136 Shares 84 Views

Facebook ကို ခဏတာ Block လုပ္ႏိုင္မယ့္ Tools ေလးခု

Mar 22, 2018
136 84

Social Media ေတြကို အသံုးျပဳသူေတြဟာ တစ္ျဖည္းျဖည္း ျမင့္မားေနပါတယ္။ စမတ္ဖုန္ုး အသံုးျပဳသူေတြ မ်ားျပားလာတာနဲ႔ အမွ် Facebook အသံုးျပဳသူ အေရအတြက္ဟာလည္း ကြ်န္ေတာ္တို႔ႏိုင္ငံမွာ တဟုန္ထိုးျမင့္မားလာေနပါတယ္။ Social Media ေတြက လူေတြအေပၚ နည္းလမ္းမ်ိဳးစံုနဲ႔ ဖမ္းစား စြဲေဆာင္ေနၾကပါတယ္။ အဲဒီအတြက္ Facebook ကို အသံုးျပဳသူေတြထဲမွာ အလြန္အကြ်ံ စြဲလမ္းၿပီး အသံုးျပဳေနသူေတြလည္း မ်ားျပားလာပါၿပီ။ တစ္ခ်ိဳ႕ဆို အလုပ္ပ်က္ ၊ အကိုင္ပ်က္ ျဖစ္တဲ့ အထိေအာင္ စြဲလမ္းစြာ အသံုးျပဳေနၾကပါတယ္။ သူတို႔ကိုယ္ သူတို႔လည္း မထိန္းခ်ဳပ္ႏုိင္ေတာ့ပါဘူး။ အဲဒီလို လူေတြအတြက္ Facebook ကို အခ်ိန္နဲ႔ ကန္႔သတ္ၿပီး အသံုးျပဳႏိုင္ဖို႔ ထိန္းေက်ာင္းေပးႏုိင္တဲ့ Tools ေတြကို တီထြင္လာၾကတာ ျဖစ္ပါတယ္။

LeechBlock (Firefox)

LeechBlock က Firefox ဘေရာက္စာ အတြက္ Addon ျဖစ္ပါတယ္။ LeechBlock ကို အင္စေတာ လုပ္ၿပီးရင္ အသံုးျပဳမႈကို ခဏတာ ပိတ္ထားခ်င္တဲ့ ၀က္ဆိုက္ေတြကို သတ္မွတ္ဖို႔ က႑ ေျခာက္ခုကို ပံ့ပိုးေပးထားပါတယ္။ တစ္ပတ္မွာ Facebook အသံုးျပဳမႈကို ပိတ္ထားခ်င္တဲ့ ေန႔ရက္ေတြကို သတ္မွတ္ႏုိင္ပါတယ္။ အခ်ိန္ အပိုင္းအျခားတစ္ခု သတ္မွတ္ၿပီး ပိတ္ထားလို႔လည္း ရပါတယ္။ သတ္မွတ္ထားတဲ့ ေန႔ရက္ေတြကို Repeat လုပ္ႏိုင္ပါတယ္။
က႑တစ္ခုခ်င္းစီကို Customize လုပ္ႏုိင္တဲ့အတြက္ လူမႈကြန္ရက္ေတြကို ေန႔ဘက္မွာ ပိတ္ထားၿပီး အလုပ္ကိစၥနဲ႔ ပတ္သက္တဲ့ ၀က္ဆိုက္ေတြကို ညဘက္မွာ ပိတ္ထားႏုိင္ပါတယ္။ Porn Site ေတြကို အျမဲတမ္း ပိတ္ထားႏုိင္ပါတယ္။ Firefox အသံုးျပဳသူေတြအတြက္ LeechBlock က တန္ဖိုးရွိတဲ့ အခ်ိန္ေတြ ထြက္ရွိလာေစမွာပါ။

StayFocusd (Chrome)

StayFocusd ကလည္း LeechBlock လို စြမ္းေဆာင္ႏိုင္ေပမယ့္ Chrome အတြက္ ျဖစ္ပါတယ္။ သင္ အလြန္စြဲလမ္းၿပီး အလုပ္ပ်က္ ၊ အကိုင္ပ်က္ ျဖစ္ေလာက္ေအာင္ ၾကည့္ရႈေလ့ရွိတဲ့ ၀က္ဆိုက္ေတြကို ခဏတာ ပိတ္ပင္ထားခ်င္ရင္ StayFocusd က သင့္အတြက္ပါ။

သေဘာတရားခ်င္းကေတာ့ အတူတူပါပဲ။ ခဏတာ ပိတ္ထားခ်င္တဲ့ ၀က္ဆိုက္ေတြကို ေန႔ရက္၊ အခ်ိန္ အပိုင္းအျခားမ်ားနဲ႔ ပိတ္ပင္ထားႏုိင္ပါတယ္။ LeechBlock နဲ႔ မတူတာက StayFocusd မွာ ၀က္ဆိုက္မ်ား သတ္မွတ္ဖို႔ က႑တစ္ခုပဲ ပါရွိတာပါ။

“Max Time Allowed” Setting ပါရွိၿပီး ပိတ္ထားတဲ့ ၀က္ဆိုက္ေတြကို ခဏတာ ၾကည့္ရႈႏိုင္ပါတယ္။ ဥပမာ အားျဖင့္ Facebook အသံုးျပဳမႈကို ပိတ္ထားေပမယ့္ “ Max Time Allowed” Setting မွာ မိနစ္ သံုးဆယ္သတ္မွတ္ထားရင္ Facebook ကို ပိတ္ထားတဲ့ ေန႔ရက္၊ အခိ်န္အပိုင္းအျခား အတြင္းမွာေတာင္ မိနစ္ သံုးဆယ္ၾကာ အသံုးျပဳႏုိင္မွာပါ။

ColdTurkey (Windows)

ColdTurkey က Desktop Program ျဖစ္တဲ့အတြက္ Browser Level ထက္ပိုၿပီး Computer Level အထိပါ ပိတ္ပင္မႈေတြ လုပ္ေပးႏုိင္ပါတယ္။ သင္ ဘယ္ဘေရာက္စာကို သံုးသံုး ColdTurkey က ၀က္ဆုိက္ေတြကို ပိတ္ေပးထားႏုိင္ပါတယ္။ ဒါ့အျပင္ Steam လို Video Game Program ေတြကိုလည္း ပိတ္ေပးထားႏုိင္ပါတယ္။ ၀က္ဆိုက္ေတြ သာမက Program ေတြကိုပါ ပိတ္ေပးထားႏုိင္တာပါ။ ColdTurkey ကို Task Manager, System Tray တို႔ကေန ပိတ္လို႔ မရသလို Uninstall လုပ္ဖို႔လည္း သင့္ခြင့္ျပဳခ်က္ ရရွိမွ လုပ္ႏုိင္မွာပါ။

xMinutesAt (Website)

xMinutesAt က Facebook နဲ႔ အျခား ၀က္ဆိုက္မ်ား အသံုးျပဳခ်ိန္ကို သတိေပးႏုိင္တဲ့ Web Tool တစ္ခု ျဖစ္ပါတယ္။ xMinutesAt ၀က္ဆုိက္ကိုသြားၿပီး Facebook လိပ္စာကို ထည့္ေပးၿပီး အခ်ိန္ သတ္မွတ္ေပးပါ။ သတ္မွတ္ထားတဲ့ အခ်ိန္ျပည့္သြားရင္ သင့္ကို သတိေပးပါလိမ့္မယ္။

xMinutesAt က Bookmarklet ျပဳလုပ္ေပးထားၿပီး သင့္ ဘေရာက္စာရဲ႕ Bookmark Bar ေပၚတင္ထားႏုိင္ပါတယ္။ Bookmarklet ကိုႏွိပ္ရင္ လက္ရွိ အသံုးျပဳေနတဲ့ ၀က္ဆိုက္အတြက္ အခ်ိန္ အကန္႔အသတ္ကို လွ်င္ျမန္စြာ သတ္မွတ္ႏိုင္မွာပါ။

ref : makeuseof

unicode

Facebook ကို ခဏတာ Block လုပ်နိုင်မယ့် Tools လေးခု

Social Media တွေကို အသုံးပြုသူတွေဟာ တစ်ဖြည်းဖြည်း မြင့်မားနေပါတယ်။ စမတ်ဖုန်ုး အသုံးပြုသူတွေ များပြားလာတာနဲ့ အမျှ Facebook အသုံးပြုသူ အရေအတွက်ဟာလည်း ကျွန်တော်တို့နိုင်ငံမှာ တဟုန်ထိုးမြင့်မားလာနေပါတယ်။ Social Media တွေက လူတွေအပေါ် နည်းလမ်းမျိုးစုံနဲ့ ဖမ်းစား စွဲဆောင်နေကြပါတယ်။ အဲဒီအတွက် Facebook ကို အသုံးပြုသူတွေထဲမှာ အလွန်အကျွံ စွဲလမ်းပြီး အသုံးပြုနေသူတွေလည်း များပြားလာပါပြီ။ တစ်ချို့ဆို အလုပ်ပျက် ၊ အကိုင်ပျက် ဖြစ်တဲ့ အထိအောင် စွဲလမ်းစွာ အသုံးပြုနေကြပါတယ်။ သူတို့ကိုယ် သူတို့လည်း မထိန်းချုပ်နိုင်တော့ပါဘူး။ အဲဒီလို လူတွေအတွက် Facebook ကို အချိန်နဲ့ ကန့်သတ်ပြီး အသုံးပြုနိုင်ဖို့ ထိန်းကျောင်းပေးနိုင်တဲ့ Tools တွေကို တီထွင်လာကြတာ ဖြစ်ပါတယ်။

LeechBlock (Firefox)

LeechBlock က Firefox ဘရောက်စာ အတွက် Addon ဖြစ်ပါတယ်။ LeechBlock ကို အင်စတော လုပ်ပြီးရင် အသုံးပြုမှုကို ခဏတာ ပိတ်ထားချင်တဲ့ ဝက်ဆိုက်တွေကို သတ်မှတ်ဖို့ ကဏ္ဍ ခြောက်ခုကို ပံ့ပိုးပေးထားပါတယ်။ တစ်ပတ်မှာ Facebook အသုံးပြုမှုကို ပိတ်ထားချင်တဲ့ နေ့ရက်တွေကို သတ်မှတ်နိုင်ပါတယ်။ အချိန် အပိုင်းအခြားတစ်ခု သတ်မှတ်ပြီး ပိတ်ထားလို့လည်း ရပါတယ်။ သတ်မှတ်ထားတဲ့ နေ့ရက်တွေကို Repeat လုပ်နိုင်ပါတယ်။
ကဏ္ဍတစ်ခုချင်းစီကို Customize လုပ်နိုင်တဲ့အတွက် လူမှုကွန်ရက်တွေကို နေ့ဘက်မှာ ပိတ်ထားပြီး အလုပ်ကိစ္စနဲ့ ပတ်သက်တဲ့ ဝက်ဆိုက်တွေကို ညဘက်မှာ ပိတ်ထားနိုင်ပါတယ်။ Porn Site တွေကို အမြဲတမ်း ပိတ်ထားနိုင်ပါတယ်။ Firefox အသုံးပြုသူတွေအတွက် LeechBlock က တန်ဖိုးရှိတဲ့ အချိန်တွေ ထွက်ရှိလာစေမှာပါ။

StayFocusd (Chrome)

StayFocusd ကလည်း LeechBlock လို စွမ်းဆောင်နိုင်ပေမယ့် Chrome အတွက် ဖြစ်ပါတယ်။ သင် အလွန်စွဲလမ်းပြီး အလုပ်ပျက် ၊ အကိုင်ပျက် ဖြစ်လောက်အောင် ကြည့်ရှုလေ့ရှိတဲ့ ဝက်ဆိုက်တွေကို ခဏတာ ပိတ်ပင်ထားချင်ရင် StayFocusd က သင့်အတွက်ပါ။

သဘောတရားချင်းကတော့ အတူတူပါပဲ။ ခဏတာ ပိတ်ထားချင်တဲ့ ဝက်ဆိုက်တွေကို နေ့ရက်၊ အချိန် အပိုင်းအခြားများနဲ့ ပိတ်ပင်ထားနိုင်ပါတယ်။ LeechBlock နဲ့ မတူတာက StayFocusd မှာ ဝက်ဆိုက်များ သတ်မှတ်ဖို့ ကဏ္ဍတစ်ခုပဲ ပါရှိတာပါ။

“Max Time Allowed” Setting ပါရှိပြီး ပိတ်ထားတဲ့ ဝက်ဆိုက်တွေကို ခဏတာ ကြည့်ရှုနိုင်ပါတယ်။ ဥပမာ အားဖြင့် Facebook အသုံးပြုမှုကို ပိတ်ထားပေမယ့် “ Max Time Allowed” Setting မှာ မိနစ် သုံးဆယ်သတ်မှတ်ထားရင် Facebook ကို ပိတ်ထားတဲ့ နေ့ရက်၊ အချိန်အပိုင်းအခြား အတွင်းမှာတောင် မိနစ် သုံးဆယ်ကြာ အသုံးပြုနိုင်မှာပါ။

ColdTurkey (Windows)

ColdTurkey က Desktop Program ဖြစ်တဲ့အတွက် Browser Level ထက်ပိုပြီး Computer Level အထိပါ ပိတ်ပင်မှုတွေ လုပ်ပေးနိုင်ပါတယ်။ သင် ဘယ်ဘရောက်စာကို သုံးသုံး ColdTurkey က ဝက်ဆိုက်တွေကို ပိတ်ပေးထားနိုင်ပါတယ်။ ဒါ့အပြင် Steam လို Video Game Program တွေကိုလည်း ပိတ်ပေးထားနိုင်ပါတယ်။ ဝက်ဆိုက်တွေ သာမက Program တွေကိုပါ ပိတ်ပေးထားနိုင်တာပါ။ ColdTurkey ကို Task Manager, System Tray တို့ကနေ ပိတ်လို့ မရသလို Uninstall လုပ်ဖို့လည်း သင့်ခွင့်ပြုချက် ရရှိမှ လုပ်နိုင်မှာပါ။

xMinutesAt (Website)

xMinutesAt က Facebook နဲ့ အခြား ဝက်ဆိုက်များ အသုံးပြုချိန်ကို သတိပေးနိုင်တဲ့ Web Tool တစ်ခု ဖြစ်ပါတယ်။ xMinutesAt ဝက်ဆိုက်ကိုသွားပြီး Facebook လိပ်စာကို ထည့်ပေးပြီး အချိန် သတ်မှတ်ပေးပါ။ သတ်မှတ်ထားတဲ့ အချိန်ပြည့်သွားရင် သင့်ကို သတိပေးပါလိမ့်မယ်။

xMinutesAt က Bookmarklet ပြုလုပ်ပေးထားပြီး သင့် ဘရောက်စာရဲ့ Bookmark Bar ပေါ်တင်ထားနိုင်ပါတယ်။ Bookmarklet ကိုနှိပ်ရင် လက်ရှိ အသုံးပြုနေတဲ့ ဝက်ဆိုက်အတွက် အချိန် အကန့်အသတ်ကို လျှင်မြန်စွာ သတ်မှတ်နိုင်မှာပါ။

ref : makeuseof

You may be interested

ေမာင္းသူမဲ့ တင့္ကားနဲ႔ တိုက္ခိုက္ေရး ဒရုန္းမ်ား ဖန္တီးေနတဲ့ ရုရွား
NEWS, Softwares & Application, Tech Update
0 shares0 views

ေမာင္းသူမဲ့ တင့္ကားနဲ႔ တိုက္ခိုက္ေရး ဒရုန္းမ်ား ဖန္တီးေနတဲ့ ရုရွား

Ko Thuya - Mar 25, 2019

ရုရွားက စက္ရုပ္ စစ္သားမ်ားကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းကို ဗီဒီယိုတစ္ခုကေန မွ်ေ၀လိုက္ပါတယ္။ ကရင္မလင္က မွ်ေ၀လိုက္တဲ့ ဗီဒီယိုမွာ ရုရွားရဲ႕ ေနာက္ဆံုးထုတ္ ဒရုန္းနည္းပညာကို ျပသထားပါတယ္။ ဒါ့အျပင္ ေမာင္းသူမဲ့ တင့္ကားကို ျမင္ရပါတယ္။ တင့္ကားဟာ သူ႔ေဘးမွ စစ္သားရဲ႕ ေသနတ္ ခ်ိန္ရြယ္ရာ…

Split Screen ပါတဲ့ Browser ကို iPad အတြက္ ထုတ္လုပ္ေပးလိုက္တဲ့ Mozilla Firefox

Ko Thuya - Mar 25, 2019

Mozilla က iPad အတြက္ Firefox Browser Version တစ္ခုကို ထုတ္လုပ္ေပးလိုက္ပါတယ္။ အုိင္ပတ္မ်ားမွာ အထာက်က်နဲ႔ အင္တာနက္ ၾကည့္ႏုိင္မွာပါ။ အရြယ္ႀကီး အိုင္ပတ္မွာ သံုးလို႔ေကာင္းေအာင္ ဒီဇိုင္းထုတ္ထားတဲ့ ဘေရာက္စာ ပါ။ Firefox for iPad ကို…

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ
NEWS, Security & Safety, Softwares & Application
141 shares67 views

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ

Ko Thuya - Mar 25, 2019

ၿပီးခဲ့တဲ့ ၆ လအတြင္းမွာ Boeing 737 Max 8 ေလယာဥ္ ၂ စီး ပ်က္က်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၆ လက အဲဒီ ေလယာဥ္အမ်ိဳးအစား တစ္စီးဟာ အင္ဒိုနီးရွား ကမ္းရိုးတန္းမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး…

Leave a Comment

Most from this category