2234 Shares 782 Views

40MP sensor ကင္မရာသံုးထားမယ့္ Huawei P20 Pro

Mar 20, 2018
2234 782

[Zawgyi]

မတ္လ ၂၇ရက္ေန႔မွာ Huawei ကေန P20, P20 Lite န႔ဲ P20 Pro တို႔ကိုတရားဝင္မိတ္ဆက္လာေတာ့မွာပါ။  ဒီထဲကမွ P20 Pro ကေတာ့ Leica ကင္မရာ ၃လံုးတပ္ဆင္ထားျပီး specs ေတြကလည္း ထိပ္တန္းပါပဲ။ ခုသိရတာကေတာ့ ကင္မရာ၃လံုးမွာ 40MP sensor, 20 MP (monochrome) sensor နဲ႔ 8MP (telephoto) sensor ေတြသံုးထားတယ္ဆိုတာပါ။ 40MP နဲ႔ 8MP sensor ေတြရဲ႕ ခ်ံဳ႕ခ်ဲ႕ႏုိင္တဲ့ zoom feature ေတြကိုသံုးတဲ့အခ်ိန္မွာ ၅ဆထိ ခ်ံဳ႕ခ်ဲ႕ႏုိင္ပါတယ္။ ဒါကိုေတာ့ Huawei က “Hybrid Zoom” လို႔ေခၚထားျပီး အလင္းဝင္ေပါက္ aperture ကလည္း f/1.6 ကေန f/2.4 အတြင္းမွာရိွပါတယ္။ f/1.6 ဆိုရင္ေတာ့ ကင္မရာပိုင္းေတာ္ေတာ္လန္းေလာက္မွာပါ။ ေရွ႕ဘက္ဆယ္လ္ဖီကင္မရာကိုေတာ့ 24MP ကင္မရာကိုသံုးထားပါတယ္။

                            

6.1-inch AMOLED display ကိုသံုးထားျပီး resolution ကေတာ့ 1080×2240 pixels ရိွပါတယ္။ aspect ratio ကေတာ့ 19:9 ေတာင္ျဖစ္သြားပါျပီ။ ထိပ္ဖက္မွာ notch ပါျပီး လက္ေဗြ scanner ကေတာ့ ေရွ႕မ်က္ႏွာျပင္ရဲ႕ ေအာက္ေျခဘက္မွာပဲ ထားထားပါတယ္။ Huawei ကိုယ္ပိုင္ Kirin 970 chipset ကိုသံုးထားျပီး AI စြမ္းေဆာင္ရည္ေတြအတြက္ Neural Processing Unit (NPU) သံုးလာပါျပီ။ RAM 6GB , Storage 128GB ျဖစ္ျပီး တစ္ခ်ိဳ႕ေစ်းကြက္ေတြမွာေတာ့ 256GB ဗားရွင္းေတြရပါလိမ့္မယ္။ 4000 mAh ဘက္ထရီကိုသံုးထားျပီး Huawei ရဲ႕SuperCharge အားသြင္းအျမန္စနစ္လည္းပါဦးမွာပါ။ ေရစိုခံႏုိင္ႏႈန္းကေတာ့ IP67 ရထားပါတယ္။

P20 Pro ရဲ႕ အထူကေတာ့ 7.65mm ပဲရိွျပီး 174g ေလးပါတယ္။ Bluetooth 4.2 ကိုသံုးထားျပီး NFC လည္းထည့္ေပးထားတဲ့အျပင္ LTE bands ၂၈ ခုေပၚမွာခ်ိတ္ဆက္ႏုိင္ပါတယ္။ ဥေရာပအတြက္ေစ်းႏႈန္းကေတာ့ ယူရို ၈၉၉ (1110 USD) ရိွျပီး ေအာက္မွာေတာ့ ဖုန္းရဲ႕ေက်ာဘက္အေရာင္ေတြနဲ႔ပံုစံကိုေဖာ္ျပေပးထားပါတယ္။

 

Ref: PhoneArena

[Unicode]

မတ်လ ၂၇ရက်နေ့မှာ Huawei ကနေ P20, P20 Lite နဲ့ P20 Pro တို့ကိုတရားဝင်မိတ်ဆက်လာတော့မှာပါ။  ဒီထဲကမှ P20 Pro ကတော့ Leica ကင်မရာ ၃လုံးတပ်ဆင်ထားပြီး specs တွေကလည်း ထိပ်တန်းပါပဲ။ ခုသိရတာကတော့ ကင်မရာ၃လုံးမှာ 40MP sensor, 20 MP (monochrome) sensor နဲ့ 8MP (telephoto) sensor တွေသုံးထားတယ်ဆိုတာပါ။ 40MP နဲ့ 8MP sensor တွေရဲ့ ချုံ့ချဲ့နိုင်တဲ့ zoom feature တွေကိုသုံးတဲ့အချိန်မှာ ၅ဆထိ ချုံ့ချဲ့နိုင်ပါတယ်။ ဒါကိုတော့ Huawei က “Hybrid Zoom” လို့ခေါ်ထားပြီး အလင်းဝင်ပေါက် aperture ကလည်း f/1.6 ကနေ f/2.4 အတွင်းမှာရှိပါတယ်။ f/1.6 ဆိုရင်တော့ ကင်မရာပိုင်းတော်တော်လန်းလောက်မှာပါ။ ရှေ့ဘက်ဆယ်လ်ဖီကင်မရာကိုတော့ 24MP ကင်မရာကိုသုံးထားပါတယ်။

                            

6.1-inch AMOLED display ကိုသုံးထားပြီး resolution ကတော့ 1080×2240 pixels ရှိပါတယ်။ aspect ratio ကတော့ 19:9 တောင်ဖြစ်သွားပါပြီ။ ထိပ်ဖက်မှာ notch ပါပြီး လက်ဗွေ scanner ကတော့ ရှေ့မျက်နှာပြင်ရဲ့ အောက်ခြေဘက်မှာပဲ ထားထားပါတယ်။ Huawei ကိုယ်ပိုင် Kirin 970 chipset ကိုသုံးထားပြီး AI စွမ်းဆောင်ရည်တွေအတွက် Neural Processing Unit (NPU) သုံးလာပါပြီ။ RAM 6GB , Storage 128GB ဖြစ်ပြီး တစ်ချို့ဈေးကွက်တွေမှာတော့ 256GB ဗားရှင်းတွေရပါလိမ့်မယ်။ 4000 mAh ဘက်ထရီကိုသုံးထားပြီး Huawei ရဲ့SuperCharge အားသွင်းအမြန်စနစ်လည်းပါဦးမှာပါ။ ရေစိုခံနိုင်နှုန်းကတော့ IP67 ရထားပါတယ်။

P20 Pro ရဲ့ အထူကတော့ 7.65mm ပဲရှိပြီး 174g လေးပါတယ်။ Bluetooth 4.2 ကိုသုံးထားပြီး NFC လည်းထည့်ပေးထားတဲ့အပြင် LTE bands ၂၈ ခုပေါ်မှာချိတ်ဆက်နိုင်ပါတယ်။ ဥရောပအတွက်ဈေးနှုန်းကတော့ ယူရို ၈၉၉ (1110 USD) ရှိပြီး အောက်မှာတော့ ဖုန်းရဲ့ကျောဘက်အရောင်တွေနဲ့ပုံစံကိုဖော်ပြပေးထားပါတယ်။

 

Ref: PhoneArena

You may be interested

မ်က္ႏွာျပင္ အရြယ္အစား လိမ္လည္ေရာင္းခ်တယ္ဆိုၿပီး တရားစြဲခံလိုက္ရတဲ့ Apple
Apple, HUBS, Mobiles & Tablets
0 shares0 views

မ်က္ႏွာျပင္ အရြယ္အစား လိမ္လည္ေရာင္းခ်တယ္ဆိုၿပီး တရားစြဲခံလိုက္ရတဲ့ Apple

Ko Thuya - Dec 17, 2018

Apple User ၂ ဦးက အေမရိကန္ျပည္ေထာင္စု ကယ္လီဖိုးနီးယားမွာ ေသာၾကာေန႔က ကုမၸဏီကို တရားစြဲလိုက္ပါတယ္။ Apple ဟာ iPhone X, XS, XS Max မ်ားကို ေၾကညာရာမွာ မ်က္ႏွာျပင္ အရြယ္အစားမ်ားကို မွားယြင္းစြာ ေဖာ္ျပထားတယ္လို႔ တိုင္ၾကားထားပါတယ္။…

Switch နဲ႕ Comic ဖတ္ႏိုင္မယ့္ InkyPen
NEWS, Softwares & Application
23 shares18 views

Switch နဲ႕ Comic ဖတ္ႏိုင္မယ့္ InkyPen

Nigma - Dec 16, 2018

(Zawgyi) လက္ကိုင္ဂိမ္းစက္နဲ႕ Comics ဖတ္ခ်င္တဲ့လူေတြအတြက္ InkyPen ရဲ႕ လစဥ္ေၾကးသြင္း Comics ဝန္ေဆာင္မွဳကို ဒီဇင္ဘာ ၁၇ ရက္ေန႕မွာ မိတ္ဆက္သြားမွာပါ။ Nintendo Switch မွာ စတင္ ရရွိမယ့္ Subscription ဝန္ေဆာင္မွဳ ျဖစ္ျပီး၊ Indie comics…

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ႕ ROG Phone တို႕ကို ျပည္တြင္းေစ်းကြက္တြင္ စတင္ မိတ္ဆက္
ASUS, Mobiles & Tablets, NEWS
457 shares180 views

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ႕ ROG Phone တို႕ကို ျပည္တြင္းေစ်းကြက္တြင္ စတင္ မိတ္ဆက္

Nigma - Dec 16, 2018

(Zawgyi) ASUS ဟာ ေမာ္ဒယ္သစ္ Zenfone Max M2 နဲ႕ Zenfone Max Pro M2 စမတ္ဖုန္းေတြကို ျမန္မာႏိုင္ငံမွာ တရားဝင္ မိတ္ဆက္လိုက္ျပီ ျဖစ္ပါတယ္။ Zenfone Max M2 Series နဲ႕အတူ ႏိုင္ငံတကာေစ်းကြက္မွာ…

Leave a Comment

Most from this category