Full Screen နဲ့ Notch ပါတဲ့ Sharp Aquos S3 mini

Sharp က Full Screen နဲ့ Notch ပါတဲ့ Aquos S3 mini ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရွယ်အစားမှာ ၅.၅ လက်မ ဖြစ်ပြီး မျက်နှာပြင် အချိုးမှာ 17:9 ဖြစ်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ 1080x2040p ဖြစ်ပါတယ်။ သူ့မှာ Aquos S2 နဲ့ တူညီတဲ့ Notch ပါလာပါတယ်။

သူ့မှာ S2 မှာလို Qualcomm Snapdragon 630 Chipset ထည့်သွင်းထားပါတယ်။ 6GB RAM , 64GB Storage များ ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။ သူ့မှာ အနောက် ကင်မရာ နှစ်လုံးတော့ မပါဘဲ 16MP Rear Camera တစ်လုံးသာ ထည့်သွင်းထားပါတယ်။ ကင်မရာမှာ Phase Detection Autofocus နည်းပညာ ထည့်သွင်းထားပါတယ်။

အရှေ့ဘက်မှာ 20MP Selfie Camera တပ်ဆင်ထားပြီး S2 ရဲ့ 8MP Selfie Camera ထက် များစွာ တိုးတက်လာပါတယ်။ ကင်မရာ နှစ်လုံးစလုံးမှာ ဉာဏ်ရည်တု နည်းပညာ ထည့်သွင်းထားပါတယ်။ Android 7.1 Nougat ထည့်သွင်းထားပြီး ဘက်ထရီမှာ 3020mAh ဖြစ်ပါတယ်။ USB-C Port ပါရှိတဲ့အတွက် အားသွင်းရာမှာ လျှင်မြန်ပါတယ်။

Selfie Camera မှာ မျက်နှာကို ခွဲခြမ်းစိတ်ဖြာတဲ့နည်းပညာ ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ရဲ့ အောက်မှာ လက်ဗွေရာအာရုံခံ ကိရိယာ ထည့်သွင်းထားပါတယ်။ JD.com ကနေ ကြိုတင်မှာယူနိုင်ပါပြီ။ ဈေးနှုန်း သက်သာပြီး ၂၅၀ ဒေါ်လာသာ ရှိပါတယ်။

Ref : gsmarena

unicode

%d bloggers like this: