573 Shares 1132 Views
Mar 19, 2018
573 1132
Ref : androidheadlines
unicode
Notch ပါတဲ့ LG G7 ရဲ့ ဗီဒီယို ထွက်ပေါ်လာ
LG G7 ရဲ့ သတင်းအချက်အလက်များစွာ မကြာခဏပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း သူ့ရဲ့ Notch ပါတဲ့ Video တစ်ခု အွန်လိုင်းမှာ ထွက်ပေါ်လာပါတယ်။ Notch မှာ 8MP Front Camera နဲ့ Earpiece များ တပ်ဆင်ထားပါတယ်။ အဲဒီ Concept Video ကို Science & Knowledge က ဖန်တီးထားတာ ဖြစ်ပြီး သူ့ရဲ့ YouTube Channel မှာ လွှင့်တင်ထားပါတယ်။
ဗီဒီယိုမှာ LG G7 ရဲ့ Notch ဟာ Apple iPhone X ထက်သေးငယ်တာကို တွေ့ရပါတယ်။ မျက်နှာပြင်ရဲ့ ဘယ်နဲ့ ညာဘက်ဟာ ဘောင်ပျောက် ဒီဇိုင်း ဖြစ်ပြီး မျက်နှာပြင်အောက်ဘက်မှ ဘောင်ဟာလည်း အလွန်ပါးလွှာပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ကို ဖန်ဖြင့် ဖုံးအုပ်ထားပြီး ကိုယ်ထည်တစ်ခုလုံးဟာ အလူမီနီယမ် ဖြစ်ပါတယ်။ အနောက်ဘက်မှာ 16MP Dual Camera ကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ Laser Autofocus , Flash LED , Fingerprint Scanner များကို ကင်မရာရဲ့ အောက်မှာ ထည့်သွင်းထားပါတယ်။
သူ့မှာ ၆ လက်မ OLED Display တပ်ဆင်ထားပြီး မျက်နှာပြင် အရည်အသွေးမှာ 1440x3120p ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်ပြီး မျက်နှာပြင်ကို Corning Gorilla Glass 6 ဖြင့် ကာကွယ်ထားပါတယ်။ Android 8.0 Oreo ဖြင့် ပွဲထွက်လာနိုင်ပါတယ်။ ဉာဏ်ရည်တု နည်းပညာကို ထောက်ပံ့တဲ့ Snapdragon 845 SoC ထည့်သွင်းထားနိုင်ပါတယ်။
သူ့မှာ 6GB RAM , 64GB or 128GB Storage များ ထည့်သွင်းထားနိုင်ပါတယ်။ 400GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ 3200mAh Battery ပါပါတယ်။ သူ့ကို မေလမှာ ၅၄၅ ဒေါ်လာဖြင့် ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။
Ref : androidheadlines
You may be interested
Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10
Android, FEATURES, HUBS
63 shares17 views
Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10
Ko Thuya - Dec 13, 2018
စမတ်ဖုန်းများကို စွယ်စုံသုံး ကိရိယာများ အဖြစ် ဖန်တီးလာကြပါတယ်။ အချို့ စမတ်ဖုန်းများမှာ Infrared Sensor ကို ထည့်ပေးထားပြီး တီဗီ၊ လေအေးပေးစက်လို အီလက်ထရောနစ် ကိရိယာများကို ထိန်းချုပ်နိုင်ပါတယ်။ Windows , Mac Computer များကို ထိန်းချုပ်နိုင်တဲ့ App…
Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်
Android, HUBS, Mobiles & Tablets
194 shares47 views
Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်
Ko Thuya - Dec 13, 2018
Samsung Galaxy S10 ကို ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress ပွဲ မတိုင်ခင် လာမယ့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကြေညာမှာ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ Galaxy S10 , S10+ နဲ့…
ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ
Apple, HUBS, Mobiles & Tablets
786 shares213 views
ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ
Ko Thuya - Dec 13, 2018
Samsung ဟာ ယခင်နှစ်ထုတ် iPhone X နဲ့ ဒီနှစ်ထုတ် iPhone XS , XS Max များအတွက် OLED Panels များကို ပံ့ပိုးပေးထားပါတယ်။ အဲဒီ မျက်နှာပြင်များရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ အလွန်များပါတယ်။ အဲဒီအတွက်…
Leave a Comment
Most from this category