MicroLED display တွေကို ကိုယ်တိုင်ထုတ်လုပ်သုံးစွဲတော့မယ့် Apple

၂၀၁၄ ခုနှစ်တုန်းက Apple က စွမ်းအင်သုံးနည်းတဲ့ MicroLED display နည်းပညာကိုဖန်တီးနေတဲ့ LuxVue ဆိုတဲ့ကုမ္ပဏီတစ်ခုကိုဝယ်ယူခဲ့ပါတယ်။ အခု Bloomberg ရဲ့သတင်းအတိုင်းဆိုရင် Apple က ပထမဆုံးအနေနဲ့ သူ့ရဲ့ဖုန်းတွေ စမတ်နာရီတွေအတွက် display တွေကို ကိုယ်တိုင်ထုတ်လုပ်သုံးစွဲတော့မယ့်ပုံပါပဲ။

Apple အနေနဲ့ MicroLED displays တွေတိုးတက်ထုတ်လုပ်နိုင်ဖို့အတွက် တော်တော်လေးရင်းနှီးထားပြီး ဒီနည်းပညာမှာတော့ screen တွေရဲ့အလင်းထုတ်နိုင်တဲ့ဒြပ်ပေါင်းအသစ်တွေက လက်ရှိ OLED display တွေထက် ပိုလင်း ပိုပါးလွှာပြီး စွမ်းအင်လည်းပိုချွေတာနိုင်ပါတယ်။ OLED တွေလိုပဲ MicroLED နည်းပညာကနောက်ခံ backlight အလင်းမလိုပါဘူး။ Apple အနေနဲ့ကတေ့ လက်ရှိမှာစမ်းသပ်လုပ်ဆောင်နေဆဲဖြစ်လို့ ဈေးကွက်ကိုအမြောက်အများမဖြန့်လာနိုင်သေးပေမယ့် Samsung ကတော့ ဒီနည်းပညာကိုသုံးထားတဲ့ The Wall modular TV ကြီးတွေကို သြဂုတ်လမှာ ထွက်ရှိလာတော့မှာပါ။

Samsung display comparing MicroLED pixels to conventional LED

သတင်းတွေထွက်နေတာကတော့ Apple က သူ့ရဲ့ပထမဆုံး Apple Watch MicroLED ပုံစံငယ်ကို မနှစ်ကပြုလုပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အင်ဂျင်နီယာတွေ ဒီဇိုင်းအတွက်ရော ထုတ်လုပ်မှုအတွက်ပါ အသည်းအသန်ကြိုးစားနေကြတဲ့ “T159” ဆိုတဲ့ပရောဂျက်ကတော့ display နည်းပညာမှာ ပြိုင်ဖက်တွေဖြစ်တဲ့ Samsung တို့ LG တို့ဖန်တီးတဲ့ဒီဇိုင်းထက်ကိုသာမယ့်နည်းလမ်းတစ်ခုနဲ့ ရှေ့ဆက်နေဆဲပါပဲ။ Apple အတွက်တော့ MicroLED ကိုဖန်တီးထုတ်လုပ်တာ ဒါပထမဆုံးအကြိမ်ပါ။ ဒါပေမယ့် အမြဲတမ်းသူများထက်တစ်ပန်းသာခဲ့တဲ့ဝသီအတိုင်း တခြားပြိုင်ဘက်တွေထက်သာတဲ့ (ဥပမာ- စွမ်းရည်ချွေတာနိုင်မှု တို့လို) ပိုမြင့်တဲ့အရည်အသွေးတစ်ခုခုနဲ့ display လောကကို လွှမ်းမိုးလာနိုင်ဦးမယ်လို့ထင်မိပါတယ်။

Ref: engadget

%d bloggers like this: