269 Shares 150 Views

Facebook မွာ Posts မ်ားကို ထိေရာက္စြာ ရွာေဖြႏိုင္မယ့္ နည္းလမ္းမ်ား

Mar 22, 2018
269 150

Facebook က Posts, Photos, Videos မ်ားကို အလြယ္တကူ ရွာေဖြႏိုင္တဲ့ စြမ္းေဆာင္ခ်က္ကို ထည့္သြင္းေပးထားပါတယ္။ Facebook က Graph Search အေပၚ အေျခခံၿပီး အဲဒီစြမ္းေဆာင္ခ်က္ကို တည္ေဆာက္ထားတာပါ။ စြမ္းေဆာင္ခ်က္ အသစ္ဟာ သင္ရဲ႕ ပို႔စ္မ်ား၊ သူငယ္ခ်င္းမ်ားရဲ႕ ပို႔စ္မ်ားနဲ႔ Pages မ်ားမွ ပို႔စ္မ်ား အားလံုးကို ရွာေဖြေပးႏုိင္ပါတယ္။ ပို႔စ္ေတြကို ရွာရတာ လြယ္ကူပါတယ္။ Search Box မွာ စကားလံုးေတြ ရိုက္ထည့္ေပးရံုပါပဲ။

Search Box မွာ စာရိုက္ထည့္ၿပီးရင္ Graph Search က အၾကံျပဳျပသေပးမွာပါ။ အၾကံျပဳခ်က္ေတြထဲမွာ Page, App, Friends ေတြကိုပါ ေတြ႔ရတတ္ပါတယ္။ ပို႔စ္ေတြကို ရွာမယ္ဆိုရင္ေတာ့ အၾကံျပဳခ်က္မ်ားရဲ႕ ေအာက္ဆံုးမွာ ရွိတတ္တဲ့ သင္ရွာေဖြတဲ့ စာသားနဲ႔ မွန္ဘီလူးပံု တြဲလ်က္ျပထားတဲ့ Option ကို ႏွိပ္ရပါမယ္။

ဒါဆိုရင္ ေနာက္ စာမ်က္ႏွာတစ္ခုကို ေရာက္သြားမွာ ျဖစ္ၿပီး ရွာေဖြမႈရလဒ္ေတြကို ျပသေပးမွာပါ။ အေပၚဆံုးမွာေတာ့ Posts, People, Photos, Pages, Places စတဲ့ က႑ေတြကို ခြဲျခားျပသေပးထားပါတယ္။ Default အားျဖင့္ Posts ကို ေရြးခ်ယ္ေပးထားတဲ့အတြက္ ပို႔စ္ရွာမယ္ဆိုရင္ ဘာမွေျပာင္းလဲစရာမလိုပါဘူး။ ဓါတ္ပံု၊ သူငယ္ခ်င္း စတာေတြ ရွာမယ္ဆိုရင္ေတာ့ သက္ဆိုင္ရာ က႑ကို ေျပာင္းလဲၾကည့္ရႈရပါမယ္။

Search Box မွာ စကားလံုးေတြ ရိုက္ထည့္ရွာေဖြရတာ မခက္ေပမယ့္ လိုခ်င္တဲ့ ပို႔စ္ကို အလြယ္တကူ ရွာေတြ႕ဖို႔ Tips အနည္းငယ္ေပးခ်င္ပါတယ္။

စကားလံုး သို႔မဟုတ္ Keyword ေတြကို စဥ္းစားပါ။

Graph Search က Google Search လိုျဖစ္ၿပီး စကားလံုး အနည္းငယ္ရိုက္ထည့္တာက ပိုေကာင္းတဲ့ ရလဒ္ကို ရရွိပါတယ္။ “that time when I was at the beach with James.” လို စကားလံုး အမ်ားႀကီးနဲ႔ မရွာဘဲ “ James beach” လို႔ ရွာရင္ ရလဒ္ေကာင္းကို ရမွာပါ။

နာမည္နဲ႔ ရွာပါ။

သင့္ရဲ႕ ပို႔စ္ကို ရွာမယ္ဆိုရင္ ရွာေဖြတဲ့ စကားလံုးရဲ႕ အေရွ႕မွာ သင့္နာမည္ပါထည့္ ရွာရင္ ရလဒ္ေကာင္းကို ရရွိပါတယ္။ သူငယ္ခ်င္းရဲ႕ ပို႔စ္ကို ရွာမယ္ဆိုရင္ေတာ့ သူ႔နာမည္ကို အေရွ႕မွာ ထည့္ေပးပါ။

Scroll ျပဳလုပ္ပါ။

ရလဒ္ေတြကို အစီအစဥ္နဲ႔ ျပသတာမဟုတ္ပါဘူး။ အဲဒီအတြက္ သင္ရွာေဖြတာကို မေတြ႔ရင္ ေအာက္ဘက္ကို Scroll လုပ္ၿပီး ရွာပါ။

က႑မ်ား ေျပာင္းလဲရွာပါ။

Desktop မွာေတာ့ ထိပ္ဆံုးမွာ က႑ေတြကို ျပသေပးထားတဲ့ အတြက္ လြယ္ကူစြာ ေျပာင္းလဲႏုိင္ပါတယ္။ မိုဘုိင္းဖုန္းေတြမွာ ဆုိရင္လည္း ဒီနည္းအတိုင္းပဲ က႑ေတြကို ေျပာင္းလဲရမွာ ျဖစ္ပါတယ္။

Facebook Graph Search ဟာ အလြန္ အစြမ္းထက္တဲ့ Tool တစ္ခုျဖစ္ပါတယ္။ အဆက္အသြယ္မရတဲ့ မိတ္ေဆြေဟာင္းေတြကိုရွာေဖြတာ၊ ေက်ာင္းေနဖက္ သူငယ္ခ်င္းေတြကို ရွာေဖြတာ၊ ခရီးသြားလာသင့္တဲ့ ေနရာေတြကို ရွာေဖြတာ၊ အလုပ္အကိုင္အသစ္ေတြကို ရွာေဖြတာေတြကို ျပဳလုပ္ေပးႏုိင္ပါတယ္။

Ref: cnet

Facebook မှာ Posts များကို ထိရောက်စွာ ရှာဖွေနိုင်မယ့် နည်းလမ်းများ

Facebook က Posts, Photos, Videos များကို အလွယ်တကူ ရှာဖွေနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ Facebook က Graph Search အပေါ် အခြေခံပြီး အဲဒီစွမ်းဆောင်ချက်ကို တည်ဆောက်ထားတာပါ။ စွမ်းဆောင်ချက် အသစ်ဟာ သင်ရဲ့ ပို့စ်များ၊ သူငယ်ချင်းများရဲ့ ပို့စ်များနဲ့ Pages များမှ ပို့စ်များ အားလုံးကို ရှာဖွေပေးနိုင်ပါတယ်။ ပို့စ်တွေကို ရှာရတာ လွယ်ကူပါတယ်။ Search Box မှာ စကားလုံးတွေ ရိုက်ထည့်ပေးရုံပါပဲ။

Search Box မှာ စာရိုက်ထည့်ပြီးရင် Graph Search က အကြံပြုပြသပေးမှာပါ။ အကြံပြုချက်တွေထဲမှာ Page, App, Friends တွေကိုပါ တွေ့ရတတ်ပါတယ်။ ပို့စ်တွေကို ရှာမယ်ဆိုရင်တော့ အကြံပြုချက်များရဲ့ အောက်ဆုံးမှာ ရှိတတ်တဲ့ သင်ရှာဖွေတဲ့ စာသားနဲ့ မှန်ဘီလူးပုံ တွဲလျက်ပြထားတဲ့ Option ကို နှိပ်ရပါမယ်။

ဒါဆိုရင် နောက် စာမျက်နှာတစ်ခုကို ရောက်သွားမှာ ဖြစ်ပြီး ရှာဖွေမှုရလဒ်တွေကို ပြသပေးမှာပါ။ အပေါ်ဆုံးမှာတော့ Posts, People, Photos, Pages, Places စတဲ့ ကဏ္ဍတွေကို ခွဲခြားပြသပေးထားပါတယ်။ Default အားဖြင့် Posts ကို ရွေးချယ်ပေးထားတဲ့အတွက် ပို့စ်ရှာမယ်ဆိုရင် ဘာမှပြောင်းလဲစရာမလိုပါဘူး။ ဓါတ်ပုံ၊ သူငယ်ချင်း စတာတွေ ရှာမယ်ဆိုရင်တော့ သက်ဆိုင်ရာ ကဏ္ဍကို ပြောင်းလဲကြည့်ရှုရပါမယ်။

Search Box မှာ စကားလုံးတွေ ရိုက်ထည့်ရှာဖွေရတာ မခက်ပေမယ့် လိုချင်တဲ့ ပို့စ်ကို အလွယ်တကူ ရှာတွေ့ဖို့ Tips အနည်းငယ်ပေးချင်ပါတယ်။

စကားလုံး သို့မဟုတ် Keyword တွေကို စဉ်းစားပါ။

Graph Search က Google Search လိုဖြစ်ပြီး စကားလုံး အနည်းငယ်ရိုက်ထည့်တာက ပိုကောင်းတဲ့ ရလဒ်ကို ရရှိပါတယ်။ “that time when I was at the beach with James.” လို စကားလုံး အများကြီးနဲ့ မရှာဘဲ “ James beach” လို့ ရှာရင် ရလဒ်ကောင်းကို ရမှာပါ။

နာမည်နဲ့ ရှာပါ။

သင့်ရဲ့ ပို့စ်ကို ရှာမယ်ဆိုရင် ရှာဖွေတဲ့ စကားလုံးရဲ့ အရှေ့မှာ သင့်နာမည်ပါထည့် ရှာရင် ရလဒ်ကောင်းကို ရရှိပါတယ်။ သူငယ်ချင်းရဲ့ ပို့စ်ကို ရှာမယ်ဆိုရင်တော့ သူ့နာမည်ကို အရှေ့မှာ ထည့်ပေးပါ။

Scroll ပြုလုပ်ပါ။

ရလဒ်တွေကို အစီအစဉ်နဲ့ ပြသတာမဟုတ်ပါဘူး။ အဲဒီအတွက် သင်ရှာဖွေတာကို မတွေ့ရင် အောက်ဘက်ကို Scroll လုပ်ပြီး ရှာပါ။

ကဏ္ဍများ ပြောင်းလဲရှာပါ။

Desktop မှာတော့ ထိပ်ဆုံးမှာ ကဏ္ဍတွေကို ပြသပေးထားတဲ့ အတွက် လွယ်ကူစွာ ပြောင်းလဲနိုင်ပါတယ်။ မိုဘိုင်းဖုန်းတွေမှာ ဆိုရင်လည်း ဒီနည်းအတိုင်းပဲ ကဏ္ဍတွေကို ပြောင်းလဲရမှာ ဖြစ်ပါတယ်။

Facebook Graph Search ဟာ အလွန် အစွမ်းထက်တဲ့ Tool တစ်ခုဖြစ်ပါတယ်။ အဆက်အသွယ်မရတဲ့ မိတ်ဆွေဟောင်းတွေကိုရှာဖွေတာ၊ ကျောင်းနေဖက် သူငယ်ချင်းတွေကို ရှာဖွေတာ၊ ခရီးသွားလာသင့်တဲ့ နေရာတွေကို ရှာဖွေတာ၊ အလုပ်အကိုင်အသစ်တွေကို ရှာဖွေတာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

Ref: cnet

You may be interested

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ iPhone XS နဲ႔ iPhone XS Max တို႔ကို ေရာင္းခ်ေပးလိုက္ပါတယ္။ Apple အေရး ကြ်မ္းက်င္တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက္…

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ
HUBS, Microsoft
63 shares12 views

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ

Creepy Tyler - Sep 25, 2018

Microsoft ကေတာ့ Surface Hub 2 ကို ျပသခဲ့ၿပီး ၊ ေနာက္ဆံုးထြက္ျဖစ္လာမယ့္ ဒီ device မွာ ပါလာမယ့္  Rotating Display အမည္ရ device ပံုစံအတုိင္း လိုက္ေလ်ာညီေထြ ေျပာင္းလဲျပသေပးမယ့္ နည္းပညာကိုလည္း တစ္ခါတည္း ျပသခဲ့ပါတယ္။…

Google Chrome ကို ႏွံ႔ႏွံ႔စပ္စပ္အသံုးျပဳႏုိင္မယ့္ နည္းလမ္းမ်ား
FEATURES, HOW TO, Softwares & Application
323 shares98 views

Google Chrome ကို ႏွံ႔ႏွံ႔စပ္စပ္အသံုးျပဳႏုိင္မယ့္ နည္းလမ္းမ်ား

Ko Thuya - Sep 25, 2018

Google Chrome ဟာ ကမာၻမွာ လူသံုးအမ်ားဆံုး ၀က္ဘေရာက္စာ တစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ Google Chrome မွာ လူသိနည္းတဲ့ လွိ်ဳ႕၀ွက္ စြမ္းေဆာင္ခ်က္မ်ား ပါရွိပါတယ္။ အဲဒီအထဲမွာ Chrome ကို Text Editor လို အသံုးျပဳျခင္း၊…

Leave a Comment

Most from this category