191 Shares 91 Views

ေလယာဥ္ျဖင့္ ခရီးေ၀းသြားရင္ အသံုး၀င္တဲ့ Gadgets မ်ား

Mar 18, 2018
191 91

ေလယာဥ္ျဖင့္ ခရီးေ၀းသြားတဲ့ အခါမွာ သက္ေတာင့္သက္သာရွိဖို႔ လိုအပ္ပါတယ္။ ေအာက္ပါ Gadgets မ်ားက သင့္ကို ကူညီေပးႏုိင္ပါတယ္။

၁။ spAIR Tray Travel Shelf

သူ႔ကို ေလယာဥ္ ျပတင္းေပါက္မွာ ခ်ိတ္ဆက္ျခင္းျဖင့္ သင့္ရဲ႕ စမတ္ဖုန္းနဲ႔ အျခား ပစၥည္းမ်ားကို တင္ႏုိင္ပါတယ္။ ဒီလို အမ်ိဳးအစား ပစၥည္းထဲမွာ သူဟာ ကမာၻ႕ ပထမဆံုး ျဖစ္ပါတယ္။ ေလယာဥ္ အမ်ိဳးအစား အားလံုးရဲ႕ ျပတင္းေပါက္မွာ သူ႔ကို လြယ္ကူစြာ ခ်ိတ္ႏိုင္ေအာင္ ဒီဇိုင္းထုတ္ေပးထားပါတယ္။ အေမဇုန္မွာ ၂၅ ေဒၚလာျဖင့္ ေရာင္းခ်ေပးေနပါတယ္။

၂။ Retimer Glasses

အလြန္ေ၀းကြာတဲ့ ေဒသမ်ားသုိ႔ ခရီးသြားတဲ့ အခါမွာ အခ်ိန္ဇုန္မ်ား ကြာျခားသြားတဲ့အတြက္ အိပ္စက္မႈ ပံုသ႑ာန္ မူမမွန္ျဖစ္သြားတတ္ပါတယ္။ Retimer Glasses က အိပ္စက္မႈ ပံုသ႑ာန္ကို ျပန္လည္ တည့္မတ္ေပးႏုိင္ပါတယ္။ သူက ထုတ္လႊင့္ေပးတဲ့ အစိမ္းေရာင္ အလင္းတန္းက အိပ္ရမယ့္ အခ်ိန္နဲ႔ ႏုိးထရမယ့္ အခ်ိန္မ်ားကို ၀တ္ဆင္သူ သိရွိေအာင္ ျပဳလုပ္ေပးႏုိင္ပါတယ္။ အေရွ႕တိုင္းသားမ်ားက အေနာက္ႏုိင္ငံမ်ားသို႔ ခရီးသြားတဲ့ အခါမွာ ေန႔နဲ႔ညဟာ ေျပာင္းျပန္ျဖစ္သြားတတ္ပါတယ္။ ဒါဆိုရင္ မ်က္မွန္ကို မနက္ဘက္မွာ ၀တ္ဆင္ေပးျခင္းျဖင့္ အိပ္စက္မႈကို ျပန္တည့္မတ္ေပးပါတယ္။ ၂၃၅ ေဒၚလာ တန္ေၾကးရွိပါတယ္။

၃။ Ostrich Pillow Loop

ခရီးေ၀းသြားတဲ့ အခါမွာ ေလယာဥ္၊ ကားမ်ားေပၚမွာ မအိပ္တတ္ရင္ေတာ့ ပင္ပန္းမွာ ျဖစ္ပါတယ္။ Ostrich Pillow Loop က ပတ္၀န္းက်င္မွ အေႏွာင့္အယွက္မ်ားကို ကာကြယ္ေပးၿပီး သင့္ကို အိပ္ေပ်ာ္ေအာင္ ကူညီေပးႏုိင္ပါတယ္။ သူဟာ ေစ်းကြက္ထဲမွာ ရွိတဲ့ အလားတူ ပစၥည္းမ်ားထက္ ေသးငယ္ ေပါ့ပါးပါတယ္။ ၀တ္ဆင္ရတာလည္း လြယ္ကူပါတယ္။ သူ႔ကို ထုတ္လုပ္ေရာင္းခ်ဖို႔ လက္ရွိမွာ Kickstarter ၀က္ဆိုက္တြင္ ရန္ပံုေငြ ေကာက္ခံေနပါတယ္။ ဇြန္လထဲမွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။

၄။ Foot Rest Airplane Portable Travel Footrest

ခရီးေ၀းသြားတဲ့ အခါမွာ ေျခေထာက္ကို သက္ေတာင့္သက္သာ တင္ထားႏုိင္မွသာ ေျခေထာက္ေညာင္း သက္သာမွာ ျဖစ္ပါတယ္။ Foot Rest Airplane Portable Travel Footrest က ဒီျပႆနာကို ေျဖရွင္းေပးႏုိင္ပါတယ္။ ေလယာဥ္၊ ရထား၊ ကားမ်ားမွာ အလြယ္တကူ တပ္ဆင္ အသံုးျပဳႏုိင္ပါတယ္။ သူ႔ကို ထည့္သြားဖို႔ အိတ္ငယ္ေလး ပါပါတယ္။ အရည္အေသြးျမင့္ ခ်ည္သားျဖင့္ ျပဳလုပ္ထားၿပီး ေျခေထာက္ အေလးခ်ိန္ကို ခံႏုိင္ ပါတယ္။ ၁၀ ေဒၚလာေအာက္သာ တန္ေၾကးရွိပါတယ္။

Ref : gigadgets

unicode

လေယာဉ်ဖြင့် ခရီးဝေးသွားရင် အသုံးဝင်တဲ့ Gadgets များ

လေယာဉ်ဖြင့် ခရီးဝေးသွားတဲ့ အခါမှာ သက်တောင့်သက်သာရှိဖို့ လိုအပ်ပါတယ်။ အောက်ပါ Gadgets များက သင့်ကို ကူညီပေးနိုင်ပါတယ်။

၁။ spAIR Tray Travel Shelf

သူ့ကို လေယာဉ် ပြတင်းပေါက်မှာ ချိတ်ဆက်ခြင်းဖြင့် သင့်ရဲ့ စမတ်ဖုန်းနဲ့ အခြား ပစ္စည်းများကို တင်နိုင်ပါတယ်။ ဒီလို အမျိုးအစား ပစ္စည်းထဲမှာ သူဟာ ကမ္ဘာ့ ပထမဆုံး ဖြစ်ပါတယ်။ လေယာဉ် အမျိုးအစား အားလုံးရဲ့ ပြတင်းပေါက်မှာ သူ့ကို လွယ်ကူစွာ ချိတ်နိုင်အောင် ဒီဇိုင်းထုတ်ပေးထားပါတယ်။ အမေဇုန်မှာ ၂၅ ဒေါ်လာဖြင့် ရောင်းချပေးနေပါတယ်။

၂။ Retimer Glasses

အလွန်ဝေးကွာတဲ့ ဒေသများသို့ ခရီးသွားတဲ့ အခါမှာ အချိန်ဇုန်များ ကွာခြားသွားတဲ့အတွက် အိပ်စက်မှု ပုံသဏ္ဍာန် မူမမှန်ဖြစ်သွားတတ်ပါတယ်။ Retimer Glasses က အိပ်စက်မှု ပုံသဏ္ဍာန်ကို ပြန်လည် တည့်မတ်ပေးနိုင်ပါတယ်။ သူက ထုတ်လွှင့်ပေးတဲ့ အစိမ်းရောင် အလင်းတန်းက အိပ်ရမယ့် အချိန်နဲ့ နိုးထရမယ့် အချိန်များကို ဝတ်ဆင်သူ သိရှိအောင် ပြုလုပ်ပေးနိုင်ပါတယ်။ အရှေ့တိုင်းသားများက အနောက်နိုင်ငံများသို့ ခရီးသွားတဲ့ အခါမှာ နေ့နဲ့ညဟာ ပြောင်းပြန်ဖြစ်သွားတတ်ပါတယ်။ ဒါဆိုရင် မျက်မှန်ကို မနက်ဘက်မှာ ဝတ်ဆင်ပေးခြင်းဖြင့် အိပ်စက်မှုကို ပြန်တည့်မတ်ပေးပါတယ်။ ၂၃၅ ဒေါ်လာ တန်ကြေးရှိပါတယ်။

၃။ Ostrich Pillow Loop

ခရီးဝေးသွားတဲ့ အခါမှာ လေယာဉ်၊ ကားများပေါ်မှာ မအိပ်တတ်ရင်တော့ ပင်ပန်းမှာ ဖြစ်ပါတယ်။ Ostrich Pillow Loop က ပတ်ဝန်းကျင်မှ အနှောင့်အယှက်များကို ကာကွယ်ပေးပြီး သင့်ကို အိပ်ပျော်အောင် ကူညီပေးနိုင်ပါတယ်။ သူဟာ ဈေးကွက်ထဲမှာ ရှိတဲ့ အလားတူ ပစ္စည်းများထက် သေးငယ် ပေါ့ပါးပါတယ်။ ဝတ်ဆင်ရတာလည်း လွယ်ကူပါတယ်။ သူ့ကို ထုတ်လုပ်ရောင်းချဖို့ လက်ရှိမှာ Kickstarter ဝက်ဆိုက်တွင် ရန်ပုံငွေ ကောက်ခံနေပါတယ်။ ဇွန်လထဲမှာ ရောင်းချမှာ ဖြစ်ပါတယ်။

၄။ Foot Rest Airplane Portable Travel Footrest

ခရီးဝေးသွားတဲ့ အခါမှာ ခြေထောက်ကို သက်တောင့်သက်သာ တင်ထားနိုင်မှသာ ခြေထောက်ညောင်း သက်သာမှာ ဖြစ်ပါတယ်။ Foot Rest Airplane Portable Travel Footrest က ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ လေယာဉ်၊ ရထား၊ ကားများမှာ အလွယ်တကူ တပ်ဆင် အသုံးပြုနိုင်ပါတယ်။ သူ့ကို ထည့်သွားဖို့ အိတ်ငယ်လေး ပါပါတယ်။ အရည်အသွေးမြင့် ချည်သားဖြင့် ပြုလုပ်ထားပြီး ခြေထောက် အလေးချိန်ကို ခံနိုင် ပါတယ်။ ၁၀ ဒေါ်လာအောက်သာ တန်ကြေးရှိပါတယ်။

Ref : gigadgets

You may be interested

Windows 10 ကို Android ကေန ထိန္းခ်ဳပ္ေပးမယ့္ Controller for Win10
Android, FEATURES, HUBS
45 shares15 views

Windows 10 ကို Android ကေန ထိန္းခ်ဳပ္ေပးမယ့္ Controller for Win10

Ko Thuya - Dec 13, 2018

စမတ္ဖုန္းမ်ားကို စြယ္စံုသံုး ကိရိယာမ်ား အျဖစ္ ဖန္တီးလာၾကပါတယ္။ အခ်ိဳ႕ စမတ္ဖုန္းမ်ားမွာ Infrared Sensor ကို ထည့္ေပးထားၿပီး တီဗီ၊ ေလေအးေပးစက္လို အီလက္ထေရာနစ္ ကိရိယာမ်ားကို ထိန္းခ်ဳပ္ႏုိင္ပါတယ္။ Windows , Mac Computer မ်ားကို ထိန္းခ်ဳပ္ႏုိင္တဲ့ App…

Samsung Galaxy S10 ဟာ ၁၇၆၅ ေဒၚလာ အထိ ရွိႏုိင္
Android, HUBS, Mobiles & Tablets
81 shares27 views

Samsung Galaxy S10 ဟာ ၁၇၆၅ ေဒၚလာ အထိ ရွိႏုိင္

Ko Thuya - Dec 13, 2018

Samsung Galaxy S10 ကို ဘာစီလိုနာမွာ က်င္းပမယ့္ Mobile World Congress ပြဲ မတိုင္ခင္ လာမယ့္ႏွစ္ ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္တယ္လို႔ သတင္းထြက္လာပါတယ္။ Galaxy S10 , S10+ နဲ႔…

ပိုမို ပါးလႊာ ၊ ေပါ့ပါး လာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ iPhone Display မ်ား
Apple, HUBS, Mobiles & Tablets
641 shares164 views

ပိုမို ပါးလႊာ ၊ ေပါ့ပါး လာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ iPhone Display မ်ား

Ko Thuya - Dec 13, 2018

Samsung ဟာ ယခင္ႏွစ္ထုတ္ iPhone X နဲ႔ ဒီႏွစ္ထုတ္ iPhone XS , XS Max မ်ားအတြက္ OLED Panels မ်ားကို ပံ့ပိုးေပးထားပါတယ္။ အဲဒီ မ်က္ႏွာျပင္မ်ားရဲ႕ ထုတ္လုပ္မႈ ကုန္က်စားရိတ္ဟာ အလြန္မ်ားပါတယ္။ အဲဒီအတြက္…

Leave a Comment

Most from this category