖုန္းတလုံးပါ။ Black…

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ
Android, HUBS, Mobiles & Tablets
102 shares157 views

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ

Ko Thuya - Mar 19, 2019

OPPO A5 ရဲ႕ အမႊာတစ္ေယာက္ ထြက္ေပၚလာပါတယ္။ သူကေတာ့ OPPO A5s ျဖစ္ပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ သူ႔ကို AX5 , AX5s အမည္မ်ားနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ AX5 မွာ Helio P35 နဲ႔…

Leave a Comment

Most from this category