802 Shares 2834 Views
ထိပ်ဖက်မှာ selfie ကင်မရာမပါကြောင်းပြလိုက်တဲ့ Xiaomi Mi Mix 2s(official teaser)
Mar 20, 2018
802 2834
[Zawgyi]
Ref: GsmArena
[Unicode]
Xiaomi ကတော့ လာမယ့် Mi Mix 2s အတွက် သူ့ရဲ့brand ambassador ကို ကြော်ငြာလိုက်ပါပြီ။ သူလေးကတော့ (Exo အဖွဲ့ဝင်ဟောင်း) Kris Wu လို့လူသိများကြတဲ့ Wu Yifan ဖြစ်ပြီး သူ့ရဲ့ ဖုန်းကိုင်ထားတဲ့ကြောြ်ငာပုံတွေကို Xiaomi ကိုယ်တိုင် တရားဝင်တင်လိုက်တာပါ။ ပုံတွေကိုကြည့်လိုက်တာနဲ့ ညာဘက်ထိပ်ဖက်ထောင့်မှာ ဆယ်လ်ဖီကင်မရာပါမယ်ဆိုတဲ့သတင်းက တက်တက်စင်လွဲတာကို တွေ့ပါလိမ့်မယ်။
ညာဘက်ထိပ်ထောင့်မှာ ဘာကင်မရာမှမပါတဲ့အပြင ်အောက်ဘက်ဘောင်တွေကလည်း နည်းနည်းတူနေတာကြောင့် ထွက်ခဲ့ပြီးသား Mi Mix 2 နဲ့ တော်တော်ကြီးကို ဆင်တူနေပါတယ်။
နောက်ပြီး Xiaomi ရဲ့စီအီးအို Lei Jun က မတ်လ ၂၇ရက်နေ့ ရှန်ဟိုင်းမြို့မှာကျင်းပမယ့် Mi Mix 2s မိတ်ဆက်ပွဲနဲ့ပတ်သတ်တဲ့အချက်အလက်တွေကိုလည်း တရုတ်သတင်းဝဘ်ဆိုဒ် Weibo မှာတင်ထားပါသေးတယ်။ ကံထူးရှင်ဧည့်သည် ၁၀ယောက်ကတော့ ပဲရစ်စ်မြို့ကို လည်ပတ်ခွင့်ရမှာဖြစ်ပြီး ပြင်သစ်မှာရှိတဲ့ ဥရောပမှာအကြီးဆုံးခေတ်ပေါ်အနုပညာပြတိုက် Centre Pompidou ကိုလည်းဝင်ရောက်ခွင့်ရဦးမှာပါ။ နောက်ပြီး လက်ဆောင်တွေထဲမှာလည်း Centre Pompidou ကို free ဝင်ခွင့်လတ်မှတ်တွေထည့်သွင်းပေးထားပါသေးတယ်။
Xiaomi Mi Mix 2s မှာတော့ အရင်သတင်းထွက်ထားသလို Snapdragon 845 နဲ့လာမှာပါ။ နောက်ဆုံးထွက်ရှိလာတဲ့ပုံကတော့ retail box ဘူးခွံတွေပေါ်မှာကပ်မယ့် sticker တွေပုံဖြစ်ပြီး ကြည့်လိုက်ရင် RAM 8GB, Storage 256GB ဆိုတာကို တွေ့ရမှာပါ။ ဒါလည်း အရင်ထွက်ခဲ့တဲ့သတင်းအတိုင်းတူတူပါပဲ။ မတူတာဆိုလို့ ကင်မရာအထားအသိုနေရာလေးနဲ့ အောက်ဘက်ဘောင်ဒီဇိုင်းလေးပါပဲ။ အသေးစိတ် specification တွေကိုတော့ မတ်လ ၂၇ရက်နေ့ တရားဝင်မိတ်ဆက်ပွဲကျမှပဲ သိရတော့မှာပါ။
Ref: GsmArena
You may be interested
iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views
iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Ko Thuya - Sep 25, 2018
Apple က ပြီးခဲ့တဲ့ သောကြာနေ့မှာ iPhone XS နဲ့ iPhone XS Max တို့ကို ရောင်းချပေးလိုက်ပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက်…
Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
HUBS, Microsoft
39 shares12 views
Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
Creepy Tyler - Sep 25, 2018
Microsoft ကတော့ Surface Hub 2 ကို ပြသခဲ့ပြီး ၊ နောက်ဆုံးထွက်ဖြစ်လာမယ့် ဒီ device မှာ ပါလာမယ့်  Rotating Display အမည်ရ device ပုံစံအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပြသပေးမယ့် နည်းပညာကိုလည်း တစ်ခါတည်း ပြသခဲ့ပါတယ်။…
Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ
FEATURES, HOW TO, Softwares & Application
242 shares79 views
Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ
Ko Thuya - Sep 25, 2018
Google Chrome ဟာ ကမ္ဘာမှာ လူသုံးအများဆုံး ၀က်ဘရောက်စာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Google Chrome မှာ လူသိနည်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များ ပါရှိပါတယ်။ အဲဒီအထဲမှာ Chrome ကို Text Editor လို အသုံးပြုခြင်း၊…
Leave a Comment
Most from this category