479 Shares 125 Views


Mar 20, 2018
479 125




Ref : gsmarena

unicode

Samsung Galaxy S9+ ရဲ့ ထုတ်ကုန်မှု ကုန်ကျစားရိတ်ဟာ ၃၇၉ ဒေါ်လာသာရှိ

Samsung က Galaxy S9 နဲ့ Galaxy S9+ စမတ်ဖုန်းများကို ဖေဖော်ဝါရီလကုန်မှာ မိတ်ဆက်ခဲ့ပါတယ်။ Samsung Galaxy S9+ ကို ကမ္ဘာအဝန်းမှာ ဒေါ်လာ ၈၀၀ နဲ့ ၉၀၀ အကြား ရောင်းချနေပေမယ့် TechInsights ရဲ့ တွက်ချက်မှုအရ S9+ ရဲ့ အစိတ်အပိုင်းများ တန်ဖိုးနဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ ၃၇၉ ဒေါ်လာသာ ရှိတယ်လို့ သိရပါတယ်။ အဲဒီ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ Galaxy Note 8 ထက် ၁၀ ဒေါ်လာ ပိုမိုများပြားပြီး S9+ ဟာ ဆမ်ဆောင်း ထုတ်လုပ်ခဲ့ဖူးသမျှ စမတ်ဖုန်းများထဲမှာ ထုတ်လုပ်မှု ကုန်ကျစားရိတ် အများဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။

TechInsights က ထုတ်လုပ်မှု ကုန်ကျစားရိတ်အပိုင်းမှာ Galaxy S9+ Global Version ကို Galaxy Note 8 , Galaxy S8+, iPhone 8 Plus , iPhone X များကို နှိုင်းယှဉ်ခဲ့ကြပါတယ်။ အဲဒီ စမတ်ဖုန်းများအားလုံးထဲမှာ Apple iPhone X ရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ ၃၈၉.၅၀ ဒေါ်လာ ဖြစ်ပြီး Samsung Galaxy S9+ ထက် ၁၀ ဒေါ်လာ ပိုမိုများပြားနေပါတယ်။

Samsung Galaxy S9+ ရဲ့ Exynos 9810 Chipset ဟာ ၆၈ ဒေါ်လာနဲ့ Super AMOLED Display ဟာ ၇၂.၅၀ ဒေါ်လာ တန်ကြေးရှိပါတယ်။ အခြား တန်ဖိုးကြီး အစိတ်အပိုင်းများထဲမှာ ကင်မရာ၊ မန်မိုရီများ ပါဝင်ပါတယ်။ S9+ ရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဖြစ်တဲ့ ၃၇၉ ဒေါ်လာဟာ ထုတ်လုပ်မှု ကုန်ကျစားရိတ်သာ ရှိပြီး သုတေသန၊ ဈေးကွက်ရှာဖွေခြင်း၊ ဖြန့်ဖြူးခြင်း၊ အခွန်စတဲ့ စားရိတ်များ မပါပါဘူး။

Ref : gsmarena

You may be interested

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
93 shares21 views

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…

မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung
Samsung
119 shares18 views

မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung

Tha Ra - Jul 18, 2018

[Zawgyi] Samsung အနေနဲ့ 8GB LPDDR5 DRAM Chip အကြောင်းတွေကို မနေ့ ညနေတုန်းက ကြေငြာခဲ့တာ ဖြစ်ပါတယ်။ 8GB LPDDR5 တွေဟာ ကုမ္ပဏီရဲ့ ပထမဦးဆုံး 10nm အမျိုးအစား Chip များ ဖြစ်သလို 5G…

Xiaomi က ဇူလိုင်လ ၂၄ ရက်နေ့မှာ Mi A2 Lite ကို မိတ်ဆက်မယ်လို့ အတည်ပြု
Android, HUBS, Mobiles & Tablets
107 shares117 views

Xiaomi က ဇူလိုင်လ ၂၄ ရက်နေ့မှာ Mi A2 Lite ကို မိတ်ဆက်မယ်လို့ အတည်ပြု

Ko Thuya - Jul 18, 2018

ရှောင်မီက တွစ်တာအကောင့်ကနေ Mi A2 ရဲ့ သတင်းအချက်အလက်များကို အရိပ်အမြွက် ပြသနေပါတယ်။ အခုတော့ Mi A2 နဲ့အတူ Mi A2 Lite ကိုပါ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။ ပထမ Tweet မှာ “ 2…

Leave a Comment

Most from this category