2701 Shares 1686 Views

Xiaomi ရဲ႕ Redmi 5 ဖုန္းကို ေဝဖန္သံုးသပ္ျခငး္ (Review)

Mar 19, 2018
2701 1686

Xiaomi Redmi 5 Review


18:9 Aspect Ratio နဲ႔ စမတ္ဖုန္းေတြဟာ အခုဆိုရင္ တန္ဖိုးနည္း Android ဖုန္းေစ်းကြက္ထဲမွာ ေတာ္ေတာ္ေနရာယူထားႏိုင္ၿပီလို႔ ဆိုရမွာပါ။ လြန္ခဲ့တဲ့တစ္ႏွစ္ေက်ာ္ေလာက္တုန္းက High-End စမတ္ဖုန္းေတြမွာပဲ ျမင္ေတြ႕ခဲ့ရတဲ့ Bezel-less Display ေတြကို အခု ၂၀၁၈ ခုႏွစ္မွာ ျမန္မာေငြ ၂ သိန္း-၃ သိန္း ဝန္းက်င္နဲ႔ ဝယ္ယူလာႏိုင္ပါၿပီ။

ဒီလို “Bezel-less 18:9 Aspect Ratio Display” နဲ႔ တန္ဖိုးနည္း Android ဖုန္းေတြထဲမွာ အခုတေလာ နာမည္ရေနတဲ့ ဖုန္းတစ္လုံးကေတာ့ Xiaomi ရဲ႕ Redmi 5 ဖုန္းျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္၊ ဒီဇင္ဘာလက Redmi 5 နဲ႔ Redmi 5 Plus တို႔ကို စတင္မိတ္ဆက္ခဲ့ၿပီး၊ အခု ၂၀၁၈ ခုႏွစ္ မတ္လမွာေတာ့ ဒီဖုန္း (Redmi 5) ကို ျမန္မာႏိုင္ငံမွာ က်ပ္ေငြ ၁၈၀,၀၀၀ – ၁၉၅,၀၀၀ ေစ်းဝန္းက်င္နဲ႔ ဝယ္ယူႏိုင္ေနၿပီျဖစ္ပါတယ္။ ဒါဆို အခု Redmi 5 ဖုန္းက “သုံးေပ်ာ္တဲ့ တန္ဖိုးနည္း 18:9 ဖုန္းတစ္လုံး” လားဆိုတာ က်ေနာ္တို႔ ေလ့လာၾကည့္ရေအာင္။

Design

Redmi 5 နဲ႔ 5 Plus အရင္ ထြက္ခဲ့တဲ့ Redmi Note 5A ကေတာ့ Redmi ပရိတ္သတ္ေတြအတြက္ သိပ္သေဘာမေတြ႕ခဲ့တဲ့ ဖုန္းတစ္လုံးလို႔ ဆိုရမွာပါ။ ဒီဘက္ေခတ္ ဖုန္းတိုင္းလိုလိုမွာ မပါမျဖစ္လို႔ ေျပာလို႔ရတဲ့ Fingerprint Scanner ေတာင္ မပါဝင္လာေတာ့ဘဲ ၊ Prime ဗားရွင္းမွသာ Fingerprint ပါဝင္လာခဲ့သလို Beautify Effects ေတြ ဒလေဟာထည့္ထားတဲ့ ကင္မရာတို႔ကိုပဲ ဦးစားေပးေၾကာ္ျငာကာ ေရာင္းခဲ့တဲ့ ဖုန္းတစ္လုံးျဖစ္ပါတယ္။ ဒါေပမယ့္ အခု Redmi 5 နဲ႔ 5 Plus တို႔မွာေတာ့ Fingerprint Scanner ကို ဖုန္းေနာက္ဘက္မွာ ထည့္ေပးခဲ့ၿပီး၊ 18:9 Aspect Ratio Display ကို  အသုံးျပဳခဲ့ပါတယ္။

Redmi 5 ရဲ႕ Build Materials ပိုင္းကလည္း ဒီေစ်းဝန္းက်င္ဖုန္းေတြထဲမွာ မဆိုးဘူးလို႔ေျပာရမွာပါ။ အရင္လို Unibody မဟုတ္ေတာ့ဘဲ ပလတ္စတစ္ဖရိန္၊ ေက်ာဘက္အလူမီနီယမ္ နဲ႔ဆိုေပမယ့္ Budget ဖုန္းတစ္လုံးအေနနဲ႔ ကိုင္ခ်င္စရာေကာင္းပါတယ္။ သေဘာမက်တာတစ္ခုကေတာ့ Bezel-less Display ဆိုေပမယ့္ ဖုန္းမ်က္ႏွာျပင္ေဘးေဘာင္ေတြက သိသိသာသာရွိေနေသးၿပီး၊ အထူးသျဖင့္ ဖုန္းမ်က္ႏွာျပင္ေအာက္ဘက္က ေဘာင္ေတြက ျဖစ္သင့္တာထက္ ပိုႀကီးေနေသးတယ္လို႔ ခံစားရပါတယ္။ ဒီေနရာမွာ Capacitive Keys ေတြလည္း မထား, ထားဘဲနဲ႔ ေဘာင္ေတြက နည္းနည္းမ်ားေနတယ္လို႔ ထင္ပါတယ္။ သိပ္အျပစ္ႀကီးေတာ့ မဟုတ္ပါဘူး။ ဒီဇိုင္းပိုင္းက ၿခဳံၾကည့္ရင္ေတာ့ တစ္သိန္းရွစ္ေသာင္းေလာက္ ဖုန္းလို႔ ထင္စရာမရွိပါဘူး။ Redmi ဖုန္းေတြရဲ႕ ထုံးစံအတိုင္း အိမ္က TV ၊ Air-Con ေတြကို ထိန္းခ်ဳပ္ႏိုင္မယ့္ IR Blaster လည္း ဖုန္းထိပ္ဘက္မွာ ပါဝင္ပါတယ္။

Display

Display ပိုင္းမွာ အဦးဆုံးေျပာရမယ္ဆိုရင္ေတာ့ ဖုန္း Display ကို ကာကြယ္ေပးမယ့္ Gorilla Glass ပါဝင္ပါတယ္။ Budget ဖုန္းတစ္လုံးအေနနဲ႔ အားရစရာပါ။ ၿပီးေတာ့ ေျပာခဲ့တဲ့အတိုင္း ၅.၇ လက္မ HD+ 18:9 Display နဲ႔ပါ။ Budget ျဖစ္ေနတဲ့အေလ်ာက္ Display Resolution ကေတာ့ HD ပဲ ရပါလိမ့္မယ္။ Brightness ေတြ၊ Color Gamut ေတြ အသင့္အတင့္ေကာင္းမြန္ပါတယ္။ က်ေနာ့္ Personal အျမင္ကေတာ့ Full Screen Display သုံးမွေတာ့ အနည္းဆုံး Full HD (+) ေလာက္မွ ပို ခံစားမႈေကာင္းမယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ သူ႔ ေစ်းႏႈန္း တစ္သိန္းရွစ္ေသာင္းေလာက္နဲ႔ ဒီလို ေနာက္ဆုံးေပၚ Full Screen Display မ်ိဳး ကိုင္ႏိုင္တာ ျပန္ေထၾကည့္ရင္ေတာ့ အျပစ္မေျပာခ်င္ပါဘူး။

Hardware


Hardware ပိုင္းမွာ အဓိကထားေျပာခ်င္တာက Snapdragon 450 SoC ပါ။ Budget Smartphone Processor ေတြထဲမွာ ေလာေလာဆည္အေကာင္းဆုံး Processor လို႔ ေျပာလို႔ရပါတယ္။ အရင္ Snapdragon 625 ကိုမွ Modify အနည္းငယ္လုပ္ၿပီး Budget စမတ္ဖုန္းေစ်းကြက္အတြက္ ထုတ္ခဲ့တဲ့ Processor ျဖစ္ပါတယ္။

တခ်ိဳ႕ စမတ္ဖုန္းကုမၸဏီေတြရဲ႕ Full Screen Display ဖုန္းတခ်ိဳ႕မွာ ဒီ Chipset ကိုပဲ သုံးထားေပမယ့္၊ ေစ်းကေတာ့ အခု Redmi 5 ရဲ႕ ၂ ဆေလာက္ ရွိေနတာ ေတြ႕ရပါတယ္။ Snapdragon 450 သုံး Redmi 5 ဖုန္းရဲ႕ Benchmark Results ေတြကို ေအာက္မွာ ၾကည့္ႏိုင္ပါတယ္။ ေနာက္ဆုံးေပၚ Android Game ေတာ္ေတာ္မ်ားမ်ားကို အဆင္ေျပေျပကစားႏိုင္ၿပီး၊ Resource Intensive ျဖစ္တဲ့ တခ်ိဳ႕ Android Game ေတြမွာေတာ့ Performance အနည္းငယ္က်ႏိုင္ပါတယ္။

Redmi 5 ရဲ႕ Specifications အျပည့္အစုံကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

Connectivity: Dual SIM (hybrid microSD slot)

OS: Android 7.1.2 Nougat, MIUI 9.1

Screen: 5.7″ 18:9 IPS LCD, 720p (282ppi); 503nits of brightness, Gorilla Glass ( Generation အတိအက်မေဖာ္ျပထား )

Camera: 12MP, f/2.2, 1.25um main (PDAF), 5MP Front, 1080p video (both)

Chipset: Snapdragon 450 8x Cortex-A53@1.8GHz, Adreno 506

Memory: 2GB/3GB of RAM + 16GB/32GB of storage

Battery: 3,300mAh

Other Features: Fingerprint Scanner; Infrared Port; FM Radio

Hybrid Dual nano SIM Slot ျဖစ္တာေၾကာင့္ microSD ကတ္ထည့္ရင္ SIM ကတ္ ႏွစ္ကတ္သုံးႏိုင္မွာမဟုတ္ပါဘူး။ SIM ကတ္ႏွစ္ကတ္သုံးရင္လည္း microSD ကတ္ကို ေမ့ရပါလိမ့္မယ္။ Triple Slot ဆိုရင္ေတာ့ ပိုလန္းပါလိမ့္မယ္။

Xiaomi Redmi 5 ရဲ႕ Benchmark Scores ေတြကို က်ေနာ္ ကိုယ္တိုင္စစ္ၾကည့္ရာမွာလည္း အလားတူ Snapdragon 450 SoC သုံးထားတဲ့ Vivo V7, V7+ စမတ္ဖုန္းေတြနဲ႔ မတိမ္းမယိမ္းရွိတာ ေတြ႕ရပါတယ္။ Benchmark Scores ေတြက Budget ဖုန္းေတြထဲမွာ အျမင့္ဆုံးအေျခအေနမွာ ရွိပါတယ္။ Vivo V7+ ဖုန္းေတြမွာ စပါခဲ့တဲ့ Snapdragon 450 ကို (တကယ့္) Budget ဖုန္းေတြမွာသာ ေတြ႕ရရင္ တကယ္ရွယ္ပဲလို႔ ေတြးခဲ့တဲ့အတိုင္း အခု တကယ္ရွယ္ပါပဲ။

Vivo V7+ Antutu Benchmark


Software


Android Nougat 7.1.2 ကို Based လုပ္ထားတဲ့ MIUI 9 နဲ႔ အသုံးျပဳႏိုင္မွာပါ။ Redmi 5 အတြက္ အခုလက္ရွိအခ်ိန္ထိ Global ROM မထြက္ေသးတာေၾကာင့္၊ Google Play Services ေတြကိုေတာ့ ကိုယ့္ဘာသာထည့္ရင္ထည့္၊ ဒါမွမဟုတ္ ဆိုင္မွာ ထည့္ခိုင္းရပါလိမ့္မယ္။ ဒါက Xiaomi CN အလုံးေတြနဲ႔ ပတ္သတ္ၿပီး ႀကဳံေနက်ဆိုေတာ့ သိပ္ေတာ့ အေထြအထူးမဟုတ္ပါဘူး။
MIUI 9 ဟာ အရင္ MIUI 8 ထက္ ပိုျမန္လာၿပီး၊ Multi-Window Support ေတြ၊ ‘Smart” Feature ေတြ အေျမာက္အမ်ားပါဝင္လာပါတယ္။ RAM Management လည္း ပိုေကာင္းလာတာေၾကာင့္ တန္ဖိုးနည္း Android ဖုန္းေတြအတြက္ ပိုအဆင္ေျပလာပါတယ္။ Software ပိုင္းကေတာ့ MIUI နဲ႔ ရင္းႏွီးၿပီးသားလူေတြအတြက္ ေျပာစရာမလိုသလို၊ MIUI နဲ႔ အခုမွ ထိေတြ႕ဖူးမယ့္လူေတြအေနနဲ႔လည္း ခဏခ်င္းမွာ အဆင္ေျပေျပအသုံးျပဳႏိုင္မယ္လို႔ ထင္ပါတယ္။

ကင္မရာ


Redmi 5 ေကာ Redmi 5 Plus ေကာ ကင္မရာအတူတူပါပဲ။ Snapdragon 450 က Dual Camera အထိ Support ေပးထားေပမယ့္၊ ၂ သိန္းဝန္းက်င္ေစ်းကြက္ထဲ အဓိက Target ထားထားတာေၾကာင့္ Single Camera ကိုပဲ ေတြ႕ျမင္ရပါလိမ့္မယ္။ ေက်ာကင္မရာက 12MP Sensor, 26mm f/2.2 lens, 1.25um pixels, PDAF, LED Flash တို႔ ပါဝင္ပါလိမ့္မယ္။ ေရွ႕ကင္မရာကေတာ့ 5MP Sensor နဲ႔ပါ။
ကင္မရာကေတာ့ Budget ဖုန္းတစ္လုံးကေန သိပ္မေမွ်ာ္လင့္ထားတာ ေကာင္းပါလိမ့္မယ္။ ေရွ႕ကင္မရာေကာ အေနာက္ကင္မရာပါ အလင္းေရာင္ေကာင္းေကာင္းရတဲ့အခ်ိန္မွာ ၾကည့္ေပ်ာ္ရႈေပ်ာ္ ရွိေပမယ့္၊ အလင္းသိပ္မရတာနဲ႔ Noise ေတြ ေတာ္ေတာ္ေတြ႕ရပါလိမ့္မယ္။ ေရွ႕ကင္မရာအတြက္ေတာ့ ထုံးစံအတိုင္း Beauty Mode ေတြနဲ႔ လွေအာင္ လုပ္လို႔ရပါလိမ့္မယ္။ ကင္မရာပိုင္းမွာေတာ့ Vivo V7+ က Redmi 5 နဲ႔ 5 Plus ထက္ သိသိသာသာ ပိုသာပါလိမ့္မယ္။

Battery

Redmi 5 ဟာ အရင္ Redmi 4 တို႔ Redmi Note 4 တို႔ထက္ ေဘာ္ဒီပိုပါးသြားတာေၾကာင့္ အရင္လို 4,000mAh ဘက္ထရီအစား 3,300mAh ဘက္ထရီပဲ ပါဝင္လာပါတယ္။ ဒါေပမယ့္ 14nm Fabrication Process အသုံးျပဳထုတ္လုပ္ထားတဲ့ Snapdragon 450 Chipset အသစ္ရယ္၊ MIUI 9 တို႔ရယ္ေၾကာင့္ ဘက္ထရီကေတာ့ သာမန္အသုံးျပဳပုံမ်ိဳးဆိုရင္ တစ္ေနကုန္ခံၿပီး၊ ဗီီဒယိုဆက္တိုက္ၾကည့္မယ္ဆိုရင္ ၁၃ နာရီေလာက္ ေအးေဆးခံပါတယ္။ Snapdragon 450 Chipset က Quick Charge 3.0 Support လုပ္တယ္ဆိုေပမယ့္၊ တန္ဖိုးနည္းဖုန္းျဖစ္ေနတာေၾကာင့္ Redmi 5 နဲ႔ 5 Plus တို႔မွာ Quick Charge အသုံးျပဳႏိုင္မွာေတာ့ မဟုတ္ပါဘူး။

Verdict


နိဂုံးခ်ဳပ္ကို ေျပာမယ္ဆိုရင္ေတာ့ Xiaomi Redmi 5 နဲ႔ 5 Plus ဟာ ႏွစ္သိန္းမျပည့္တျပည့္ဝန္းက်င္နဲ႔ ေဘာင္မဲ့ Full Screen ဖုန္းတစ္လုံး လိုခ်င္သူေတြအတြက္ ေ႐ြးခ်ယ္သင့္တဲ့ဖုန္းတစ္လုံးလို႔ ဆိုခ်င္ပါတယ္။ ကင္မရာကလြဲလို႔ Performance ေတြ၊ Design ေတြ၊ Build Quality ေတြ၊ Software Experience ေတြက စိတ္ေက်နပ္စရာေကာင္းပါတယ္။

ဝယ္မယ္ဆိုရင္ေတာ့ Redmi 5 ထက္ သုံးေသာင္းေက်ာ္ေလာက္ ေစ်းပိုမ်ားၿပီး၊ Display ေကာ ဘက္ထရီပါ ပိုႀကီးတဲ့ Redmi 5 Plus ကို ပိုတိုက္တြန္းခ်င္ပါတယ္။ ဒါေပမယ့္ ၃-၄ ေသာင္း ပမာဏက Mid-Range ဒါမွမဟုတ္ Flagship ဖုန္းေတြ စဥ္းစားရာမွာ သိပ္ေနာက္မတြန္႔တဲ့ ေစ်းပမာဏျဖစ္ေပမယ့္၊ ဒီလို Budget ဖုန္းအတြက္ေတာ့ စဥ္းစားသင့္တဲ့ ေငြပမာဏျဖစ္ေနပါေသးတယ္။ ဒီေတာ့ ကိုယ္နဲ႔ အဆင္ေျပမယ့္ေမာ္ဒယ္ကိုပဲ ေ႐ြးခ်ယ္တာက ပိုေကာင္းပါလိမ့္မယ္။

[Unicode]

Xiaomi Redmi 5 Review

18:9 Aspect Ratio နဲ့ စမတ်ဖုန်းတွေဟာ အခုဆိုရင် တန်ဖိုးနည်း Android ဖုန်းစျေးကွက်ထဲမှာ တော်တော်နေရာယူထားနိုင်ပြီလို့ ဆိုရမှာပါ။ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်တုန်းက High-End စမတ်ဖုန်းတွေမှာပဲ မြင်တွေ့ခဲ့ရတဲ့ Bezel-less Display တွေကို အခု ၂၀၁၈ ခုနှစ်မှာ မြန်မာငွေ ၂ သိန်း-၃ သိန်း ဝန်းကျင်နဲ့ ဝယ်ယူလာနိုင်ပါပြီ။

ဒီလို “Bezel-less 18:9 Aspect Ratio Display” နဲ့ တန်ဖိုးနည်း Android ဖုန်းတွေထဲမှာ အခုတလော နာမည်ရနေတဲ့ ဖုန်းတစ်လုံးကတော့ Xiaomi ရဲ့ Redmi 5 ဖုန်းဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလက Redmi 5 နဲ့ Redmi 5 Plus တို့ကို စတင်မိတ်ဆက်ခဲ့ပြီး၊ အခု ၂၀၁၈ ခုနှစ် မတ်လမှာတော့ ဒီဖုန်း (Redmi 5) ကို မြန်မာနိုင်ငံမှာ ကျပ်ငွေ ၁၈၀,၀၀၀ – ၁၉၅,၀၀၀ စျေးဝန်းကျင်နဲ့ ဝယ်ယူနိုင်နေပြီဖြစ်ပါတယ်။ ဒါဆို အခု Redmi 5 ဖုန်းက “သုံးပျော်တဲ့ တန်ဖိုးနည်း 18:9 ဖုန်းတစ်လုံး” လားဆိုတော့ ကျနော်တို့ လေ့လာကြည့်ရအောင်။

Design

Redmi 5 နဲ့ 5 Plus အရင် ထွက်ခဲ့တဲ့ Redmi Note 5A ကတော့ Redmi ပရိတ်သတ်တွေအတွက် သိပ်သဘောမတွေ့ခဲ့တဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။ ဒီဘက်ခေတ် ဖုန်းတိုင်းလိုလိုမှာ မပါမဖြစ်လို့ ပြောလို့ရတဲ့ Fingerprint Scanner တောင် မပါဝင်လာတော့ဘဲ ၊ Prime ဗားရှင်းမှသာ Fingerprint ပါဝင်လာခဲ့သလို Beautify Effects တွေ ဒလဟောထည့်ထားတဲ့ ကင်မရာတို့ကိုပဲ ဦးစားပေးကြော်ငြာကာ ရောင်းခဲ့တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဒါပေမယ့် အခု Redmi 5 နဲ့ 5 Plus တို့မှာတော့ Fingerprint Scanner ကို ဖုန်းနောက်ဘက်မှာ ထည့်ပေးခဲ့ပြီး၊ 18:9 Aspect Ratio Display ကို  အသုံးပြုခဲ့ပါတယ်။

Redmi 5 ရဲ့ Build Materials ပိုင်းကလည်း ဒီစျေးဝန်းကျင်ဖုန်းတွေထဲမှာ မဆိုးဘူးလို့ပြောရမှာပါ။ အရင်လို Unibody မဟုတ်တော့ဘဲ ပလတ်စတစ်ဖရိန်၊ ကျောဘက်အလူမီနီယမ် နဲ့ဆိုပေမယ့် Budget ဖုန်းတစ်လုံးအနေနဲ့ ကိုင်ချင်စရာကောင်းပါတယ်။ သဘောမကျတာတစ်ခုကတော့ Bezel-less Display ဆိုပေမယ့် ဖုန်းမျက်နှာပြင်ဘေးဘောင်တွေက သိသိသာသာရှိနေသေးပြီး၊ အထူးသဖြင့် ဖုန်းမျက်နှာပြင်အောက်ဘက်က ဘောင်တွေက ဖြစ်သင့်တာထက် ပိုကြီးနေသေးတယ်လို့ ခံစားရပါတယ်။ ဒီနေရာမှာ Capacitive Keys တွေလည်း မထား, ထားဘဲနဲ့ ဘောင်တွေက နည်းနည်းများနေတယ်လို့ ထင်ပါတယ်။ သိပ်အပြစ်ကြီးတော့ မဟုတ်ပါဘူး။ ဒီဇိုင်းပိုင်းက ခြုံကြည့်ရင်တော့ တစ်သိန်းရှစ်သောင်းလောက် ဖုန်းလို့ ထင်စရာမရှိပါဘူး။ Redmi ဖုန်းတွေရဲ့ ထုံးစံအတိုင်း အိမ်က TV ၊ Air-Con တွေကို ထိန်းချုပ်နိုင်မယ့် IR Blaster လည်း ဖုန်းထိပ်ဘက်မှာ ပါဝင်ပါတယ်။

Display

Display ပိုင်းမှာ အဦးဆုံးပြောရမယ်ဆိုရင်တော့ ဖုန်း Display ကို ကာကွယ်ပေးမယ့် Gorilla Glass ပါဝင်ပါတယ်။ Budget ဖုန်းတစ်လုံးအနေနဲ့ အားရစရာပါ။ ပြီးတော့ ပြောခဲ့တဲ့အတိုင်း ၅.၇ လက်မ HD+ 18:9 Display နဲ့ပါ။ Budget ဖြစ်နေတဲ့အလျောက် Display Resolution ကတော့ HD ပဲ ရပါလိမ့်မယ်။ Brightness တွေ၊ Color Gamut တွေ အသင့်အတင့်ကောင်းမွန်ပါတယ်။ ကျနော့် Personal အမြင်ကတော့ Full Screen Display သုံးမှတော့ အနည်းဆုံး Full HD (+) လောက်မှ ပို ခံစားမှုကောင်းမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူ့ စျေးနှုန်း တစ်သိန်းရှစ်သောင်းလောက်နဲ့ ဒီလို နောက်ဆုံးပေါ် Full Screen Display မျိုး ကိုင်နိုင်တာ ပြန်ထေကြည့်ရင်တော့ အပြစ်မပြောချင်ပါဘူး။

Hardware

Hardware ပိုင်းမှာ အဓိကထားပြောချင်တာက Snapdragon 450 SoC ပါ။ Budget Smartphone Processor တွေထဲမှာ လောလောဆည်အကောင်းဆုံး Processor လို့ ပြောလို့ရပါတယ်။ အရင် Snapdragon 625 ကိုမှ Modify အနည်းငယ်လုပ်ပြီး Budget စမတ်ဖုန်းစျေးကွက်အတွက် ထုတ်ခဲ့တဲ့ Processor ဖြစ်ပါတယ်။ တချို့ စမတ်ဖုန်းကုမ္ပဏီတွေရဲ့ Full Screen Display ဖုန်းတချို့မှာ ဒီ Chipset ကိုပဲ သုံးထားပေမယ့်၊ စျေးကတော့ အခု Redmi 5 ရဲ့ ၂ ဆလောက် ရှိနေတာ တွေ့ရပါတယ်။ Snapdragon 450 သုံး Redmi 5 ဖုန်းရဲ့ Benchmark Results တွေကို အောက်မှာ ကြည့်နိုင်ပါတယ်။ နောက်ဆုံးပေါ် Android Game တော်တော်များများကို အဆင်ပြေပြေကစားနိုင်ပြီး၊ Resource Intensive ဖြစ်တဲ့ တချို့ Android Game တွေမှာတော့ Performance အနည်းငယ်ကျနိုင်ပါတယ်။

Redmi 5 ရဲ့ Specifications အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Connectivity: Dual SIM (hybrid microSD slot)

OS: Android 7.1.2 Nougat, MIUI 9.1

Screen: 5.7″ 18:9 IPS LCD, 720p (282ppi); 503nits of brightness, Gorilla Glass ( Generation အတိအကျမဖော်ပြထား )

Camera: 12MP, f/2.2, 1.25um main (PDAF), 5MP Front, 1080p video (both)

Chipset: Snapdragon 450 8x Cortex-A53@1.8GHz, Adreno 506

Memory: 2GB/3GB of RAM + 16GB/32GB of storage

Battery: 3,300mAh

Other Features: Fingerprint Scanner; Infrared Port; FM Radio

Hybrid Dual nano SIM Slot ဖြစ်တာကြောင့် microSD ကတ်ထည့်ရင် SIM ကတ် နှစ်ကတ်သုံးနိုင်မှာမဟုတ်ပါဘူး။ SIM ကတ်နှစ်ကတ်သုံးရင်လည်း microSD ကတ်ကို မေ့ရပါလိမ့်မယ်။ Triple Slot ဆိုရင်တော့ ပိုလန်းပါလိမ့်မယ်။

Xiaomi Redmi 5 ရဲ့ Benchmark Scores တွေကို ကျနော် ကိုယ်တိုင်စစ်ကြည့်ရာမှာလည်း အလားတူ Snapdragon 450 SoC သုံးထားတဲ့ Vivo V7, V7+ စမတ်ဖုန်းတွေနဲ့ မတိမ်းမယိမ်းရှိတာ တွေ့ရပါတယ်။ Benchmark Scores တွေက Budget ဖုန်းတွေထဲမှာ အမြင့်ဆုံးအခြေအနေမှာ ရှိပါတယ်။ Vivo V7+ ဖုန်းတွေမှာ စပါခဲ့တဲ့ Snapdragon 450 ကို (တကယ့်) Budget ဖုန်းတွေမှာသာ တွေ့ရရင် တကယ်ရှယ်ပဲလို့ တွေးခဲ့တဲ့အတိုင်း အခု တကယ်ရှယ်ပါပဲ။

Vivo V7+ Antutu Benchmark

Software

Android Nougat 7.1.2 ကို Based လုပ်ထားတဲ့ MIUI 9 နဲ့ အသုံးပြုနိုင်မှာပါ။ Redmi 5 အတွက် အခုလက်ရှိအချိန်ထိ Global ROM မထွက်သေးတာကြောင့်၊ Google Play Services တွေကိုတော့ ကိုယ့်ဘာသာထည့်ရင်ထည့်၊ ဒါမှမဟုတ် ဆိုင်မှာ ထည့်ခိုင်းရပါလိမ့်မယ်။ ဒါက Xiaomi CN အလုံးတွေနဲ့ ပတ်သတ်ပြီး ကြုံနေကျဆိုတော့ သိပ်တော့ အထွေအထူးမဟုတ်ပါဘူး။

MIUI 9 ဟာ အရင် MIUI 8 ထက် ပိုမြန်လာပြီး၊ Multi-Window Support တွေ၊ ‘Smart” Feature တွေ အမြောက်အများပါဝင်လာပါတယ်။ RAM Management လည်း ပိုကောင်းလာတာကြောင့် တန်ဖိုးနည်း Android ဖုန်းတွေအတွက် ပိုအဆင်ပြေလာပါတယ်။ Software ပိုင်းကတော့ MIUI နဲ့ ရင်းနှီးပြီးသားလူတွေအတွက် ပြောစရာမလိုသလို၊ MIUI နဲ့ အခုမှ ထိတွေ့ဖူးမယ့်လူတွေအနေနဲ့လည်း ခဏချင်းမှာ အဆင်ပြေပြေအသုံးပြုနိုင်မယ်လို့ ထင်ပါတယ်။

ကင်မရာ

Redmi 5 ကော Redmi 5 Plus ကော ကင်မရာအတူတူပါပဲ။ Snapdragon 450 က Dual Camera အထိ Support ပေးထားပေမယ့်၊ ၂ သိန်းဝန်းကျင်စျေးကွက်ထဲ အဓိက Target ထားထားတာကြောင့် Single Camera ကိုပဲ တွေ့မြင်ရပါလိမ့်မယ်။ ကျောကင်မရာက 12MP Sensor, 26mm f/2.2 lens, 1.25um pixels, PDAF, LED Flash တို့ ပါဝင်ပါလိမ့်မယ်။ ရှေ့ကင်မရာကတော့ 5MP Sensor နဲ့ပါ။

ကင်မရာကတော့ Budget ဖုန်းတစ်လုံးကနေ သိပ်မမျှော်လင့်ထားတာ ကောင်းပါလိမ့်မယ်။ ရှေ့ကင်မရာကော အနောက်ကင်မရာပါ အလင်းရောင်ကောင်းကောင်းရတဲ့အချိန်မှာ ကြည့်ပျော်ရှုပျော် ရှိပေမယ့်၊ အလင်းသိပ်မရတာနဲ့ Noise တွေ တော်တော်တွေ့ရပါလိမ့်မယ်။ ရှေ့ကင်မရာအတွက်တော့ ထုံးစံအတိုင်း Beauty Mode တွေနဲ့ လှအောင် လုပ်လို့ရပါလိမ့်မယ်။ ကင်မရာပိုင်းမှာတော့ Vivo V7+ က Redmi 5 နဲ့ 5 Plus ထက် သိသိသာသာ ပိုသာပါလိမ့်မယ်။

Battery

Redmi 5 ဟာ အရင် Redmi 4 တို့ Redmi Note 4 တို့ထက် ဘော်ဒီပိုပါးသွားတာကြောင့် အရင်လို 4,000mAh ဘက်ထရီအစား 3,300mAh ဘက်ထရီပဲ ပါဝင်လာပါတယ်။ ဒါပေမယ့် 14nm Fabrication Process အသုံးပြုထုတ်လုပ်ထားတဲ့ Snapdragon 450 Chipset အသစ်ရယ်၊ MIUI 9 တို့ရယ်ကြောင့် ဘက်ထရီကတော့ သာမန်အသုံးပြုပုံမျိုးဆိုရင် တစ်နေကုန်ခံပြီး၊ ဗီီဒယိုဆက်တိုက်ကြည့်မယ်ဆိုရင် ၁၃ နာရီလောက် အေးဆေးခံပါတယ်။ Snapdragon 450 Chipset က Quick Charge 3.0 Support လုပ်တယ်ဆိုပေမယ့်၊ တန်ဖိုးနည်းဖုန်းဖြစ်နေတာကြောင့် Redmi 5 နဲ့ 5 Plus တို့မှာ Quick Charge အသုံးပြုနိုင်မှာတော့ မဟုတ်ပါဘူး။

Verdict

နိဂုံးချုပ်ကို ပြောမယ်ဆိုရင်တော့ Xiaomi Redmi 5 နဲ့ 5 Plus ဟာ နှစ်သိန်းမပြည့်တပြည့်ဝန်းကျင်နဲ့ ဘောင်မဲ့ Full Screen ဖုန်းတစ်လုံး လိုချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ဖုန်းတစ်လုံးလို့ ဆိုချင်ပါတယ်။ ကင်မရာကလွဲလို့ Performance တွေ၊ Design တွေ၊ Build Quality တွေ၊ Software Experience တွေက စိတ်ကျေနပ်စရာကောင်းပါတယ်။

ဝယ်မယ်ဆိုရင်တော့ Redmi 5 ထက် သုံးသောင်းကျော်လောက် စျေးပိုများပြီး၊ Display ကော ဘက်ထရီပါ ပိုကြီးတဲ့ Redmi 5 Plus ကို ပိုတိုက်တွန်းချင်ပါတယ်။ ဒါပေမယ့် ၃-၄ သောင်း ပမာဏက Mid-Range ဒါမှမဟုတ် Flagship ဖုန်းတွေ စဉ်းစားရာမှာ သိပ်နောက်မတွန့်တဲ့ စျေးပမာဏဖြစ်ပေမယ့်၊ ဒီလို Budget ဖုန်းအတွက်တော့ စဉ်းစားသင့်တဲ့ ငွေပမာဏဖြစ်နေပါသေးတယ်။ ဒီတော့ ကိုယ်နဲ့ အဆင်ပြေမယ့်မော်ဒယ်ကိုပဲ ရွေးချယ်တာက ပိုကောင်းပါလိမ့်မယ်။

 

 

You may be interested

Windows 10 ကို Android ကေန ထိန္းခ်ဳပ္ေပးမယ့္ Controller for Win10
Android, FEATURES, HUBS
63 shares17 views

Windows 10 ကို Android ကေန ထိန္းခ်ဳပ္ေပးမယ့္ Controller for Win10

Ko Thuya - Dec 13, 2018

စမတ္ဖုန္းမ်ားကို စြယ္စံုသံုး ကိရိယာမ်ား အျဖစ္ ဖန္တီးလာၾကပါတယ္။ အခ်ိဳ႕ စမတ္ဖုန္းမ်ားမွာ Infrared Sensor ကို ထည့္ေပးထားၿပီး တီဗီ၊ ေလေအးေပးစက္လို အီလက္ထေရာနစ္ ကိရိယာမ်ားကို ထိန္းခ်ဳပ္ႏုိင္ပါတယ္။ Windows , Mac Computer မ်ားကို ထိန္းခ်ဳပ္ႏုိင္တဲ့ App…

Samsung Galaxy S10 ဟာ ၁၇၆၅ ေဒၚလာ အထိ ရွိႏုိင္
Android, HUBS, Mobiles & Tablets
194 shares47 views

Samsung Galaxy S10 ဟာ ၁၇၆၅ ေဒၚလာ အထိ ရွိႏုိင္

Ko Thuya - Dec 13, 2018

Samsung Galaxy S10 ကို ဘာစီလိုနာမွာ က်င္းပမယ့္ Mobile World Congress ပြဲ မတိုင္ခင္ လာမယ့္ႏွစ္ ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္တယ္လို႔ သတင္းထြက္လာပါတယ္။ Galaxy S10 , S10+ နဲ႔…

ပိုမို ပါးလႊာ ၊ ေပါ့ပါး လာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ iPhone Display မ်ား
Apple, HUBS, Mobiles & Tablets
786 shares213 views

ပိုမို ပါးလႊာ ၊ ေပါ့ပါး လာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ iPhone Display မ်ား

Ko Thuya - Dec 13, 2018

Samsung ဟာ ယခင္ႏွစ္ထုတ္ iPhone X နဲ႔ ဒီႏွစ္ထုတ္ iPhone XS , XS Max မ်ားအတြက္ OLED Panels မ်ားကို ပံ့ပိုးေပးထားပါတယ္။ အဲဒီ မ်က္ႏွာျပင္မ်ားရဲ႕ ထုတ္လုပ္မႈ ကုန္က်စားရိတ္ဟာ အလြန္မ်ားပါတယ္။ အဲဒီအတြက္…

Leave a Comment

Most from this category