192 Shares 185 Views

Uber ရဲ႕ ေမာင္းသူမဲ့ ကား ၀င္တိုက္လို႔ အမ်ိဳးသမီး တစ္ဦး ေသဆံုး

Mar 20, 2018
192 185

ေမာင္းသူမဲ့ ကားမ်ားဟာ လူသားယာဥ္ေမာင္းမ်ားထက္ ပိုိမို ေဘးကင္းလံုျခံဳတယ္လို႔ သုေတသန စစ္တမ္းမ်ားက ေဖာ္ျပထားၾကပါတယ္။ အခုေတာ့ ေမာင္းသူမဲ့ ကား တစ္စီး ၀င္တိုက္မႈေၾကာင့္ လူတစ္ဦး ေသဆံုးသြားရတဲ့ ပထမဆံုး ျဖစ္ရပ္ျဖစ္ပြားခဲ့ပါတယ္။ အမ်ားသံုးလမ္းမမွာ အူဘာ စမ္းသပ္ေနတဲ့ ေမာင္းသူမဲ့ ကားတစ္စီးဟာ အရီဇိုုးနား ျပည္နယ္မွာ အသက္ ၄၉ ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးအား ၀င္တိုက္မိၿပီး အမ်ိဳးသမီး ေသဆံုးသြားခဲ့ပါတယ္။

တစ္နာရီလွ်င္ ၄၀ မိုင္ႏႈန္းျဖင့္ ေမာင္းနွင္ေနစဥ္မွာ တိုက္မိတာ ျဖစ္ပါတယ္။ အမ်ိဳးသမီးရဲ႕ အမည္မွာ Elaine Harzberg ျဖစ္ၿပီး သူမဟာ လမ္းေပၚမွာ စက္ဘီးကို တြန္းလာခဲ့စဥ္မွာ တိုက္မိတာ ျဖစ္ပါတယ္။ ကား တိုက္မိၿပီးေနာက္ သူမကို ေဆးရံုသို႔ ေခၚေဆာင္သြားခဲ့ေပမယ့္ မၾကာခင္မွာပဲ ေသဆံုးသြားခဲ့ပါတယ္။

ကားဟာ တိုက္မိခ်ိန္မွာ Autopilot Mode ျဖင့္ ေမာင္းႏွင္ေနတာ ျဖစ္ၿပီး ကားေပၚမွာ အူဘာရဲ႕ ၀န္ထမ္းတစ္ဦး ျဖစ္သူ အသက္ ၄၄ ႏွစ္အရြယ္ Rafael Vasquez ဆိုသူ ပါလာခဲ့ပါတယ္။ သူကေတာ့ ထိခိုက္ ဒဏ္ရာရျခင္း မရွိပါဘူး။ အေမရိကန္ တစ္လႊားမွာ ေမာင္းသူမဲ့ ကား စမ္းသပ္မႈမ်ား အားလံုးကို ယခု ယာဥ္မေတာ္တဆ ျဖစ္မႈေၾကာင့္ အူဘာက ရပ္နားလိုက္ပါတယ္။

ေမာင္းသူမဲ့ကားေၾကာင့္ လူေသဆံုးမႈ ျဖစ္ရပ္တစ္ခု ၂၀၁၆ ခုႏွစ္ကလည္း ျဖစ္ပြားခဲ့ပါတယ္။ အဲဒီ ျဖစ္ရပ္မွာ ေသဆံုးသူဟာ ယာဥ္ေမာင္း ျဖစ္ပါတယ္။ ျပႆနာ ျဖစ္ပြားတဲ့ ကားဟာ Tesla ရဲ႕ ကားျဖစ္ၿပီး Semi-Autonomous Autopilot Mode ျဖင့္ ေမာင္းနွင္လာစဥ္မွာ ကားတိုက္မႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္ပါတယ္။

Ref : theverge

unicode

Uber ရဲ့ မောင်းသူမဲ့ ကား ဝင်တိုက်လို့ အမျိုးသမီး တစ်ဦး သေဆုံး

မောင်းသူမဲ့ ကားများဟာ လူသားယာဉ်မောင်းများထက် ပိုမို ဘေးကင်းလုံခြုံတယ်လို့ သုတေသန စစ်တမ်းများက ဖော်ပြထားကြပါတယ်။ အခုတော့ မောင်းသူမဲ့ ကား တစ်စီး ဝင်တိုက်မှုကြောင့် လူတစ်ဦး သေဆုံးသွားရတဲ့ ပထမဆုံး ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ အများသုံးလမ်းမမှာ အူဘာ စမ်းသပ်နေတဲ့ မောင်းသူမဲ့ ကားတစ်စီးဟာ အရီဇိုုးနား ပြည်နယ်မှာ အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ဝင်တိုက်မိပြီး အမျိုးသမီး သေဆုံးသွားခဲ့ပါတယ်။

တစ်နာရီလျှင် ၄၀ မိုင်နှုန်းဖြင့် မောင်းနှင်နေစဉ်မှာ တိုက်မိတာ ဖြစ်ပါတယ်။ အမျိုးသမီးရဲ့ အမည်မှာ Elaine Harzberg ဖြစ်ပြီး သူမဟာ လမ်းပေါ်မှာ စက်ဘီးကို တွန်းလာခဲ့စဉ်မှာ တိုက်မိတာ ဖြစ်ပါတယ်။ ကား တိုက်မိပြီးနောက် သူမကို ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပေမယ့် မကြာခင်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

ကားဟာ တိုက်မိချိန်မှာ Autopilot Mode ဖြင့် မောင်းနှင်နေတာ ဖြစ်ပြီး ကားပေါ်မှာ အူဘာရဲ့ ဝန်ထမ်းတစ်ဦး ဖြစ်သူ အသက် ၄၄ နှစ်အရွယ် Rafael Vasquez ဆိုသူ ပါလာခဲ့ပါတယ်။ သူကတော့ ထိခိုက် ဒဏ်ရာရခြင်း မရှိပါဘူး။ အမေရိကန် တစ်လွှားမှာ မောင်းသူမဲ့ ကား စမ်းသပ်မှုများ အားလုံးကို ယခု ယာဉ်မတော်တဆ ဖြစ်မှုကြောင့် အူဘာက ရပ်နားလိုက်ပါတယ်။

မောင်းသူမဲ့ကားကြောင့် လူသေဆုံးမှု ဖြစ်ရပ်တစ်ခု ၂၀၁၆ ခုနှစ်ကလည်း ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်မှာ သေဆုံးသူဟာ ယာဉ်မောင်း ဖြစ်ပါတယ်။ ပြဿနာ ဖြစ်ပွားတဲ့ ကားဟာ Tesla ရဲ့ ကားဖြစ်ပြီး Semi-Autonomous Autopilot Mode ဖြင့် မောင်းနှင်လာစဉ်မှာ ကားတိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

Ref : theverge

You may be interested

Windows 10 ကို Android ကေန ထိန္းခ်ဳပ္ေပးမယ့္ Controller for Win10
Android, FEATURES, HUBS
63 shares17 views

Windows 10 ကို Android ကေန ထိန္းခ်ဳပ္ေပးမယ့္ Controller for Win10

Ko Thuya - Dec 13, 2018

စမတ္ဖုန္းမ်ားကို စြယ္စံုသံုး ကိရိယာမ်ား အျဖစ္ ဖန္တီးလာၾကပါတယ္။ အခ်ိဳ႕ စမတ္ဖုန္းမ်ားမွာ Infrared Sensor ကို ထည့္ေပးထားၿပီး တီဗီ၊ ေလေအးေပးစက္လို အီလက္ထေရာနစ္ ကိရိယာမ်ားကို ထိန္းခ်ဳပ္ႏုိင္ပါတယ္။ Windows , Mac Computer မ်ားကို ထိန္းခ်ဳပ္ႏုိင္တဲ့ App…

Samsung Galaxy S10 ဟာ ၁၇၆၅ ေဒၚလာ အထိ ရွိႏုိင္
Android, HUBS, Mobiles & Tablets
194 shares47 views

Samsung Galaxy S10 ဟာ ၁၇၆၅ ေဒၚလာ အထိ ရွိႏုိင္

Ko Thuya - Dec 13, 2018

Samsung Galaxy S10 ကို ဘာစီလိုနာမွာ က်င္းပမယ့္ Mobile World Congress ပြဲ မတိုင္ခင္ လာမယ့္ႏွစ္ ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္တယ္လို႔ သတင္းထြက္လာပါတယ္။ Galaxy S10 , S10+ နဲ႔…

ပိုမို ပါးလႊာ ၊ ေပါ့ပါး လာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ iPhone Display မ်ား
Apple, HUBS, Mobiles & Tablets
786 shares213 views

ပိုမို ပါးလႊာ ၊ ေပါ့ပါး လာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ iPhone Display မ်ား

Ko Thuya - Dec 13, 2018

Samsung ဟာ ယခင္ႏွစ္ထုတ္ iPhone X နဲ႔ ဒီႏွစ္ထုတ္ iPhone XS , XS Max မ်ားအတြက္ OLED Panels မ်ားကို ပံ့ပိုးေပးထားပါတယ္။ အဲဒီ မ်က္ႏွာျပင္မ်ားရဲ႕ ထုတ္လုပ္မႈ ကုန္က်စားရိတ္ဟာ အလြန္မ်ားပါတယ္။ အဲဒီအတြက္…

Leave a Comment

Most from this category