Download လုပ်စရာ မလိုဘဲ ဂိမ်းများ ကစားနိုင်မယ့် Google Play Instant

ဒီတစ်ပတ်ထဲမှာ ဆန်ဖရန်စစ္စကိုမှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ Game Developers Conference ကို ပြုလုပ်နေပါတယ်။ ထုံးစံအတိုင်းပဲ Google က Play Store နဲ့ Android Games များ အကြောင်းကို ပြောကြားပါတယ်။ Google က Android Gamers များအတွက် Google Play Instant ဝန်ဆောင်မှုကို ကြေညာလိုက်ပါတယ်။

Android Game တစ်ခုကို ကစားချင်ရင် အရင်ဆုံး ဒေါင်းလုပ်လုပ်ပြီး အင်စတောလုပ်ရမှာ ဖြစ်ပါတယ်။ ပြီးရင် ဂိမ်းကို ၁၅ မိနစ်ကြာ မြည်းစမ်း ကစားနိုင်ပါတယ်။ မနှစ်သက်ရင် ၁၅ မိနစ်အတွင်းမှာ Uninstall လုပ်ပြီး ငွေပြန်တောင်းနိုင်ပါတယ်။

အခုတော့ ဂိမ်းများကို ဒေါင်းလုပ်လုပ်စရာ မလိုဘဲ မြည်းစမ်းကစားနိုင်မယ့် Google Play Instant ကို ဖန်တီးပေးလိုက်ပါတယ်။ ဒီလို စမ်းသပ်ကစားနိုင်မယ့် ဂိမ်းများထဲမှာ Clash Royale, Words with Friends 2, Bubble Witch 3 Saga တို့ ပါဝင်ပါတယ်။ Instant Games များအားလုံးကို ဒီလင့်မှာ တွေ့နိုင်ပါတယ်။

Instant Gameplay Collection မှာ သူတို့ရဲ့ ဂိမ်းများကို ထည့်သွင်းချင်တဲ့ Game Developers များအတွက်တော့ စိတ်မကောင်းစရာပါ။ အဲဒီ ဝန်ဆောင်မှုကို ဂူဂယ်လ်က Closed Beta အနေဖြင့် စမ်းသပ်နေခြင်း ဖြစ်ပါတယ်။ Instant Game မှာ ပါဝင်ချင်တဲ့ Developer များဟာ Sign Up ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဂူဂယ်လ်ဟာ Android Game နယ်ပယ်မှာ တီထွင်ဖန်တီးမှု အသစ်များကို မကြာခင်က ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒါကတော့ AR, VR Game ဖန်တီးသူများအတွက် Google Map APIs ကို ပံ့ပိုးပေးခဲ့ခြင်း ဖြစ်ပါတယ်။

Ref : androidauthority

unicode

Download လုပ်စရာ မလိုဘဲ ဂိမ်းများ ကစားနိုင်မယ့် Google Play Instant

%d bloggers like this: