2353 Shares 1033 Views

Refurbished ဖုန္းေတြဆိုတာဘာလဲ? Refurbish ဖုန္းေတြကို ဝယ္သင့္လား??

Mar 22, 2018
2353 1033

[Zawgyi]

ဒီေန႔ေခတ္မွာလူတုိင္းကေတာ့ မိုဘိုင္းလ္ဖုန္းတစ္လံုးကိုယ္စီကိုယ္စီကုိင္ႏုိင္ေနၾကပါျပီ။ သာမန္ဖုန္းေခၚရံု စာပုိ႔ရံုေလာက္ဆိုရင္ေတာ့ ဘာဖုန္းပဲေနေနအဆင္ေျပပါတယ္။ ဒါေပမယ့္ တျဖည္းျဖည္းနဲ႔အဆင့္ေတြျမင့္လာတဲ့အခါ ေစ်းေတြလည္းပိုၾကီးလာပါတယ္။ ဒီေတာ့ ဖုန္းအသစ္တစ္လံုးဝယ္ေတာ့မယ္ ပိုက္ဆံလည္းေခြ်တာခ်င္တယ္ဆိုရင္ေတာ့ မႏွစ္ကေမာ္ဒယ္လ္တစ္ခုခုကိုေရြးရင္ေရြး ဒါမွမဟုတ္ရင္ေတာ့ refurbish လုပ္ထားတဲ့ဖုန္းေတြကိုေရြးလို႔ရပါတယ္။

Samsung Galaxy S7 Edge refurbished phone on box

Refurbished ဖုန္းဆိုတာဘာလဲ?

“Refurbish” ဖုန္းေတြဆိုတာကေတာ့ မူလဝယ္တဲ့သူကစိတ္ေျပာင္းသြားလို႔ျဖစ္ေစ ဖုန္းမွာအမွားအယြင္းတစ္ခုခုပါလို႔ျဖစ္ေစ ျပန္သြင္းလာတဲ့ဟန္းဆက္ေတြကိုေခၚပါတယ္။ ဒီဟန္းဆက္ေတြကို အမွားအယြင္းရိွမရိွစစ္ေဆး၊ ဘက္ထရီေကာင္းေကာင္းလုပ္မလုပ္၊ ပါဝါအသံခလုတ္ေတြေကာင္းမေကာင္း၊ ကင္မရာေကာင္းေကာင္းအလုပ္လုပ္သလားမလုပ္သလား အကုန္စစ္ေဆး၊ လိုအပ္သမွ်ေတြျပင္ဆင္ျပီး ရိွသမွ်ေဒတာေတြအကုန္ရွင္းျပီးရင္ေတာ့ အသစ္တစ္လံုးတစ္လံုးအတုိင္းျဖစ္သြားပါျပီ။

ဘာလို႔ refurbished ဖုန္းေတြကိုေရြးသင့္သလဲ?

အဓိကကေတာ့ ပိုက္ဆံေခြ်တာႏုိင္ပါတယ္။ သံုးျပီးသားဖုန္းတစ္လံုးကိုဝယ္တာနဲ႔ အသစ္အတိုင္းျပန္လည္ျပင္ဆင္ထားတဲ့ဖုန္းတစ္လံုးနဲ႔ သံုးရတာခ်င္းမတူပါဘူး။ သံုးျပီးသား second-hand ဖုန္းတစ္လံုးကိုဝယ္တယ္ဆိုရင္ ဖုန္းမွာပါတဲ့ အမွားေတြ error ေတြက ကိုယ့္ဆီေရာက္လည္းရိွေနဦးမွာပါပဲ။ ဒါေပမယ့္ refurbish ဖုန္းတစ္လံုးကိုဝယ္တယ္ဆိုရင္ေတာ့ ေကာင္းေကာင္းအလုပ္လုပ္မလုပ္ ေသခ်ာေအာင္စစ္လို႔ရတဲ့ေနရာေတြရိွပါတယ္။

Refurbished phone တစ္လံုရဲ႕အသြင္အျပင္က?

Samsung Galaxy S7 Edge vs refurbished phone unboxing

(ညာဘက္က ဝယ္ျပီးအသစ္စက္စက္ေဖာက္ထားတဲ့ဖုန္းေလးပါ။ ဘယ္ဘက္ကေတာ့ refurbished model ပါ)

တကယ္လို႔ refurbished ဖုန္းတစ္လံုးကိုဝယ္ေတာ့မယ္ဆိုရင္ ဖုန္းရဲ႕အသြင္အျပင္ကို ကိုယ္တုိင္လည္းခြဲျခားလို႔ရႏုိင္ပါတယ္။ ဥပမာ Grade A အဆင့္ဆိုရင္ ဘာအမွတ္အသား အစြန္းအထင္းမွမပါဘဲ လံုးဝအသစ္စက္စက္ဖုန္းတစ္လံုးလိုကိုျဖစ္ေနမွာပါ။ ဒါေပမယ့္ ေစ်းကေတာ့ အသစ္စက္စက္တစ္လံုးဝယ္တာထက္ ေတာ္ေတာ္ၾကီးကိုသက္သာပါတယ္။

ဘာေတြအားသာခ်က္ရိွမလဲ?

ေနာက္အားသာခ်က္တစ္ခုက refurbish ဖုန္းတစ္လံုးဝယ္ျပီးျပီ ဒါေပမယ့္စိတ္တုိင္းမက်ဘူးဆိုရင္ ႏုိင္ငံျခားမွာေတာ့ Quick Mobile Fix တို႔လိုကုမၸဏီၾကီးေတြက ၁၄ရက္တြင္းေငြျပန္လဲေပးပါတယ္။ ဒီေတာ့စိတ္ခ်ခ်နဲ႔ဝယ္လုို႔ရတာေပါ့။ ေနာက္ျပီး တခ်ိဳ႕ iPhone ကိုႏွစ္ေပါင္းမ်ားစြာကိုင္လာတယ္ ေနာက္ Android ဖုန္းတစ္လံုးဝယ္လိုက္တယ္ ဒါေပမယ့္ OS ၂ခုကမတူေတာ့သံုးရမလြယ္ ဒါမ်ဳိးဆိုရင္လည္း ျမန္ျမန္လြယ္လြယ္ျပန္သြင္းလို႔ရပါတယ္။ ဒါ့ျပင္ ဖုန္းကိုေတာ့ၾကိဳက္ေပမယ့္ လဲခ်င္ေသးတယ္ဆိုရင္ ရက္၃၀အတြင္းျပန္လဲလို႔ရပါတယ္။

Network ေတြအေနနဲ႔??

refurbish ဖုန္းတစ္လံုးကိုဝယ္လုိက္ျခင္းရဲ႕ အေကာင္းဆံုးအားသာခ်က္ေတြထဲကတစ္ခုက network ကန္႔သတ္ခ်က္မရိွပါဘူး။ အမ်ားစုကေတာ့ unlock လုပ္ျပီးသားဖုန္းေတြျဖစ္လို႔ network တိုင္းနဲ႔အလုပ္လုပ္ႏုိင္ပါတယ္။ တခ်ိဳ႕ႏုိင္ငံေတြမွာေတာ့ ဖုန္းတစ္လံုးဝယ္တဲ့အခါ စာခ်ဳပ္တစ္ခုရဲ႕သက္တမ္းက ၂ႏွစ္ဒါမွမဟုတ္ အဲ့ထက္လည္ပိုၾကာတတ္ပါတယ္။ ဒါေပမယ့္ unlock ဖုန္းေတြရဲ႕အားသာခ်က္တစ္ခုကေတာ့ စာခ်ဳပ္နဲ႔ကန္႔သတ္ခ်က္မရိွတာပါ။

warranty အတြက္က??

Image result for refurbished warranty?

သံုးျပီးသားဖုန္းတစ္လံုးကိုဝယ္ရင္ေတာ့ သူေပးထားသေလာက္ က်န္တဲ့အာမခံသက္တမ္းေလာက္ကုိပဲရမွာပါ။ refurbish ေမာ္ဒယ္လ္ေတြကေတာ့ ဖုန္းေမာ္ဒယ္လ္အမ်ိဳးအစားကိုလုိက္ျပီး ရက္ ၆၀ ကေန ၁နွစ္အထိရိွတဲ့ဖုန္းေတြလည္းရိွပါတယ္။ ေသခ်ာျပင္ဆင္ျပီးမွျပန္ေရာင္းတဲ့ဖုန္းေတြျဖစ္တဲ့အတြက္ အမွားအယြင္းနည္းတတ္ပါတယ္။ ဒါေပမယ့္ တကယ္အျပစ္အနာအဆာပါလာခဲ့ရင္ေတာင္ သူတို႔ဘက္ကျပန္ျပင္ ျပန္အစားထိုးေပးပါတယ္။

Refurbished ဖုန္းေတြနဲ႔ အသစ္စက္စက္ဖုန္းေတြၾကားက တျခားေသာျခားနားခ်က္ေတြက?

အသစ္အတိုင္းျပန္ျပင္ထားတဲ့အတြက္ သိပ္ေတာ့ကြာျခားခ်က္မရိွပါဘူး။ ေစ်းကေတာ့ပိုနည္းတာ က်ိန္းေသပါ။ ဒါေပမယ့္ တန္ဆာပလာေတြ ဥပမာ နားၾကပ္ဘာညာအစံုပါသလားေတာ့ တစ္ခ်က္စစ္ရံုပါပဲ။

saving money

တကယ္ေတာ့ refurbish ဖုန္းေတြဆိုတာ အသစ္စက္စက္တစ္လံုးမဝယ္ခ်င္တဲ့သူေတြ ဘတ္ဂ်တ္ေခြ်တာခ်င္တဲ့သူေတြ ေရြးတတ္ၾကတဲ့ဖုန္းမ်ိဳးပါ။ feature ေတြေရာ ဖုန္းကေရာ အသစ္စက္စက္အတိုင္းပဲ သံုးရတဲ့အတြက္ spec ျမင့္တာလည္းကိုင္ခ်င္ ဘတ္ဂ်တ္လည္းသက္သာခ်င္တဲ့သူေတြအတြက္ မ်က္စိက်စရာဖုန္းေတြျဖစ္ခဲ့ပါတယ္။

Ref: uswitch

 

[Unicode]

ဒီနေ့ခေတ်မှာလူတိုင်းကတော့ မိုဘိုင်းလ်ဖုန်းတစ်လုံးကိုယ်စီကိုယ်စီကိုင်နိုင်နေကြပါပြီ။ သာမန်ဖုန်းခေါ်ရုံ စာပို့ရုံလောက်ဆိုရင်တော့ ဘာဖုန်းပဲနေနေအဆင်ပြေပါတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့အဆင့်တွေမြင့်လာတဲ့အခါ ဈေးတွေလည်းပိုကြီးလာပါတယ်။ ဒီတော့ ဖုန်းအသစ်တစ်လုံးဝယ်တော့မယ် ပိုက်ဆံလည်းချွေတာချင်တယ်ဆိုရင်တော့ မနှစ်ကမော်ဒယ်လ်တစ်ခုခုကိုရွေးရင်ရွေး ဒါမှမဟုတ်ရင်တော့ refurbish လုပ်ထားတဲ့ဖုန်းတွေကိုရွေးလို့ရပါတယ်။

Samsung Galaxy S7 Edge refurbished phone on box

Refurbished ဖုန်းဆိုတာဘာလဲ?

“Refurbish” ဖုန်းတွေဆိုတာကတော့ မူလဝယ်တဲ့သူကစိတ်ပြောင်းသွားလို့ဖြစ်စေ ဖုန်းမှာအမှားအယွင်းတစ်ခုခုပါလို့ဖြစ်စေ ပြန်သွင်းလာတဲ့ဟန်းဆက်တွေကိုခေါ်ပါတယ်။ ဒီဟန်းဆက်တွေကို အမှားအယွင်းရှိမရှိစစ်ဆေး၊ ဘက်ထရီကောင်းကောင်းလုပ်မလုပ်၊ ပါဝါအသံခလုတ်တွေကောင်းမကောင်း၊ ကင်မရာကောင်းကောင်းအလုပ်လုပ်သလားမလုပ်သလား အကုန်စစ်ဆေး၊ လိုအပ်သမျှတွေပြင်ဆင်ပြီး ရှိသမျှဒေတာတွေအကုန်ရှင်းပြီးရင်တော့ အသစ်တစ်လုံးတစ်လုံးအတိုင်းဖြစ်သွားပါပြီ။

ဘာလို့ refurbished ဖုန်းတွေကိုရွေးသင့်သလဲ?

အဓိကကတော့ ပိုက်ဆံချွေတာနိုင်ပါတယ်။ သုံးပြီးသားဖုန်းတစ်လုံးကိုဝယ်တာနဲ့ အသစ်အတိုင်းပြန်လည်ပြင်ဆင်ထားတဲ့ဖုန်းတစ်လုံးနဲ့ သုံးရတာချင်းမတူပါဘူး။ သုံးပြီးသား second-hand ဖုန်းတစ်လုံးကိုဝယ်တယ်ဆိုရင် ဖုန်းမှာပါတဲ့ အမှားတွေ error တွေက ကိုယ့်ဆီရောက်လည်းရှိနေဦးမှာပါပဲ။ ဒါပေမယ့် refurbish ဖုန်းတစ်လုံးကိုဝယ်တယ်ဆိုရင်တော့ ကောင်းကောင်းအလုပ်လုပ်မလုပ် သေချာအောင်စစ်လို့ရတဲ့နေရာတွေရှိပါတယ်။

Refurbished phone တစ်လုံရဲ့အသွင်အပြင်က?

Samsung Galaxy S7 Edge vs refurbished phone unboxing

(ညာဘက်က ဝယ်ပြီးအသစ်စက်စက်ဖောက်ထားတဲ့ဖုန်းလေးပါ။ ဘယ်ဘက်ကတော့ refurbished model ပါ)

တကယ်လို့ refurbished ဖုန်းတစ်လုံးကိုဝယ်တော့မယ်ဆိုရင် ဖုန်းရဲ့အသွင်အပြင်ကို ကိုယ်တိုင်လည်းခွဲခြားလို့ရနိုင်ပါတယ်။ ဥပမာ Grade A အဆင့်ဆိုရင် ဘာအမှတ်အသား အစွန်းအထင်းမှမပါဘဲ လုံးဝအသစ်စက်စက်ဖုန်းတစ်လုံးလိုကိုဖြစ်နေမှာပါ။ ဒါပေမယ့် ဈေးကတော့ အသစ်စက်စက်တစ်လုံးဝယ်တာထက် တော်တော်ကြီးကိုသက်သာပါတယ်။

ဘာတွေအားသာချက်ရှိမလဲ?

နောက်အားသာချက်တစ်ခုက refurbish ဖုန်းတစ်လုံးဝယ်ပြီးပြီ ဒါပေမယ့်စိတ်တိုင်းမကျဘူးဆိုရင် နိုင်ငံခြားမှာတော့ Quick Mobile Fix တို့လိုကုမ္ပဏီကြီးတွေက ၁၄ရက်တွင်းငွေပြန်လဲပေးပါတယ်။ ဒီတော့စိတ်ချချနဲ့ဝယ်လို့ရတာပေါ့။ နောက်ပြီး တချို့ iPhone ကိုနှစ်ပေါင်းများစွာကိုင်လာတယ် နောက် Android ဖုန်းတစ်လုံးဝယ်လိုက်တယ် ဒါပေမယ့် OS ၂ခုကမတူတော့သုံးရမလွယ် ဒါမျိုးဆိုရင်လည်း မြန်မြန်လွယ်လွယ်ပြန်သွင်းလို့ရပါတယ်။ ဒါ့ပြင် ဖုန်းကိုတော့ကြိုက်ပေမယ့် လဲချင်သေးတယ်ဆိုရင် ရက်၃၀အတွင်းပြန်လဲလို့ရပါတယ်။

Network တွေအနေနဲ့??

refurbish ဖုန်းတစ်လုံးကိုဝယ်လိုက်ခြင်းရဲ့ အကောင်းဆုံးအားသာချက်တွေထဲကတစ်ခုက network ကန့်သတ်ချက်မရှိပါဘူး။ အများစုကတော့ unlock လုပ်ပြီးသားဖုန်းတွေဖြစ်လို့ network တိုင်းနဲ့အလုပ်လုပ်နိုင်ပါတယ်။ တချို့နိုင်ငံတွေမှာတော့ ဖုန်းတစ်လုံးဝယ်တဲ့အခါ စာချုပ်တစ်ခုရဲ့သက်တမ်းက ၂နှစ်ဒါမှမဟုတ် အဲ့ထက်လည်ပိုကြာတတ်ပါတယ်။ ဒါပေမယ့် unlock ဖုန်းတွေရဲ့အားသာချက်တစ်ခုကတော့ စာချုပ်နဲ့ကန့်သတ်ချက်မရှိတာပါ။

warranty အတွက်က??

Image result for refurbished warranty?

သုံးပြီးသားဖုန်းတစ်လုံးကိုဝယ်ရင်တော့ သူပေးထားသလောက် ကျန်တဲ့အာမခံသက်တမ်းလောက်ကိုပဲရမှာပါ။ refurbish မော်ဒယ်လ်တွေကတော့ ဖုန်းမော်ဒယ်လ်အမျိုးအစားကိုလိုက်ပြီး ရက် ၆၀ ကနေ ၁နှစ်အထိရှိတဲ့ဖုန်းတွေလည်းရှိပါတယ်။ သေချာပြင်ဆင်ပြီးမှပြန်ရောင်းတဲ့ဖုန်းတွေဖြစ်တဲ့အတွက် အမှားအယွင်းနည်းတတ်ပါတယ်။ ဒါပေမယ့် တကယ်အပြစ်အနာအဆာပါလာခဲ့ရင်တောင် သူတို့ဘက်ကပြန်ပြင် ပြန်အစားထိုးပေးပါတယ်။

Refurbished ဖုန်းတွေနဲ့ အသစ်စက်စက်ဖုန်းတွေကြားက တခြားသောခြားနားချက်တွေက?

အသစ်အတိုင်းပြန်ပြင်ထားတဲ့အတွက် သိပ်တော့ကွာခြားချက်မရှိပါဘူး။ ဈေးကတော့ပိုနည်းတာ ကျိန်းသေပါ။ ဒါပေမယ့် တန်ဆာပလာတွေ ဥပမာ နားကြပ်ဘာညာအစုံပါသလားတော့ တစ်ချက်စစ်ရုံပါပဲ။

saving money

တကယ်တော့ refurbish ဖုန်းတွေဆိုတာ အသစ်စက်စက်တစ်လုံးမဝယ်ချင်တဲ့သူတွေ ဘတ်ဂျတ်ချွေတာချင်တဲ့သူတွေ ရွေးတတ်ကြတဲ့ဖုန်းမျိုးပါ။ feature တွေရော ဖုန်းကရော အသစ်စက်စက်အတိုင်းပဲ သုံးရတဲ့အတွက် spec မြင့်တာလည်းကိုင်ချင် ဘတ်ဂျတ်လည်းသက်သာချင်တဲ့သူတွေအတွက် မျက်စိကျစရာဖုန်းတွေဖြစ်ခဲ့ပါတယ်။

Ref: uswitch

You may be interested

DisplayMate ရဲ႕ အေကာင္းဆံုး မ်က္ႏွာျပင္ အျဖစ္ သတ္မွတ္ခံလိုက္ရတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

DisplayMate ရဲ႕ အေကာင္းဆံုး မ်က္ႏွာျပင္ အျဖစ္ သတ္မွတ္ခံလိုက္ရတဲ့ iPhone XS Max

Ko Thuya - Sep 26, 2018

Samsung Galaxy Note 9 ထြက္ရွိၿပီး သိပ္မၾကာခင္မွာပဲ DisplayMate က သူ႔ကို စမ္းသပ္ခဲ့ၿပီး ထြက္ရွိၿပီး သမွ် စမတ္ဖုန္းမ်ားထဲမွာ သူဟာ အေကာင္းဆံုး မ်က္ႏွာျပင္ကို ပိုင္ဆိုင္ထားတယ္လို႔ သံုးသပ္ခဲ့ပါတယ္။ အခုေတာ့ Note 9 ရဲ႕ သရဖူကို…

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
139 shares48 views

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ iPhone XS နဲ႔ iPhone XS Max တို႔ကို ေရာင္းခ်ေပးလိုက္ပါတယ္။ Apple အေရး ကြ်မ္းက်င္တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက္…

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ
HUBS, Microsoft
68 shares20 views

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ

Creepy Tyler - Sep 25, 2018

Microsoft ကေတာ့ Surface Hub 2 ကို ျပသခဲ့ၿပီး ၊ ေနာက္ဆံုးထြက္ျဖစ္လာမယ့္ ဒီ device မွာ ပါလာမယ့္  Rotating Display အမည္ရ device ပံုစံအတုိင္း လိုက္ေလ်ာညီေထြ ေျပာင္းလဲျပသေပးမယ့္ နည္းပညာကိုလည္း တစ္ခါတည္း ျပသခဲ့ပါတယ္။…

Leave a Comment

Most from this category