108 Shares 97 Views

ခရီးသြားလာျခင္း အတြက္ Facebook ကို အသံုးျပဳနည္းမ်ား

Mar 19, 2018
108 97

အားလပ္ရက္မွာ ခရီးသြားလာၾကမယ့္ သူေတြအတြက္ Facebook က ကူညီေပးႏိုင္ပါတယ္။ စိတ္၀င္စားစရာ အေကာင္းဆံုး ေနရာမ်ားကို ရွာေဖြဖို႔၊ ခရီးသြား ၀န္ေဆာင္မႈ ကုမၸဏီမ်ားကို ဆက္သြယ္ဖုိ႔ အျပင္ အျခား အေထာက္အကူျပဳတဲ့ စြမ္းေဆာင္ခ်က္မ်ားကို Facebook က ပံ့ပိုးေပးထားပါတယ္။

ခရီးသြားလာျခင္းနဲ႔ ပတ္သက္တဲ့ Pages မ်ားကို Like ျပဳလုပ္ထားပါ။

စိတ္၀င္စား စရာေကာင္းတဲ့ ေနရာေဒသမ်ားကို သိရွိဖို႔အတြက္ ခရီးသြား ၀န္ေဆာင္မႈကုမၸဏီမ်ားရဲ႕ Pages မ်ားကို Like ျပဳလုပ္ထားသင့္ပါတယ္။ အဲဒီ Page မ်ားမွ ပို႔စ္တိုင္းကို လက္မလြတ္ေစဖို႔ Interest List ထဲထည့္ထားႏုိင္ပါတယ္။ ေနာက္ၿပီး အဲဒီ Page ေတြကို ေနာက္ပိုင္းမွာ အလြယ္တကူ ျပန္ရွာၾကည့္ႏိုင္ဖို႔ သိမ္းထားႏုိင္တဲ့ Save Feature ကိုလည္း Facebook ကထည့္သြင္းေပးထားပါၿပီ။ Page ရဲ႕ ညာဘက္မွ အလ်ားလိုက္ အစက္သံုးစက္ကို ႏွိပ္ၿပီး Save လုပ္ထားႏိုင္ၿပီး သိမ္းထားတာေတြကို ျပန္ၾကည့္ခ်င္ရင္ Facebook Home Page ရဲ႕ ဘယ္ဘက္ Sidebar မွ Saved ကိုႏွိပ္ပါ။

ခရီးသြားလာျခင္းနဲ႔ ပတ္သက္တဲ့ Groups မ်ားကို Join ပါ။

Facebook မွာ Groups သန္းေပါင္းမ်ားစြာ ရွိပါတယ္။ အဲဒီ Groups မ်ားစြာထဲမွာ ခရီးသြားလာျခင္းနဲ႔ ပတ္သက္တဲ့ Groups မ်ားလည္း ရွိပါတယ္။ သင့္ရဲ႕ အသက္အရြယ္နဲ႔ တူညီတဲ့ ခရီးသြား ၀ါသနာတူသူေတြရဲ႕ Group ကို Join လုပ္သင့္ပါတယ္။

Events မ်ားကို ရွာေဖြပါ။

Facebook ရဲ႕ ဘယ္ဘက္ Sidebar မွ Events ကို ႏွိပ္ရင္ Events မ်ားကို ျပသေပးထားတဲ့ Page ကို ျပသေပးမွာပါ။ အဲဒီမွာ သင့္ကို ဖိတ္ၾကားထားတဲ့ Events မ်ားသာမက သင့္ရဲ႕ ေဒသအတြင္းမွ Event မ်ား၊ သင္ Like ျပဳလုပ္ထားတဲ့ Page မ်ားက ျပဳလုပ္ထားတဲ့ Events မ်ား၊ သင္အဖြဲ႔၀င္ထားတဲ့ Group မ်ားမွ Events မ်ား အားလံုးကို ျပသေပးထားမွာပါ။ Events မ်ားကို ရွာေဖြႏိုင္တဲ့ အျခား နည္းတစ္ခုက Search Box ျဖစ္ပါတယ္။ Search Box မွာ Events in Taunggyi လို႔ ရိုက္ရွာလိုက္ရင္ ေတာင္ႀကီးမွာ က်င္းပမယ့္ Events မ်ားကို ျပသေပးမွာပါ။

Graph Search ကို အသံုးျပဳပါ။

Facebook Graph Search က အလြန္အစြမ္းထက္ပါတယ္။ Graph Search ကေန သြားမယ့္ ေဒသမွာ ရွိတဲ့ ဟိုတယ္၊ စားေသာက္ဆိုင္၊ ေကာ္ဖီဆိုင္ စတာေတြကို ရွာေဖြႏိုင္ပါတယ္။ ဥပမာ အားျဖင့္ Hotels in Chaung Thar လို႔ ရိုက္ထည့္လိုက္တာနဲ႔ ေခ်ာင္းသာမွာ ရွိတဲ့ ဟိုတယ္မ်ားကို ျပသေပးမွာပါ။ ရလဒ္ေတြရဲ႕ ညာဘက္ေဘးမွာ အေသးစိတ္ အခ်က္အလက္မ်ားကို စိစစ္ၿပီး ရွာေဖြႏိုင္တဲ့ Search Tools မ်ားရွိပါတယ္။

သူငယ္ခ်င္းမ်ားနဲ႔ Page မ်ားမွ ပို႔စ္မ်ားကို သိမ္းထားပါ။

သူငယ္ခ်င္းမ်ားက သူတို႔ ခရီးသြားခဲ့ၾကတဲ့ ေနရာေဒသနဲ႔ ပတ္သက္ၿပီး အသံုး၀င္တဲ့ ပို႔စ္မ်ားကို တင္ထားရင္ အဲဒီပို႔စ္မ်ားကို သိမ္းထားႏုိင္ပါတယ္။ ထို႔အတူပဲ ခရီးသြားျခင္းနဲ႔ ပတ္သက္တဲ့ Pages မ်ားမွ ပို႔စ္မ်ားကိုလည္း သိမ္းထားႏုိင္ပါတယ္။ ပို႔စ္ရဲ႕ ညာဘက္အေပၚေထာင့္မွ မွ်ားကို ႏွိပ္ၿပီး Save ကိုႏွိပ္ပါ။

သိမ္းထားတဲ့ ပို႔စ္မ်ားကို ျပန္လည္ ၾကည့္ရႈဖို႔အတြက္ Home Page ရဲ႕ ဘယ္ဘက္ Sidebar မွ Saved ကိုႏွိပ္ိပါ။ ဒါမွမဟုတ္ သင့္ရဲ႕ Activity မွာလည္း ၾကည့္ႏိုင္ပါတယ္။

သူငယ္ခ်င္းမ်ားကို ေမးျမန္းပါ။

သင္ ခရီးသြားမယ့္ အေၾကာင္းနဲ႔ ပတ္သက္တဲ့ ပို႔စ္တစ္ခုတင္ၿပီး သူငယ္ခ်င္းမ်ားကို ေမးျမန္းပါ။ ဥပမာ အားျဖင့္ “ ေခ်ာင္းသာ သြားမလို႔ပါ။ စိတ္၀င္စား စရာေကာင္းတဲ့ ေနရာေတြ ရွိရင္ ေျပာျပပါ သူငယ္ခ်င္းတို႔ “ ဆိုၿပီး ပို႔္စ္တင္ပါ။ သူငယ္ခ်င္းမ်ားရဲ႕ အေျဖကို ရရွိဖို႔ အခ်ိန္ အနည္းငယ္ေစာင့္ရမွာပါ။ ခရီးသြားမယ့္ ေဒသနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္မ်ား ရွိတဲ့ ၀က္ဆိုက္မ်ားကိုလည္း သူငယ္ခ်င္းမ်ားကို ေမးလို႔ ရပါတယ္။

Facebook ရဲ႕ Travel App မ်ားကို အသံုးျပဳပါ။

Facebook မွာ Apps မ်ားစြာ ရွိပါတယ္။ အဲဒီ Apps မ်ားစြာထဲမွာ Travel App မ်ားစြာ ရွိပါတယ္။ အဲဒီ App မ်ားကို အသံုးျပဳၿပီး ဟိုတယ္မ်ား၊ ေနရာေဒသမ်ား ၊ အေ၀းေျပးကားမ်ားကို စံုစမ္း သိရွိႏိုင္ပါတယ္။ ဒါေပမယ့္ Travel App အေတာ္မ်ားမ်ားမွာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္မ်ားကို ထည့္သြင္းထားျခင္း မရွိေသးတာေတြ႔ရၿပီး ႏုိင္ငံျခား ခရီးသြားဖို႔ အတြက္ေတာ့ သတင္းအခ်က္အလက္မ်ား ရယူႏိုင္ပါတယ္။

Facebook ဟာ ကမာၻ႕အႀကီးဆံုး လူမႈကြန္ယက္ေတြထဲက တစ္ခုျဖစ္တဲ့အတြက္ လိုခ်င္တဲ့ သတင္းအခ်က္အလက္မ်ားစြာကို ရယူႏုိင္တဲ့ ေနရာလည္း ျဖစ္ပါတယ္။ Facebook ကို သတင္းဖတ္ဖို႔ ၊ ပို႔စ္တင္ဖို႔၊ Brand မ်ားကို ေၾကာ္ညာဖို႔ ၊ အလုပ္အကိုင္ ရွာေဖြဖို႔ အျပင္ ခရီးသြားျခင္း အတြက္လည္း အသံုးျပဳႏိုင္တယ္ဆိုတာ တင္ျပလိုက္ပါတယ္။

Ref : makeuseof

unicode

ခရီးသွားလာခြင်း အတွက် Facebook ကို အသုံးပြုနည်းများ

အားလပ်ရက်မှာ ခရီးသွားလာကြမယ့် သူတွေအတွက် Facebook က ကူညီပေးနိုင်ပါတယ်။ စိတ်ဝင်စားစရာ အကောင်းဆုံး နေရာများကို ရှာဖွေဖို့၊ ခရီးသွား ဝန်ဆောင်မှု ကုမ္ပဏီများကို ဆက်သွယ်ဖို့ အပြင် အခြား အထောက်အကူပြုတဲ့ စွမ်းဆောင်ချက်များကို Facebook က ပံ့ပိုးပေးထားပါတယ်။

ခရီးသွားလာခြင်းနဲ့ ပတ်သက်တဲ့ Pages များကို Like ပြုလုပ်ထားပါ။

စိတ်ဝင်စား စရာကောင်းတဲ့ နေရာဒေသများကို သိရှိဖို့အတွက် ခရီးသွား ဝန်ဆောင်မှုကုမ္ပဏီများရဲ့ Pages များကို Like ပြုလုပ်ထားသင့်ပါတယ်။ အဲဒီ Page များမှ ပို့စ်တိုင်းကို လက်မလွတ်စေဖို့ Interest List ထဲထည့်ထားနိုင်ပါတယ်။ နောက်ပြီး အဲဒီ Page တွေကို နောက်ပိုင်းမှာ အလွယ်တကူ ပြန်ရှာကြည့်နိုင်ဖို့ သိမ်းထားနိုင်တဲ့ Save Feature ကိုလည်း Facebook ကထည့်သွင်းပေးထားပါပြီ။ Page ရဲ့ ညာဘက်မှ အလျားလိုက် အစက်သုံးစက်ကို နှိပ်ပြီး Save လုပ်ထားနိုင်ပြီး သိမ်းထားတာတွေကို ပြန်ကြည့်ချင်ရင် Facebook Home Page ရဲ့ ဘယ်ဘက် Sidebar မှ Saved ကိုနှိပ်ပါ။

ခရီးသွားလာခြင်းနဲ့ ပတ်သက်တဲ့ Groups များကို Join ပါ။

Facebook မှာ Groups သန်းပေါင်းများစွာ ရှိပါတယ်။ အဲဒီ Groups များစွာထဲမှာ ခရီးသွားလာခြင်းနဲ့ ပတ်သက်တဲ့ Groups များလည်း ရှိပါတယ်။ သင့်ရဲ့ အသက်အရွယ်နဲ့ တူညီတဲ့ ခရီးသွား ဝါသနာတူသူတွေရဲ့ Group ကို Join လုပ်သင့်ပါတယ်။

Events များကို ရှာဖွေပါ။

Facebook ရဲ့ ဘယ်ဘက် Sidebar မှ Events ကို နှိပ်ရင် Events များကို ပြသပေးထားတဲ့ Page ကို ပြသပေးမှာပါ။ အဲဒီမှာ သင့်ကို ဖိတ်ကြားထားတဲ့ Events များသာမက သင့်ရဲ့ ဒေသအတွင်းမှ Event များ၊ သင် Like ပြုလုပ်ထားတဲ့ Page များက ပြုလုပ်ထားတဲ့ Events များ၊ သင်အဖွဲ့ဝင်ထားတဲ့ Group များမှ Events များ အားလုံးကို ပြသပေးထားမှာပါ။ Events များကို ရှာဖွေနိုင်တဲ့ အခြား နည်းတစ်ခုက Search Box ဖြစ်ပါတယ်။ Search Box မှာ Events in Taunggyi လို့ ရိုက်ရှာလိုက်ရင် တောင်ကြီးမှာ ကျင်းပမယ့် Events များကို ပြသပေးမှာပါ။

Graph Search ကို အသုံးပြုပါ။

Facebook Graph Search က အလွန်အစွမ်းထက်ပါတယ်။ Graph Search ကနေ သွားမယ့် ဒေသမှာ ရှိတဲ့ ဟိုတယ်၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင် စတာတွေကို ရှာဖွေနိုင်ပါတယ်။ ဥပမာ အားဖြင့် Hotels in Chaung Thar လို့ ရိုက်ထည့်လိုက်တာနဲ့ ချောင်းသာမှာ ရှိတဲ့ ဟိုတယ်များကို ပြသပေးမှာပါ။ ရလဒ်တွေရဲ့ ညာဘက်ဘေးမှာ အသေးစိတ် အချက်အလက်များကို စိစစ်ပြီး ရှာဖွေနိုင်တဲ့ Search Tools များရှိပါတယ်။

သူငယ်ချင်းများနဲ့ Page များမှ ပို့စ်များကို သိမ်းထားပါ။

သူငယ်ချင်းများက သူတို့ ခရီးသွားခဲ့ကြတဲ့ နေရာဒေသနဲ့ ပတ်သက်ပြီး အသုံးဝင်တဲ့ ပို့စ်များကို တင်ထားရင် အဲဒီပို့စ်များကို သိမ်းထားနိုင်ပါတယ်။ ထို့အတူပဲ ခရီးသွားခြင်းနဲ့ ပတ်သက်တဲ့ Pages များမှ ပို့စ်များကိုလည်း သိမ်းထားနိုင်ပါတယ်။ ပို့စ်ရဲ့ ညာဘက်အပေါ်ထောင့်မှ မျှားကို နှိပ်ပြီး Save ကိုနှိပ်ပါ။

သိမ်းထားတဲ့ ပို့စ်များကို ပြန်လည် ကြည့်ရှုဖို့အတွက် Home Page ရဲ့ ဘယ်ဘက် Sidebar မှ Saved ကိုနှိပိပါ။ ဒါမှမဟုတ် သင့်ရဲ့ Activity မှာလည်း ကြည့်နိုင်ပါတယ်။

သူငယ်ချင်းများကို မေးမြန်းပါ။

သင် ခရီးသွားမယ့် အကြောင်းနဲ့ ပတ်သက်တဲ့ ပို့စ်တစ်ခုတင်ပြီး သူငယ်ချင်းများကို မေးမြန်းပါ။ ဥပမာ အားဖြင့် “ ချောင်းသာ သွားမလို့ပါ။ စိတ်ဝင်စား စရာကောင်းတဲ့ နေရာတွေ ရှိရင် ပြောပြပါ သူငယ်ချင်းတို့ “ ဆိုပြီး ပို့်စ်တင်ပါ။ သူငယ်ချင်းများရဲ့ အဖြေကို ရရှိဖို့ အချိန် အနည်းငယ်စောင့်ရမှာပါ။ ခရီးသွားမယ့် ဒေသနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များ ရှိတဲ့ ဝက်ဆိုက်များကိုလည်း သူငယ်ချင်းများကို မေးလို့ ရပါတယ်။

Facebook ရဲ့ Travel App များကို အသုံးပြုပါ။

Facebook မှာ Apps များစွာ ရှိပါတယ်။ အဲဒီ Apps များစွာထဲမှာ Travel App များစွာ ရှိပါတယ်။ အဲဒီ App များကို အသုံးပြုပြီး ဟိုတယ်များ၊ နေရာဒေသများ ၊ အဝေးပြေးကားများကို စုံစမ်း သိရှိနိုင်ပါတယ်။ ဒါပေမယ့် Travel App အတော်များများမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို ထည့်သွင်းထားခြင်း မရှိသေးတာတွေ့ရပြီး နိုင်ငံခြား ခရီးသွားဖို့ အတွက်တော့ သတင်းအချက်အလက်များ ရယူနိုင်ပါတယ်။

Facebook ဟာ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ယက်တွေထဲက တစ်ခုဖြစ်တဲ့အတွက် လိုချင်တဲ့ သတင်းအချက်အလက်များစွာကို ရယူနိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။ Facebook ကို သတင်းဖတ်ဖို့ ၊ ပို့စ်တင်ဖို့၊ Brand များကို ကြော်ညာဖို့ ၊ အလုပ်အကိုင် ရှာဖွေဖို့ အပြင် ခရီးသွားခြင်း အတွက်လည်း အသုံးပြုနိုင်တယ်ဆိုတာ တင်ပြလိုက်ပါတယ်။

Ref : makeuseof

You may be interested

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္
Mobiles & Tablets, NEWS
0 shares0 views

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္

Nigma - Mar 19, 2019

ယေန႔မွာ Xiaomi က မ်ိဳးဆက္သစ္ Black Shark 2 ဂိမ္းမင္းဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ ပထမ Black Shark ဖုန္းက နာမည္ေကာင္းရခဲ့သလိုပဲ အခု Black Shark 2 ဟာလည္း ေသခ်ာေပါက္ လူႀကိဳက္မ်ားမယ့္ ဖုန္းတလုံးပါ။ Black…

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ
Android, HUBS, Mobiles & Tablets
75 shares143 views

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ

Ko Thuya - Mar 19, 2019

OPPO A5 ရဲ႕ အမႊာတစ္ေယာက္ ထြက္ေပၚလာပါတယ္။ သူကေတာ့ OPPO A5s ျဖစ္ပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ သူ႔ကို AX5 , AX5s အမည္မ်ားနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ AX5 မွာ Helio P35 နဲ႔…

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္
Local, Local News, Mobiles & Tablets
87 shares33 views

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္

Ko Ko PR - Mar 19, 2019

ဆန္းသစ္လွပသည့္ Vivo V15 Pro စမတ္ဖုန္းကို မိတ္ဆက္ၿပီးသည့္ေနာက္ Vivo Myanmar မွ Vivo V15 ကို ထပ္မံ ျဖန္႔ခ်ီေတာ့မည္ျဖစ္သည္။ ယခင္ V15Pro ကဲ့သို႔ ဆန္းသစ္လွပေသာ ျမင့္တက္ပြင့္ထြက္လာသည့္ ေရွ႕ကင္မရာ၊ ၆.၅၃ လက္မ ရွိမွန္သားျပင္အျပည့္မ်က္ႏွာျပင္…

Leave a Comment

Most from this category