86 Shares 50 Views

ေမာင္းသူမဲ့ ကားမ်ားက လမ္းသြားလမ္းလာမ်ားအား စကားေျပာႏုိင္မယ့္ နည္းပညာ

Mar 18, 2018
86 50

လူသား ယာဥ္ေမာင္းမ်ားဟာ လက္ေ၀ွ႔ယမ္းျခင္း၊ ေခါင္းလႈပ္ျပျခင္းမ်ားျဖင့္ အျခားယာဥ္ေမာင္းမ်ား၊ လမ္းသြားလမ္းလာမ်ားနဲ႔ ဆက္သြယ္စကားေျပာေလ့ရွိၾကပါတယ္။ ေမာင္းသူမဲ့ ကားမ်ားမွာေတာ့ ဒီလိုျပဳလုပ္ႏိုင္ျခင္း မရွိေသးပါဘူး။ အခုေတာ့ Uber က အဲဒီ နည္းပညာကို ဖန္တီးမယ့္ Patent တစ္ခုကို မွတ္ပံုတင္လိုက္ပါတယ္။

သူ႔ရဲ႕ နည္းပညာမွာ LED မီးသီးမ်ား၊ Projector မ်ား ပါ၀င္မွာ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ ေမာင္းသူမဲ့ကားက သူ႕အေရွ႕မွ လမ္းသြားလမ္းလာမ်ားအား လမ္းျဖတ္ကူးေစခ်င္ရင္ ကားရဲ႕ ေနာက္ၾကည့္မွန္ အေရွ႕မွ မီးသီးမ်ားက မွ်ားပံုသ႑ာန္ျဖင့္ လမ္းညႊန္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Virtual Driver တစ္ဦးကလည္း ကားရဲ႕ ေလကာမွန္မွာ ေပၚလာမွာ ျဖစ္ၿပီး လမ္းသြားလမ္းလာမ်ားအား လက္ျဖင့္ ညႊန္ၾကား၍ အသိေပးမွာ ျဖစ္ပါတယ္။ ကားရဲ႕ အေရွ႕ဘက္ လမ္းမမွာလည္း Projector က သြားရမယ့္လမ္းကို မ်ဥ္းက်ားမ်ားျဖင့္ ျပသေပးမွာ ျဖစ္ပါတယ္။

Uber သာမက Google ကလည္း ဒီလို ဆက္သြယ္ေရး နည္းလမ္းကို ေမာင္းသူမဲ့ ကားမ်ားမွာ ထည့္သြင္းဖို႔ သူ႔ကိုယ္ပိုင္ Patent ကို မွတ္ပံုတင္ထားပါတယ္။ သူ႔ရဲ႕ Patent မွာ လမ္းသြားလမ္းလာမ်ားအား ျဖတ္ကူးရန္ သို႔မဟုတ္ ရပ္နားရန္ကို ရုပ္ပံုမ်ားျဖင့္ ေမာင္းသူမဲ့ ကား ရဲ႕ ကိုယ္ထည္မွာ ျပသေပးမွာ ျဖစ္ပါတယ္။ အသံျဖင့္လည္း ေမာင္းသူမဲ့ ကားက အသိေပးမယ္လို႔ ေဖာ္ျပထားပါတယ္။ သူ႔ရဲ႕ Patent ထဲမွာ ေၾကာင္ေတာင္ေတာင္ စနစ္မ်ားလည္း ပါ ရွိပါတယ္။ အဲဒါကေတာ့ ေမာင္းသူမဲ့ ကားကေန စက္ရုပ္လက္တံ ထြက္လာမွာ ျဖစ္ၿပီး လက္လႈပ္ရွားမႈျဖင့္ အသိေပးညႊန္ၾကားမွာ ျဖစ္ပါတယ္။

Ref : theverge

unicode

မောင်းသူမဲ့ ကားများက လမ်းသွားလမ်းလာများအား စကားပြောနိုင်မယ့် နည်းပညာ

လူသား ယာဉ်မောင်းများဟာ လက်ဝှေ့ယမ်းခြင်း၊ ခေါင်းလှုပ်ပြခြင်းများဖြင့် အခြားယာဉ်မောင်းများ၊ လမ်းသွားလမ်းလာများနဲ့ ဆက်သွယ်စကားပြောလေ့ရှိကြပါတယ်။ မောင်းသူမဲ့ ကားများမှာတော့ ဒီလိုပြုလု ပ်နိုင်ခြင်း မရှိသေးပါဘူး။ အခုတော့ Uber က အဲဒီ နည်းပညာကို ဖန်တီးမယ့် Patent တစ်ခုကို မှတ်ပုံတင်လိုက်ပါတယ်။

သူ့ရဲ့ နည်းပညာမှာ LED မီးသီးများ၊ Projector များ ပါဝင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မောင်းသူမဲ့ကားက သူ့အရှေ့မှ လမ်းသွားလမ်းလာများအား လမ်းဖြတ်ကူးစေချင်ရင် ကားရဲ့ နောက်ကြည့်မှန် အရှေ့မှ မီးသီးများက မျှားပုံသဏ္ဍာန်ဖြင့် လမ်းညွှန်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Virtual Driver တစ်ဦးကလည်း ကားရဲ့ လေကာမှန်မှာ ပေါ်လာမှာ ဖြစ်ပြီး လမ်းသွားလမ်းလာများအား လက်ဖြင့် ညွှန်ကြား၍ အသိပေးမှာ ဖြစ်ပါတယ်။ ကားရဲ့ အရှေ့ဘက် လမ်းမမှာလည်း Projector က သွားရမယ့်လမ်းကို မျဉ်းကျားများဖြင့် ပြသပေးမှာ ဖြစ်ပါတယ်။

Uber သာမက Google ကလည်း ဒီလို ဆက်သွယ်ရေး နည်းလမ်းကို မောင်းသူမဲ့ ကားများမှာ ထည့်သွင်းဖို့ သူ့ကိုယ်ပိုင် Patent ကို မှတ်ပုံတင်ထားပါတယ်။ သူ့ရဲ့ Patent မှာ လမ်းသွားလမ်းလာများအား ဖြတ်ကူးရန် သို့မဟုတ် ရပ်နားရန်ကို ရုပ်ပုံများဖြင့် မောင်းသူမဲ့ ကား ရဲ့ ကိုယ်ထည်မှာ ပြသပေးမှာ ဖြစ်ပါတယ်။ အသံဖြင့်လည်း မောင်းသူမဲ့ ကားက အသိပေးမယ်လို့ ဖော်ပြထားပါတယ်။ သူ့ရဲ့ Patent ထဲမှာ ကြောင်တောင်တောင် စနစ်များလည်း ပါ ရှိပါတယ်။ အဲဒါကတော့ မောင်းသူမဲ့ ကားကနေ စက်ရုပ်လက်တံ ထွက်လာမှာ ဖြစ်ပြီး လက်လှုပ်ရှားမှုဖြင့် အသိပေးညွှန်ကြားမှာ ဖြစ်ပါတယ်။

Ref : theverge

You may be interested

ေမာင္းသူမဲ့ တင့္ကားနဲ႔ တိုက္ခိုက္ေရး ဒရုန္းမ်ား ဖန္တီးေနတဲ့ ရုရွား
NEWS, Softwares & Application, Tech Update
0 shares0 views

ေမာင္းသူမဲ့ တင့္ကားနဲ႔ တိုက္ခိုက္ေရး ဒရုန္းမ်ား ဖန္တီးေနတဲ့ ရုရွား

Ko Thuya - Mar 25, 2019

ရုရွားက စက္ရုပ္ စစ္သားမ်ားကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းကို ဗီဒီယိုတစ္ခုကေန မွ်ေ၀လိုက္ပါတယ္။ ကရင္မလင္က မွ်ေ၀လိုက္တဲ့ ဗီဒီယိုမွာ ရုရွားရဲ႕ ေနာက္ဆံုးထုတ္ ဒရုန္းနည္းပညာကို ျပသထားပါတယ္။ ဒါ့အျပင္ ေမာင္းသူမဲ့ တင့္ကားကို ျမင္ရပါတယ္။ တင့္ကားဟာ သူ႔ေဘးမွ စစ္သားရဲ႕ ေသနတ္ ခ်ိန္ရြယ္ရာ…

Split Screen ပါတဲ့ Browser ကို iPad အတြက္ ထုတ္လုပ္ေပးလိုက္တဲ့ Mozilla Firefox

Ko Thuya - Mar 25, 2019

Mozilla က iPad အတြက္ Firefox Browser Version တစ္ခုကို ထုတ္လုပ္ေပးလိုက္ပါတယ္။ အုိင္ပတ္မ်ားမွာ အထာက်က်နဲ႔ အင္တာနက္ ၾကည့္ႏုိင္မွာပါ။ အရြယ္ႀကီး အိုင္ပတ္မွာ သံုးလို႔ေကာင္းေအာင္ ဒီဇိုင္းထုတ္ထားတဲ့ ဘေရာက္စာ ပါ။ Firefox for iPad ကို…

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ
NEWS, Security & Safety, Softwares & Application
141 shares67 views

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ

Ko Thuya - Mar 25, 2019

ၿပီးခဲ့တဲ့ ၆ လအတြင္းမွာ Boeing 737 Max 8 ေလယာဥ္ ၂ စီး ပ်က္က်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၆ လက အဲဒီ ေလယာဥ္အမ်ိဳးအစား တစ္စီးဟာ အင္ဒိုနီးရွား ကမ္းရိုးတန္းမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး…

Leave a Comment

Most from this category