150 Shares 70 Views

Google Lens ကို iOS မွာ သံုးႏုိင္ၿပီ

Mar 18, 2018
150 70

Google Lens ကေတာ့ ယခင္ႏွစ္ အေစာပိုင္းက Google I/O မွာ မိတ္ဆက္သြားခဲ့ပါျပီ။ သူကေတာ့ Google Goggles Feature ရဲ႕ေနာက္မွထြက္လာေပမယ့္ အမ်ားၾကီးပိုေကာင္း ပိုထူးကဲလာတဲ့ Feature တစ္ခုဆိုလညး္ မမွားပါဘူး။ ဒီ Feature က Google Pixel 2 ဖုန္းေတြကိုမိတ္ဆက္တုန္းက Google Photos မွာျပသသြားခဲ့ဖူးပါတယ္။ အခုဆို User ေတြရဲ႕ Pixel, Pixel 2 ဖုန္းေတြရဲ႕ Google Assistant မွာ Lens ေလးကို ေတြ႔ျမင္ေနရပါျပီ။

ေနာက္ပိုင္းမွာ Android Devices မ်ားအတြက္ ျဖန္႔ခ်ီေပးခဲ့ပါတယ္။ အခုေတာ့ သူ႔ကို iOS Users မ်ားအတြက္ ျဖန္႔ခ်ီေပးလိုက္ပါတယ္။ Cloud ကို အေျချပဳ၍ ဒီနည္းပညာကို ဖန္တီးထားတာ ျဖစ္ေပမယ့္ Google Photos Version 3.15 ကို အဆင့္ျမွင့္မွ ဒီစြမ္းရည္ကို အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။ iOS Users မ်ားဟာ Android မွာပါတဲ့ စြမ္းရည္မ်ားအားလံုးကို အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။ အဲဒီအထဲမွာ Business Card နဲ႔ အထင္ကရ အေဆာက္အဦးမ်ားကို ခြဲျခမ္းစိတ္ျဖာျခင္းနဲ႔ Reminder မ်ား မွတ္သားျခင္းမ်ား ပါ၀င္ပါတယ္။

သူဟာ ဥာဏ္ရည္တု နည္းပညာကို အသံုးျပဳထားၿပီး သင့္ရဲ႕ ဓါတ္ပံုမ်ားမွာပါတဲ့ အရာ၀တၳဳမ်ားကို ခြဲျခမ္းစိတ္ျဖာႏုိင္ပါတယ္။ ဥပမာအားျဖင့္ အထင္ကရ အေဆာက္အဦးတစ္ခုကို ဓါတ္ပံုရိုက္လိုက္ရင္ သူ႔ရဲ႕ သတင္းအခ်က္ အလက္မ်ားကို အြန္လိုင္းမွာ ရွာေဖြေပးမွာ ျဖစ္ပါတယ္။ ကုန္ပစၥည္းတစ္ခုကို ဓါတ္ပံု ရိုက္လိုက္ရင္ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားနဲ႔ သူ႔ကို ၀ယ္ယူႏုိင္မယ့္ အြန္လိုင္းစတိုးကို ျပသေပးမွာ ျဖစ္ပါတယ္။

Ref : gsmarena

unicode

Google Lens ကို iOS မှာ သုံးနိုင်ပြီ
Google Lens ကတော့ ယခင်နှစ် အစောပိုင်းက Google I/O မှာ မိတ်ဆက်သွားခဲ့ပါပြီ။ သူကတော့ Google Goggles Feature ရဲ့နောက်မှထွက်လာပေမယ့် အများကြီးပိုကောင်း ပိုထူးကဲလာတဲ့ Feature တစ်ခုဆိုလည်း မမှားပါဘူး။ ဒီ Feature က Google Pixel 2 ဖုန်းတွေကိုမိတ်ဆက်တုန်းက Google Photos မှာပြသသွားခဲ့ဖူးပါတယ်။ အခုဆို User တွေရဲ့ Pixel, Pixel 2 ဖုန်းတွေရဲ့ Google Assistant မှာ Lens လေးကို တွေ့မြင်နေရပါပြီ။

နောက်ပိုင်းမှာ Android Devices များအတွက် ဖြန့်ချီပေးခဲ့ပါတယ်။ အခုတော့ သူ့ကို iOS Users များအတွက် ဖြန့်ချီပေးလိုက်ပါတယ်။ Cloud ကို အခြေပြု၍ ဒီနည်းပညာကို ဖန်တီးထားတာ ဖြစ်ပေမယ့် Google Photos Version 3.15 ကို အဆင့်မြှင့်မှ ဒီစွမ်းရည်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ iOS Users များဟာ Android မှာပါတဲ့ စွမ်းရည်များအားလုံးကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ Business Card နဲ့ အထင်ကရ အဆောက်အဦးများကို ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ Reminder များ မှတ်သားခြင်းများ ပါဝင်ပါတယ်။

သူဟာ ဉာဏ်ရည်တု နည်းပညာကို အသုံးပြုထားပြီး သင့်ရဲ့ ဓါတ်ပုံများမှာပါတဲ့ အရာဝတ္ထုများကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ ဥပမာအားဖြင့် အထင်ကရ အဆောက်အဦးတစ်ခုကို ဓါတ်ပုံရိုက်လိုက်ရင် သူ့ရဲ့ သတင်းအချက် အလက်များကို အွန်လိုင်းမှာ ရှာဖွေပေးမှာ ဖြစ်ပါတယ်။ ကုန်ပစ္စည်းတစ်ခုကို ဓါတ်ပုံ ရိုက်လိုက်ရင် သူ့ရဲ့ သတင်းအချက်အလက်များနဲ့ သူ့ကို ဝယ်ယူနိုင်မယ့် အွန်လိုင်းစတိုးကို ပြသပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

Switch နဲ႕ Comic ဖတ္ႏိုင္မယ့္ InkyPen
NEWS, Softwares & Application
12 shares4 views

Switch နဲ႕ Comic ဖတ္ႏိုင္မယ့္ InkyPen

Nigma - Dec 16, 2018

(Zawgyi) လက္ကိုင္ဂိမ္းစက္နဲ႕ Comics ဖတ္ခ်င္တဲ့လူေတြအတြက္ InkyPen ရဲ႕ လစဥ္ေၾကးသြင္း Comics ဝန္ေဆာင္မွဳကို ဒီဇင္ဘာ ၁၇ ရက္ေန႕မွာ မိတ္ဆက္သြားမွာပါ။ Nintendo Switch မွာ စတင္ ရရွိမယ့္ Subscription ဝန္ေဆာင္မွဳ ျဖစ္ျပီး၊ Indie comics…

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ႕ ROG Phone တို႕ကို ျပည္တြင္းေစ်းကြက္တြင္ စတင္ မိတ္ဆက္
ASUS, Mobiles & Tablets, NEWS
440 shares167 views

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ႕ ROG Phone တို႕ကို ျပည္တြင္းေစ်းကြက္တြင္ စတင္ မိတ္ဆက္

Nigma - Dec 16, 2018

(Zawgyi) ASUS ဟာ ေမာ္ဒယ္သစ္ Zenfone Max M2 နဲ႕ Zenfone Max Pro M2 စမတ္ဖုန္းေတြကို ျမန္မာႏိုင္ငံမွာ တရားဝင္ မိတ္ဆက္လိုက္ျပီ ျဖစ္ပါတယ္။ Zenfone Max M2 Series နဲ႕အတူ ႏိုင္ငံတကာေစ်းကြက္မွာ…

Puzzle Game ႀကိဳက္သူမ်ားအတြက္ Faraway 4: Ancient Escape
Android, FEATURES, Games
80 shares36 views

Puzzle Game ႀကိဳက္သူမ်ားအတြက္ Faraway 4: Ancient Escape

Ko Thuya - Dec 15, 2018

Faraway 4: Ancient Escape ဟာ အသစ္ထြက္ရွိလာတဲ့ Puzzle/ Escape Game အမ်ိဳးအစား ျဖစ္ပါတယ္။ ဒီဂိမ္းမွာ ေရွးေခတ္ေဟာင္း ကာလကို အေျချပဳထားပါတယ္။ အလုပ္သြား၊ အလုပ္ျပန္ခ်ိန္မ်ားနဲ႔ အားလပ္ခ်ိန္မ်ားမွာ အျပင္းေျပ ကစားဖို႔ သင့္ေတာ္ပါတယ္။ သူဟာ Puzzle…

Leave a Comment

Most from this category