757 Shares 341 Views

နောက်ထွက်မယ့် flagship ဖုန်းမှာလည်း LCD display ကိုပဲသုံးမယ့် LG

Mar 18, 2018
757 341

အခုတော့ LG G7 မှာလည်း OLED display တွေမသုံးတော့ဘူးထင်ပါတယ်။ OLED display တွေက ပိုလည်းပါးပြီး စွမ်းအင်ချွေတာနှုန်းကလည်းမြင့်ပေမယ့်လည်း တခြား LCD display တွေရဲ့ဈေးနှုန်းထက် ၂ဆ ၃ဆလောက်ပိုများပါတယ်။

LG's next flagship will continue to use an LCD display to cut costs

ဈေးကွက်ဆန်းစစ်သူတွေကတော့ လက်ရှိ LG ရဲ့မိုဘိုင်းထုတ်လုပ်မှုကဏ္ဍက အနီရောင်ပြနေတဲ့အတွက် LG G7 မှာ ကုန်ကျစားရိတ်ကိုလျှော့ချဖို့ LCD display တွေကိုပဲသုံးလိမ့်မယ်လို့ ဆိုထားပါတယ်။ တခြားတခြားသောစမတ်ဖုန်းကုမ္ပဏီတွေက OLED display တွေဘက် ကူးလာကြတဲ့အချိန်မှာ LG အတွက် အကူးအပြောင်းလုပ်ဖို့အတွက် ကုန်ကျစရိတ်က အရမ်းများလွန်းနေပါတယ်။ ဒီအတွက် ဖြည်းဖြည်းချင်းမှပဲ OLED display တွေနဲ့ LG ဖုန်းတွေကိုမြင်လာရနိုင်ပါတယ်။

ဒါပေမယ့် အရင်ကဖော်ပြခဲ့ဖူးတဲ့သတင်းလို LG ရဲ့နောက်ထွက်မယ့် flagship ဖုန်းမှာ MLCD+ display ကိုသုံးထားမှာဖြစ်ပြီး သာမန် LCD display တွေထက်တော့ ၃၅% ပိုပြီးစွမ်းအင်ချွေတာနိုင်မှာပါ။ အားသာချက်တစ်ခုကတော့ အလင်းပမာဏ brightness လည်းပိုများတဲ့ display type တစ်မျိုးဖြစ်နေခြင်းပါ။

G စီရီးတွေမှာ LCD display တွေပဲဆက်သုံးရခြင်းက Apple iPhone X တွေလို မှန်းသလောက်ရောင်းအားမကောင်းခဲ့ရင် LG အတွက်ကတော့ အဆင်မပြေဖြစ်နိုင်ပါတယ်။ LG ထဲမှာ OLED display သုံးထားတဲ့ဖုန်းတွေဆိုရင်တော့ V30 တွေက ပထမဆုံး OLED သုံးတဲ့ဖုန်းတွေပါ။ ဒါပေမယ့်လည်း နောက်လာမယ့် V စီးရီးဖုန်းတွေမှာတောင် OLED display တွေဆက်သုံးနိုင်ပါ့မလားဆိုတာ မသေချာတော့ပါဘူး။

[Unicode]


LG's next flagship will continue to use an LCD display to cut costs




You may be interested

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ပြီးခဲ့တဲ့ သောကြာနေ့မှာ iPhone XS နဲ့ iPhone XS Max တို့ကို ရောင်းချပေးလိုက်ပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက်…

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
HUBS, Microsoft
63 shares12 views

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ

Creepy Tyler - Sep 25, 2018

Microsoft ကတော့ Surface Hub 2 ကို ပြသခဲ့ပြီး ၊ နောက်ဆုံးထွက်ဖြစ်လာမယ့် ဒီ device မှာ ပါလာမယ့်  Rotating Display အမည်ရ device ပုံစံအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပြသပေးမယ့် နည်းပညာကိုလည်း တစ်ခါတည်း ပြသခဲ့ပါတယ်။…

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ
FEATURES, HOW TO, Softwares & Application
305 shares97 views

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ

Ko Thuya - Sep 25, 2018

Google Chrome ဟာ ကမ္ဘာမှာ လူသုံးအများဆုံး ၀က်ဘရောက်စာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Google Chrome မှာ လူသိနည်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များ ပါရှိပါတယ်။ အဲဒီအထဲမှာ Chrome ကို Text Editor လို အသုံးပြုခြင်း၊…

Leave a Comment

Most from this category