262 Shares 79 Views


Mar 19, 2018
262 79






Ref : lifehacker

unicode

Android ,iOS မှာဖိုင်တွေကို တိုက်ရိုက် Sync လုပ်ပေးမယ့် Bittorrent Sync

File တွေကို Devices တွေ ကြားမှာ Sync လုပ်တယ်ဆိုတာ ကြားခံ Cloud Storage တစ်ခုလိုအပ်ပါတယ်။ Dropbox ,GoogleDrive တို့လို Cloud Storage တွေကိုအသုံးပြုပြီး Sync လုပ်ကြပါတယ်။ PC က ဖိုင်တစ်ခုကို တစ်ခြား Device တစ်ခု နဲ့ Sync လုပ်ဖို့ အတွက် ဖိုင်ကို အရင်ဆုံး Cloud Storage ကို Upload လုပ်ရပါတယ်။ပြီးမှ တစ်ခြား Device ကနေ Download ပြန်လုပ်ရတာပါ။ BitTorrent System ဆို တာကတော့ ဖိုင်တွေကို Peer-To-Peer နည်းနဲ့ Sync လုပ်ပေးတာပါ။ ဒီနည်းက ကြားခံ Cloud Storage မလို ဘဲနဲ့ Device တွေ ကြားမှာဖိုင်တွေကို တိုက်ရိုက် Sync လုပ်ပေးနိုင်ပါတယ်။အဲဒီအတွက် Sync လုပ်ရတဲ့ အချိန်လည်းပိုမြန်ပါတယ်။ BitTorrent Sync က Windows နဲ့ Android အတွက် Client တွေ အရင်ထွက်ရှိလာတာပါ။အခုတော့ iOS အတွက်လည်းထွက်ရှိလာပြီဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ iOS App ကိုအသုံးပြုနည်းကိုရေးမှာပါ။ Android မှာလည်းအသုံးပြုနည်းကသိပ်ကွာခြားမှာမဟုတ်ပါဘူး။

BitTorrent Sync ကို Windows, iOS မှာ အင်စတောလုပ်ပြီးရင် Windows Client ကနေ ပြီး Sync လုပ်ချင်တဲ့ဖိုဒါတွေကို ရွေးချယ်ပေးပါ။ပြီးရင် ဖို ဒါပေါ်မှာ Right Click နှိပ်ပြီး Connect mobile device ကိုနှိပ်ပါ။ Barcode ကျလာရင် iOS App ကနေ ပြီး Barcode ကို Scan လုပ်ပြီး Sync လုပ်နိုင်ပါပြီ။

BitTorrent Sync app က Sync Folder မှာ iOS Device နဲ့ Compatible မဖြစ်တဲ့ဖိုင်တွေကို ပါတွေ့မြင်နိုင်ပါတယ်။ Compatible ဖြစ်တဲ့ဖိုင်တွေကို ပဲရွေးချယ်ပြီး Download လုပ်နိုင်ပါတယ်။Full View ကတော့ဖိုင်တွေကို Organize လုပ်ဖို့အဆင်ပြေပါတယ်။ဖိုင်တစ်ဖိုင်ကို Preview ကြည့်ပြီး ဒေါင်းလုပ်လုပ်ဖို့ တစ်ချက် Tab လုပ်ရမှာပါ။Main Screen မှာတော့ ဖိုင်ဆိုက်၊ဖော်မက်တွေကို ပြပေးမှာပါ။

BitTorrent Sync ရဲ့ အဓိက ရည်ရွယ်ချက်က ဝင်းဒိုး က ဖိုင်တွေကို iOS Device ကနေအသုံးပြုနိုင်ဖို့ပါ။ဒါပေမယ့် ဒီထက်အသုံးပြုလို့ရတဲ့ Function တွေ လည်းပါရှိပါသေးတယ်။‘Share files’ section မှာ Camera ကပုံတွေကို တစ်ခြား QR Code Scanner ရှိတဲ့ဖုန်းတွေကို Share လုပ်နိုင်ပါတယ်။Recipient မှာ BitTorrent Sync ရှိစရာမလို ပါဘူး။Camera ကရိုက်ထားတဲ့ ပုံတွေကို PC နဲ့ တစ်ခြား Device တွေမှာ Backup လုပ်ဖို့ Backup tab က Camera Backup ကို သုံးနိုင်ပါတယ်။ Mobile Data ကို အသုံးမပြုချင်ရင်လည်း Wifi အသုံးပြုတဲ့အချိန်မှ Sync လုပ်နိုင်ပါတယ်။

Download BitTorrent Sync ( Windows , iOS , Android)

Ref : lifehacker

You may be interested

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ပြီးခဲ့တဲ့ သောကြာနေ့မှာ iPhone XS နဲ့ iPhone XS Max တို့ကို ရောင်းချပေးလိုက်ပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက်…

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
HUBS, Microsoft
63 shares12 views

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ

Creepy Tyler - Sep 25, 2018

Microsoft ကတော့ Surface Hub 2 ကို ပြသခဲ့ပြီး ၊ နောက်ဆုံးထွက်ဖြစ်လာမယ့် ဒီ device မှာ ပါလာမယ့်  Rotating Display အမည်ရ device ပုံစံအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပြသပေးမယ့် နည်းပညာကိုလည်း တစ်ခါတည်း ပြသခဲ့ပါတယ်။…

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ
FEATURES, HOW TO, Softwares & Application
305 shares94 views

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ

Ko Thuya - Sep 25, 2018

Google Chrome ဟာ ကမ္ဘာမှာ လူသုံးအများဆုံး ၀က်ဘရောက်စာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Google Chrome မှာ လူသိနည်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များ ပါရှိပါတယ်။ အဲဒီအထဲမှာ Chrome ကို Text Editor လို အသုံးပြုခြင်း၊…

Leave a Comment

Most from this category