1487 Shares 655 Views

MicroLED ဆိုတာဘာလဲ? Apple က ဒီနည္းပညာကိုသံုးခ်င္ရတဲ့အေၾကာင္းရင္းက?

Mar 21, 2018
1487 655

[Zawgyi]

ဒီရက္ပိုင္းကပဲ Apple က ကိုယ္တိုင္ display ေတြထုတ္ေတာ့မယ္ဆိုတဲ့သတင္းက ေတာ္ေတာ္ေလးေဟာ့ျဖစ္သြားခဲ့ပါတယ္။ ဒါေပမယ့္ထူးဆန္းတာက သူမ်ားေတြထုတ္သလို OLED, LED-backlit LCD ေတြမဟုတ္ဘဲ ေတာက္ပမႈ၊ အေရာင္တိက်မႈ၊ တာရွည္ခံႏုိင္မႈအားလံုးမွာ အားသာတဲ့နည္းပညာသစ္တစ္ခုျဖစ္တဲ့ microLED display ေတြထုတ္လုပ္မွာပါ။

microLED ဆိုတာဘာလဲ?

Image result for What is microLED

လက္ရိွမိုဘုိင္းလ္ဖုန္းေတြထုတ္လုပ္မႈမွာ လႊမ္းမိုးထားေနဆဲကေတာ့ LCD display ေတြပါ။ သူတို႔ကို အလင္းထုတ္လႊတ္ေပးတဲ့ light-emitting-diode(LED) ေတြက အေနာက္ကေနအလင္းေထာက္ပံ့ေပးေနရပါတယ္။ ပံုတစ္ပံုထြက္လာဖို႔အတြက္ ခုနက အလင္းထုတ္ေပးတဲ့ diode ေတြကေန polarizers, liquid crystal, color filters, နဲ႔ တျခားတျခားေသာ အလႊာမ်ားစြာကိုျဖတ္ျပီးမွ ေနာက္ခံအလင္းကိုထုတ္ေပးပါတယ္။

LCD ေတြန႔ဲမတူတာက OLED (organic light-emitting diode) panel ေတြက ပံုတစ္ပံုျပဖို႔အတြက္ ဒီလိုေနာက္ခံအလင္းဘာညာမလိုပါဘူး။ သူတို႔မွာ လွ်ပ္စစ္စီးေၾကာင္းကိုလုိက္ျပီး အလင္းေရာင္ကိုထုတ္ေပးႏုိင္မယ့္ ေအာ္ဂဲနစ္ျဒပ္ေပါင္းတစ္လႊာရိွပါတယ္။ သူက pixel တစ္ခုခ်ငး္စီတုိင္းအတြက္ အလင္းထုတ္ေပးတာျဖစ္လို႔ LCD ေတြနဲ႔ယွဥ္လိုက္ရင္ အေရာင္သိပ္သည္းဆပိုေကာင္းပါတယ္။ LED ေနာက္ခံအလင္းေတြကက်ေတာ့ တစ္ခ်ိန္လံုးတေျပးညီအလင္းထုတ္ေပးရတာျဖစ္လို႔ အနက္ေရာင္ဆိုရင္ေတာင္ ေနာက္ခံအလင္းေၾကာင့္ လံုးဝနက္ေမွာင္ေနတဲ့အနက္ေရာင္မ်ဳိးမရႏုိင္ပါဘူး။

Standard LCD TFT assembly / Image source - TEAC

OLED panel ေတြကေတာ့ အလင္းထုတ္ေပးရမယ့္ pixel အကြက္ေတြကိုပဲ လိုအပ္မွအလင္းထုတ္လႊတ္ေပးတာျဖစ္ျပီး မလိုအပ္တဲ့အပိုင္းေတြ ဥပမာအနက္ေရာင္ျပရမယ့္ pixel အကြက္ေတြဆို အလင္းမလႊတ္ေတာ့ပါဘူး။ ဒါေၾကာင့္ အနက္ေရာင္ဆိုလည္းလံုးဝနက္ေမွာင္တဲ့ အနက္ေရာင္မ်ိဳး OLED ေတြက ျပေပးႏုိင္တာပါ။ ေနာက္ခံအလင္းေပးဖို႔အလႊာေတြလည္းမလိုေတာ့ LCD ေတြထက္လည္း ပိုပါးသြားပါတယ္။ ဒါေၾကာင့္လည္း ဖုန္းေတြကိုပါးသထက္ပါးလာေအာင္ေျပာင္းလဲလာၾကတဲ့ ဒီေခတ္မွာ OLED ေတြက ကုမၸဏီေတြရဲ႕ပစ္မွတ္ျဖစ္ေနတာပါ။

ဒါဆို MicroLED ေတြကေတာ့ ဘာအားသာသလဲ? သူလည္း OLED ေတြလုိပဲ ေနာက္ခံအလင္းထုတ္ေပးစရာမလိုဘဲ LED ေသးေသးေလးတစ္ခုခ်ငး္စီေပၚမွာ အေျခခံထားပါတယ္။ LED ေသးေသးေလးတစ္ခုခ်င္းစီမွာ sub-pixel ၃ခုပါျပီး တစ္ခုခ်င္းစီကေန အလင္းလႊတ္ေပးႏုိင္ပါတယ္။ pixel တစ္ကြက္ခ်င္းစီကေန အလင္းလႊတ္ေပးတာေၾကာင့္ OLED ေတြလိုပဲ အနက္ေရာင္ဆိုနက္ေမွာင္တဲ့အနက္ေရာင္အတိုင္းရပါတယ္။ ဒါေပမယ့္ OLED ေတြထက္ကို အားသာတဲ့ ၂ခ်က္ရိွပါေသးတယ္။ ပထမတစ္ခ်က္က OLED ေတြမွာသံုးတဲ့ ေအာ္ဂဲနစ္ျဒပ္ေပါင္းေတြကိုမသံုးဘဲ inorganic ျဒပ္ေပါင္းေတြကိုသံုးတာပါ။ သေဘာက OLED display ေတြလို အခ်ိန္ၾကာလာတဲ့အခါ ယိုယြင္းလာတာ အေရာင္ေတာက္ပမႈအားေလ်ာ့ေလ်ာ့လာတာမ်ိဳးေတြ မရိွေတာ့ပါဘူး။ microLED display ေတြမွာသံုးတဲ့ အင္ေအာ္ဂဲနစ္ျဒပ္ေပါင္းကေတာ့ Gallium Nitrade (GaN) ျဖစ္ျပီး တာရွည္ခံတဲ့အားာခ်က္အျပင္ အလင္းေတာက္ပမႈအားကလည္း OLED ေတြထက္ကို ၃၀ဆ ပိုေတာက္ပႏုိင္ပါတယ္။ ဒီအတြက္ OLED display ေတြလက္ရိွၾကံဳေတြ႔ေနရတဲ့ screen burn-in ျပႆနာမ်ိဳး microLED display ေတြမွာ ေတြ႔ရမွာမဟုတ္ပါဘူး။

microLED ေတြရဲ႕ျပႆနာက?

microLED ေတြ ဒီေလာက္အားသာခ်က္ေတြရိွေနတာေတာင္မွာ ဘာလို႔အရင္ display နည္းပညာေတြကိုပဲဆက္သံုးေနေသးတာလဲဆိုတဲ့ေမးခြန္းလာပါျပီ။ တျခားေပၚကာစနည္းပညာေတြလုိပဲ သူ႔ကိုအမ်ားအျပားမသံုးႏုိင္ၾကတဲ့အေၾကာင္းရင္းက ေငြ ေၾကာင့္ပါပဲ။ microLED ဆိုတာက လံုးဝအသစ္စက္စက္နည္းပညာမဟုတ္ေပမယ့္လည္း ခုခ်ိန္ထိကို ထုတ္လုပ္ဖို႔အရမ္းခက္ခဲျပီး အ၇မ္းေစ်းၾကီးေနပါေသးတယ္။ ၂၀၁၄ တုန္းက Apple က microLED ေတြကိုထုတ္လုပ္ေနတဲ့ LuxVue ကုမၸဏီကိုဝယ္လိုက္ျပီး ေနာက္၄ႏွစ္အၾကာ ဒီ ၂၀၁၈ မွာ ဒီနည္းပညာကိုသံုးဖို႔စၾကိဳးစားလာပါျပီ။ ဒါေပမယ့္ ဒီႏွစ္ iPhone ေတြ ေနာက္ႏွစ္ iPhone ေြအတြက္  microLED display ေတြသံုးလာမယ့္ေမွ်ာ္လင့္ခ်က္က ေဝးပါေသးတယ္။

ခုခ်ိန္ Apple က microLED display ေတြသံုးဖုိ႔စဥ္းစားေနတဲ့ပစၥည္းကေတာ့ Apple Watch ေတြပါ။ သူတို႔ေတြအတြက္က display က ေသးေသးနဲ႔ resolution နည္းနည္းပဲလိုတဲ့အျပင္ အမ်ားအျပားထုတ္လုပ္ဖို႔လည္း လြယ္ကူတဲ့အတြက္ ဒီမွာစသံုးဖို႔စဥ္းစားလိုက္တာျဖစ္ႏုိင္ပါတယ္။ microLED display ေတြမွာျပႆနာက တစ္ၾကိမ္မွာ sub-pixel တစ္ခုခ်င္းစီတုိင္းကိုေပါင္းေပးရတာပါ။ 1080p display တစ္ခုမွာ pixel ေပါင္း ၂.၁သန္းေလာက္ရိွတဲ့အတြက္ 1 pixel မွာ 3 sub-pixel ရိွတယ္ဆိုရင္ sub-pixel စုစုေပါင္းကိုက ၆.၃သန္းရိွေနပါျပီ။ ပံုတစ္ပံုျပဖို႔ ဒီ sub-pixel တိုင္းက တစ္ခုခ်င္းစီလုိက္ေပါင္းရတာျဖစ္တဲ့အတြက္ အဲ့ေလာက္ pixel အမ်ားၾကီးနဲ႔ microLED panel တစ္ခုထုတ္ဖုိ႔က တကယ္ေတာ့မလြယ္လြန္းပါဘူး။

မလြယ္ကူေပမယ့္လည္း LCD ေတြ OLED ေတြထက္ပိုအားသာခ်က္ေတြမ်ားတဲ့အတြက္ေၾကာင့္ Apple ကထုတ္ဖို႔စဥ္းစားေနတာပါ။ လက္ရိွ iPhone X ေတြမွာသံုးထားတဲ့ OLED display ေတြကလည္း Samsung ဆီကေနအဓိကယူေနရတာျဖစ္ျပီး လာမယ့္ ၂၀၁၈ iPhone ေတြမွာလည္း LG နဲ႔ Samsung တုိ႔ရဲ႕ display ေတြကိုသံုးရဦးမွာပါ။

This is The Wall – Samsung's 146-inch microLED TV. It'll probably cost a kidney.

ဒီေတာ့ microLED နည္းပညာကို Apple Watch ေတြမွာစသံုး ေနာက္ပိုင္းအမ်ားအျပားထုတ္လာႏုိင္ခ်ိန္က်မွ iPhone ေတြအတြက္ ထုတ္လာမယ့္သေဘာမွာပါ။ microLED မွာေျခခ်လာတာ Apple တင္မဟုတ္ဘဲ Samsung လည္းပါဝင္ခဲ့ပါေသးတယ္။ 146-inch The Wall ဆိုတဲ့ microLED TV ကိုမိတ္ဆက္လိုက္ေပမယ့္ ေစ်းကေတာ့ ေခါင္ခိုက္ေနဆဲပါပဲ။ ေတာ္ေတာ္မ်ားမ်ားမသံုးႏုိင္ေလာက္တဲ့ေစ်းပမာဏဆိုရင္ show ျပရံုသက္သက္ပဲျဖစ္ေနမွာပါ။ ဒီေနရာမွာ Samsung နဲ႔မတူတဲ့ Apple ရဲ႕အေတြးက ေသးေသးေလးကေန ေျခလွမ္းစ သံုးစြဲသူေတြကို ဒီနည္းပညာနဲ႔ထိေတြ႔ေစျပီးမွ ေနာက္ပိုင္းဖုန္းေတြ device အၾကီးေတြဖက္ကိုေျခဦးလွည့္မွာပါ။ ေနာက္ႏွစ္ေလာက္ဆိုရင္ Apple Watch ေတြမွာ microLED display ေတြသံုးလာႏုိင္ေတာ့မွာျဖစ္ျပီး ေနာက္ထပ္၂ႏွစ္၃ႏွစ္ေလာက္ေနရင္ေတာ့ microLED iPhone ေတြကို ေတြ႔ျမင္လာရႏုိင္ေခ်မ်ားပါတယ္။

[Unicode]

ဒီရက်ပိုင်းကပဲ Apple က ကိုယ်တိုင် display တွေထုတ်တော့မယ်ဆိုတဲ့သတင်းက တော်တော်လေးဟော့ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့်ထူးဆန်းတာက သူများတွေထုတ်သလို OLED, LED-backlit LCD တွေမဟုတ်ဘဲ တောက်ပမှု၊ အရောင်တိကျမှု၊ တာရှည်ခံနိုင်မှုအားလုံးမှာ အားသာတဲ့နည်းပညာသစ်တစ်ခုဖြစ်တဲ့ microLED display တွေထုတ်လုပ်မှာပါ။

microLED ဆိုတာဘာလဲ?

Image result for What is microLED

လက်ရှိမိုဘိုင်းလ်ဖုန်းတွေထုတ်လုပ်မှုမှာ လွှမ်းမိုးထားနေဆဲကတော့ LCD display တွေပါ။ သူတို့ကို အလင်းထုတ်လွှတ်ပေးတဲ့ light-emitting-diode(LED) တွေက အနောက်ကနေအလင်းထောက်ပံ့ပေးနေရပါတယ်။ ပုံတစ်ပုံထွက်လာဖို့အတွက် ခုနက အလင်းထုတ်ပေးတဲ့ diode တွေကနေ polarizers, liquid crystal, color filters, နဲ့ တခြားတခြားသော အလွှာများစွာကိုဖြတ်ပြီးမှ နောက်ခံအလင်းကိုထုတ်ပေးပါတယ်။

LCD တွေနဲ့မတူတာက OLED (organic light-emitting diode) panel တွေက ပုံတစ်ပုံပြဖို့အတွက် ဒီလိုနောက်ခံအလင်းဘာညာမလိုပါဘူး။ သူတို့မှာ လျှပ်စစ်စီးကြောင်းကိုလိုက်ပြီး အလင်းရောင်ကိုထုတ်ပေးနိုင်မယ့် အော်ဂဲနစ်ဒြပ်ပေါင်းတစ်လွှာရှိပါတယ်။ သူက pixel တစ်ခုချင်းစီတိုင်းအတွက် အလင်းထုတ်ပေးတာဖြစ်လို့ LCD တွေနဲ့ယှဉ်လိုက်ရင် အရောင်သိပ်သည်းဆပိုကောင်းပါတယ်။ LED နောက်ခံအလင်းတွေကကျတော့ တစ်ချိန်လုံးတပြေးညီအလင်းထုတ်ပေးရတာဖြစ်လို့ အနက်ရောင်ဆိုရင်တောင် နောက်ခံအလင်းကြောင့် လုံးဝနက်မှောင်နေတဲ့အနက်ရောင်မျိုးမရနိုင်ပါဘူး။

Standard LCD TFT assembly / Image source - TEAC

OLED panel တွေကတော့ အလင်းထုတ်ပေးရမယ့် pixel အကွက်တွေကိုပဲ လိုအပ်မှအလင်းထုတ်လွှတ်ပေးတာဖြစ်ပြီး မလိုအပ်တဲ့အပိုင်းတွေ ဥပမာအနက်ရောင်ပြရမယ့် pixel အကွက်တွေဆို အလင်းမလွှတ်တော့ပါဘူး။ ဒါကြောင့် အနက်ရောင်ဆိုလည်းလုံးဝနက်မှောင်တဲ့ အနက်ရောင်မျိုး OLED တွေက ပြပေးနိုင်တာပါ။ နောက်ခံအလင်းပေးဖို့အလွှာတွေလည်းမလိုတော့ LCD တွေထက်လည်း ပိုပါးသွားပါတယ်။ ဒါကြောင့်လည်း ဖုန်းတွေကိုပါးသထက်ပါးလာအောင်ပြောင်းလဲလာကြတဲ့ ဒီခေတ်မှာ OLED တွေက ကုမ္ပဏီတွေရဲ့ပစ်မှတ်ဖြစ်နေတာပါ။

ဒါဆို MicroLED တွေကတော့ ဘာအားသာသလဲ? သူလည်း OLED တွေလိုပဲ နောက်ခံအလင်းထုတ်ပေးစရာမလိုဘဲ LED သေးသေးလေးတစ်ခုချင်းစီပေါ်မှာ အခြေခံထားပါတယ်။ LED သေးသေးလေးတစ်ခုချင်းစီမှာ sub-pixel ၃ခုပါပြီး တစ်ခုချင်းစီကနေ အလင်းလွှတ်ပေးနိုင်ပါတယ်။ pixel တစ်ကွက်ချင်းစီကနေ အလင်းလွှတ်ပေးတာကြောင့် OLED တွေလိုပဲ အနက်ရောင်ဆိုနက်မှောင်တဲ့အနက်ရောင်အတိုင်းရပါတယ်။ ဒါပေမယ့် OLED တွေထက်ကို အားသာတဲ့ ၂ချက်ရှိပါသေးတယ်။ ပထမတစ်ချက်က OLED တွေမှာသုံးတဲ့ အော်ဂဲနစ်ဒြပ်ပေါင်းတွေကိုမသုံးဘဲ inorganic ဒြပ်ပေါင်းတွေကိုသုံးတာပါ။ သဘောက OLED display တွေလို အချိန်ကြာလာတဲ့အခါ ယိုယွင်းလာတာ အရောင်တောက်ပမှုအားလျော့လျော့လာတာမျိုးတွေ မရှိတော့ပါဘူး။ microLED display တွေမှာသုံးတဲ့ အင်အော်ဂဲနစ်ဒြပ်ပေါင်းကတော့ Gallium Nitrade (GaN) ဖြစ်ပြီး တာရှည်ခံတဲ့အားာချက်အပြင် အလင်းတောက်ပမှုအားကလည်း OLED တွေထက်ကို ၃၀ဆ ပိုတောက်ပနိုင်ပါတယ်။ ဒီအတွက် OLED display တွေလက်ရှိကြုံတွေ့နေရတဲ့ screen burn-in ပြဿနာမျိုး microLED display တွေမှာ တွေ့ရမှာမဟုတ်ပါဘူး။

microLED တွေရဲ့ပြဿနာက?

microLED တွေ ဒီလောက်အားသာချက်တွေရှိနေတာတောင်မှာ ဘာလို့အရင် display နည်းပညာတွေကိုပဲဆက်သုံးနေသေးတာလဲဆိုတဲ့မေးခွန်းလာပါပြီ။ တခြားပေါ်ကာစနည်းပညာတွေလိုပဲ သူ့ကိုအများအပြားမသုံးနိုင်ကြတဲ့အကြောင်းရင်းက ငွေ ကြောင့်ပါပဲ။ microLED ဆိုတာက လုံးဝအသစ်စက်စက်နည်းပညာမဟုတ်ပေမယ့်လည်း ခုချိန်ထိကို ထုတ်လုပ်ဖို့အရမ်းခက်ခဲပြီး အ၇မ်းဈေးကြီးနေပါသေးတယ်။ ၂၀၁၄ တုန်းက Apple က microLED တွေကိုထုတ်လုပ်နေတဲ့ LuxVue ကုမ္ပဏီကိုဝယ်လိုက်ပြီး နောက်၄နှစ်အကြာ ဒီ ၂၀၁၈ မှာ ဒီနည်းပညာကိုသုံးဖို့စကြိုးစားလာပါပြီ။ ဒါပေမယ့် ဒီနှစ် iPhone တွေ နောက်နှစ် iPhone ေွအတွက်  microLED display တွေသုံးလာမယ့်မျှော်လင့်ချက်က ဝေးပါသေးတယ်။

ခုချိန် Apple က microLED display တွေသုံးဖို့စဉ်းစားနေတဲ့ပစ္စည်းကတော့ Apple Watch တွေပါ။ သူတို့တွေအတွက်က display က သေးသေးနဲ့ resolution နည်းနည်းပဲလိုတဲ့အပြင် အများအပြားထုတ်လုပ်ဖို့လည်း လွယ်ကူတဲ့အတွက် ဒီမှာစသုံးဖို့စဉ်းစားလိုက်တာဖြစ်နိုင်ပါတယ်။ microLED display တွေမှာပြဿနာက တစ်ကြိမ်မှာ sub-pixel တစ်ခုချင်းစီတိုင်းကိုပေါင်းပေးရတာပါ။ 1080p display တစ်ခုမှာ pixel ပေါင်း ၂.၁သန်းလောက်ရှိတဲ့အတွက် 1 pixel မှာ 3 sub-pixel ရှိတယ်ဆိုရင် sub-pixel စုစုပေါင်းကိုက ၆.၃သန်းရှိနေပါပြီ။ ပုံတစ်ပုံပြဖို့ ဒီ sub-pixel တိုင်းက တစ်ခုချင်းစီလိုက်ပေါင်းရတာဖြစ်တဲ့အတွက် အဲ့လောက် pixel အများကြီးနဲ့ microLED panel တစ်ခုထုတ်ဖို့က တကယ်တော့မလွယ်လွန်းပါဘူး။

မလွယ်ကူပေမယ့်လည်း LCD တွေ OLED တွေထက်ပိုအားသာချက်တွေများတဲ့အတွက်ကြောင့် Apple ကထုတ်ဖို့စဉ်းစားနေတာပါ။ လက်ရှိ iPhone X တွေမှာသုံးထားတဲ့ OLED display တွေကလည်း Samsung ဆီကနေအဓိကယူနေရတာဖြစ်ပြီး လာမယ့် ၂၀၁၈ iPhone တွေမှာလည်း LG နဲ့ Samsung တို့ရဲ့ display တွေကိုသုံးရဦးမှာပါ။

This is The Wall – Samsung's 146-inch microLED TV. It'll probably cost a kidney.

ဒီတော့ microLED နည်းပညာကို Apple Watch တွေမှာစသုံး နောက်ပိုင်းအများအပြားထုတ်လာနိုင်ချိန်ကျမှ iPhone တွေအတွက် ထုတ်လာမယ့်သဘောမှာပါ။ microLED မှာခြေချလာတာ Apple တင်မဟုတ်ဘဲ Samsung လည်းပါဝင်ခဲ့ပါသေးတယ်။ 146-inch The Wall ဆိုတဲ့ microLED TV ကိုမိတ်ဆက်လိုက်ပေမယ့် ဈေးကတော့ ခေါင်ခိုက်နေဆဲပါပဲ။ တော်တော်များများမသုံးနိုင်လောက်တဲ့ဈေးပမာဏဆိုရင် show ပြရုံသက်သက်ပဲဖြစ်နေမှာပါ။ ဒီနေရာမှာ Samsung နဲ့မတူတဲ့ Apple ရဲ့အတွေးက သေးသေးလေးကနေ ခြေလှမ်းစ သုံးစွဲသူတွေကို ဒီနည်းပညာနဲ့ထိတွေ့စေပြီးမှ နောက်ပိုင်းဖုန်းတွေ device အကြီးတွေဖက်ကိုခြေဦးလှည့်မှာပါ။ နောက်နှစ်လောက်ဆိုရင် Apple Watch တွေမှာ microLED display တွေသုံးလာနိုင်တော့မှာဖြစ်ပြီး နောက်ထပ်၂နှစ်၃နှစ်လောက်နေရင်တော့ microLED iPhone တွေကို တွေ့မြင်လာရနိုင်ချေများပါတယ်။

Ref: PhoneArena

You may be interested

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္
Mobiles & Tablets, NEWS
0 shares0 views

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္

Nigma - Mar 19, 2019

ယေန႔မွာ Xiaomi က မ်ိဳးဆက္သစ္ Black Shark 2 ဂိမ္းမင္းဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ ပထမ Black Shark ဖုန္းက နာမည္ေကာင္းရခဲ့သလိုပဲ အခု Black Shark 2 ဟာလည္း ေသခ်ာေပါက္ လူႀကိဳက္မ်ားမယ့္ ဖုန္းတလုံးပါ။ Black…

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ
Android, HUBS, Mobiles & Tablets
75 shares143 views

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ

Ko Thuya - Mar 19, 2019

OPPO A5 ရဲ႕ အမႊာတစ္ေယာက္ ထြက္ေပၚလာပါတယ္။ သူကေတာ့ OPPO A5s ျဖစ္ပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ သူ႔ကို AX5 , AX5s အမည္မ်ားနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ AX5 မွာ Helio P35 နဲ႔…

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္
Local, Local News, Mobiles & Tablets
87 shares33 views

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္

Ko Ko PR - Mar 19, 2019

ဆန္းသစ္လွပသည့္ Vivo V15 Pro စမတ္ဖုန္းကို မိတ္ဆက္ၿပီးသည့္ေနာက္ Vivo Myanmar မွ Vivo V15 ကို ထပ္မံ ျဖန္႔ခ်ီေတာ့မည္ျဖစ္သည္။ ယခင္ V15Pro ကဲ့သို႔ ဆန္းသစ္လွပေသာ ျမင့္တက္ပြင့္ထြက္လာသည့္ ေရွ႕ကင္မရာ၊ ၆.၅၃ လက္မ ရွိမွန္သားျပင္အျပည့္မ်က္ႏွာျပင္…

Leave a Comment

Most from this category