1783 Shares 494 Views

အကြည့်တစ်ချက်နဲ့တင် လော့ခ်တိုင်းပွင့်နိုင်မယ်ဆိုရင်??

Mar 18, 2018
1783 494

[Zawgyi]

Apple ရဲ့ original iPhone တွေတုန်းကကြော်ငြာကိုမှတ်မိကြဦးမလား?? တချို့ကတော့ အဲဒီကြော်ငြာကို ရိုက်ဖူးသမျှစမတ်ဖုန်းကြော်ငြာတွေထဲမှာ အကောင်းဆုံးတီဗီကြော်ငြာလို့လည်း သမုတ်ကြပါတယ်။ အကြောင်းရင်းက ဖုန်းမှာပါသမျှ feature တွေအကုန်လုံးကို တစ်ခုချင်းစီ ဖော်ပြရှင်းပြသွားတဲ့အတွက်ပါ။ အဲ့ဒီအချိန်ကစပြီး Apple က သူ့ရဲ့ထုတ်ကုန်တွေနဲ့အတူ iPhone တွေရဲ့ဈေးကွက်ရှာဖွေနိုင်မှုကလည်း တော်တော်လေးသွက်လာခဲ့ပါတယ်။ ဒီတော့ ကုမ္ပဏီအနေနဲ့ စမတ်ဖုန်းတစ်လုံးကို အရောင်းမြှင့်တင်တဲ့အခါမှာ လူတွေရဲ့ဟာသကိုမြတ်နိုးတဲ့စိတ်ကို ဦးတည်ပြီး ကြော်ငြာတွေကိုရိုက်တတ်ပါတယ်။ အခုနောက်ဆုံးထွက်လာတဲ့ Apple iPhone X ကြော်ငြာဟာဆိုရင်လည်း Face ID ကိုအလေးပေးဖော်ပြဖို့ ဟာသဆန်ဆန်ရိုက်ကူးလိုက်တာပါ။

ကြော်ငာကပြချင်တဲ့သဘောကတော့ တကယ်လို့သာ ကမ္ဘာပေါ်ကရှိသမျှလော့ခ်တိုင်းကို အကြည့်တစ်ချက်နဲ့တင် ဖွင့်နိုင်မယ်ဆို ဘယ်လိုဖြစ်မလဲဆိုတဲ့သဘောပါ။ Apple iPhone X မှာလို ရှိသမျှအရာတိုင်းကို အလွယ်တကူလော့ခ်ဖွင့်လို့ရခဲ့ရင်ဆိုပြီး Face ID ရဲ့မြန်ဆန်လွယ်ကူမှုကို အသားပေးရိုက်ကူးလိုက်ခြင်းပါ။ အောက်မှာ သူ့ရဲ့ ကြော်ငြာဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။

Updated News: Apple အနေနဲ့ Face ID နဲ့ TrueDepth ကင်မရာကို သူ့ရဲ့ iPad Pro မော်ဒယ်အသစ်တွေနဲ့ Apple iPhone SE 2 မှာတောင် သုံးလာနိုင်တယ်လို့ အရင်နေ့ကဗီဒီယိုထဲမှာ ဖော်ပြခဲ့ဖူးပါတယ်။ ဒီနှစ်အတွင်း လာမယ့်၆လအတွင်းမှာ ထွက်ရှိလာမယ့် 5.8-inch iPhone Xs, 6.5-inch iPhone Xs Plus နဲ့ 6.1-inch iPhone (LCD model)  တို့မှာလည်း Face ID ကိုသုံးလာနိုင်ပါတယ်။

[Unicode]




You may be interested

Switch နဲ့ Comic ဖတ်နိုင်မယ့် InkyPen
NEWS, Softwares & Application
12 shares4 views

Switch နဲ့ Comic ဖတ်နိုင်မယ့် InkyPen

Nigma - Dec 16, 2018

(Zawgyi) လက်ကိုင်ဂိမ်းစက်နဲ့ Comics ဖတ်ချင်တဲ့လူတွေအတွက် InkyPen ရဲ့ လစဉ်ကြေးသွင်း Comics ဝန်ဆောင်မှုကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။ Nintendo Switch မှာ စတင် ရရှိမယ့် Subscription ဝန်ဆောင်မှု ဖြစ်ပြီး၊ Indie comics…

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ့ ROG Phone တို့ကို ပြည်တွင်းဈေးကွက်တွင် စတင် မိတ်ဆက်
ASUS, Mobiles & Tablets, NEWS
440 shares167 views

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ့ ROG Phone တို့ကို ပြည်တွင်းဈေးကွက်တွင် စတင် မိတ်ဆက်

Nigma - Dec 16, 2018

(Zawgyi) ASUS ဟာ မော်ဒယ်သစ် Zenfone Max M2 နဲ့ Zenfone Max Pro M2 စမတ်ဖုန်းတွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Zenfone Max M2 Series နဲ့အတူ နိုင်ငံတကာဈေးကွက်မှာ…

Puzzle Game ကြိုက်သူများအတွက် Faraway 4: Ancient Escape
Android, FEATURES, Games
80 shares36 views

Puzzle Game ကြိုက်သူများအတွက် Faraway 4: Ancient Escape

Ko Thuya - Dec 15, 2018

Faraway 4: Ancient Escape ဟာ အသစ်ထွက်ရှိလာတဲ့ Puzzle/ Escape Game အမျိုးအစား ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ရှေးခေတ်ဟောင်း ကာလကို အခြေပြုထားပါတယ်။ အလုပ်သွား၊ အလုပ်ပြန်ချိန်များနဲ့ အားလပ်ချိန်များမှာ အပြင်းပြေ ကစားဖို့ သင့်တော်ပါတယ်။ သူဟာ Puzzle…

Leave a Comment

Most from this category