111 Shares 39 Views

၂၀၂၀ ခုႏွစ္တြင္ Ford ရဲ႕ ကားအားလံုးမွာ 4G LTE ရမည္

Mar 18, 2018
111 39

ဖို႔ဒ္က ၂၀၂၀ ခုႏွစ္မွာ သူ႔ရဲ႕ ကားအားလံုးတြင္ 4G LTE နဲ႔ Waze Navigation နည္းပညာမ်ား ထည့္သြင္းေပးမယ္လို႔ ေၾကညာလိုက္ပါတယ္။ 4G LTE ဆက္သြယ္မႈကို ကားမွာ ရရွိိရင္ Sync Platform ကို အသံုးျပဳစရာ မလိုဘဲ Over the Air ကေန ကားရဲ႕ အစိတ္အပိုင္းအားလံုးအတြက္ ေဆာ့ဖ္၀ဲမ်ားကို အဆင့္ျမွင့္ႏုိင္မွာ ျဖစ္ပါတယ္။

Waze Navigation ဟာ Google ရဲ႕ မိုဘုိင္း App ျဖစ္ၿပီး သူ႔ကို ကားမွာ တစ္ပါထဲ ထည့္သြင္းထားတဲ့အတြက္ စမတ္ဖုန္းကို ထုတ္၍ Waze Navigation ကို အသံုးျပဳစရာ မလိုေတာ့ပါဘူး။ ကားရဲ႕ Dashboard မွာပါတဲ့ Display ကေန Navigation မ်ားကို ၾကည့္ရႈႏုိင္မွာ ျဖစ္ပါတယ္။

ဖုိ႔ဒ္က အထက္ပါ နည္းပညာမ်ားအျပင္ သူ႔ရဲ႕ အနာဂတ္ ကားမ်ားမွာ ေမာင္းသူအား ေထာက္ကူတဲ့ နည္းပညာ၊ အီလက္ထရစ္စြမ္းအင္မ်ားကိုပါ ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ လက္ရွိမွာ ဖို႔ဒ္ဟာ ေလာင္စာဆီနဲ႔ အီလက္ထရစ္ စြမ္းအင္သံုးကား ေစ်းကြက္မွာ ဒုတိယ ေရာင္းအား အေကာင္းဆံုး ျဖစ္ေနပါတယ္။ တိုယိုတာက အဲဒီေစ်းကြက္မွာ ထိပ္ဆံုးက ေရာက္ရွိေနၿပီး ၂၀၁၇ ခုႏွစ္မွာ ေလာင္စာဆီနဲ႔ အီလက္ထရစ္ စြမ္းအင္သံုး ကားအစီးေရေပါင္း ၁.၅၂ သန္းကို ေရာင္းခ်ႏုိင္ခဲ့တယ္လို႔ ေၾကညာထားပါတယ္။

ဖို႔ဒ္က အီလက္ထရစ္ကားမ်ားကိုလည္း အေျမာက္အမ်ား ထုတ္လုပ္ဖို႔ ရည္ရြယ္ထားတယ္လို႔ ေျပာပါတယ္။ ဖို႔ဒ္က ၂၀၂၀ ခုႏွစ္မွာ ကမာၻ႕ ကားေစ်းကြက္ရဲ႕ ၅၀ ရာခုိင္ႏႈန္းဟာ အီလက္ထရစ္ SUV ကားမ်ား ျဖစ္မယ္လို႔ ခန္႔မွန္းထားပါတယ္။ ဖို႔ဒ္က အီလက္ထရစ္ SUV ေမာ္ဒယ္ ၈ မ်ိဳးကို ၂၀၂၀ ခုႏွစ္မွာ ထုတ္လုပ္ေရာင္းခ်မွာ ျဖစ္ပါတယ္။

Ref : engadget

unicode

၂၀၂၀ ခုနှစ်တွင် Ford ရဲ့ ကားအားလုံးမှာ 4G LTE ရမည်

ဖို့ဒ်က ၂၀၂၀ ခုနှစ်မှာ သူ့ရဲ့ ကားအားလုံးတွင် 4G LTE နဲ့ Waze Navigation နည်းပညာများ ထည့်သွင်းပေးမယ်လို့ ကြေညာလိုက်ပါတယ်။ 4G LTE ဆက်သွယ်မှုကို ကားမှာ ရရှိရင် Sync Platform ကို အသုံးပြုစရာ မလိုဘဲ Over the Air ကနေ ကားရဲ့ အစိတ်အပိုင်းအားလုံးအတွက် ဆော့ဖ်ဝဲများကို အဆင့်မြှင့်နိုင်မှာ ဖြစ်ပါတယ်။

Waze Navigation ဟာ Google ရဲ့ မိုဘိုင်း App ဖြစ်ပြီး သူ့ကို ကားမှာ တစ်ပါထဲ ထည့်သွင်းထားတဲ့အတွက် စမတ်ဖုန်းကို ထုတ်၍ Waze Navigation ကို အသုံးပြုစရာ မလိုတော့ပါဘူး။ ကားရဲ့ Dashboard မှာပါတဲ့ Display ကနေ Navigation များကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဖို့ဒ်က အထက်ပါ နည်းပညာများအပြင် သူ့ရဲ့ အနာဂတ် ကားများမှာ မောင်းသူအား ထောက်ကူတဲ့ နည်းပညာ၊ အီလက်ထရစ်စွမ်းအင်များကိုပါ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဖို့ဒ်ဟာ လောင်စာဆီနဲ့ အီလက်ထရစ် စွမ်းအင်သုံးကား ဈေးကွက်မှာ ဒုတိယ ရောင်းအား အကောင်းဆုံး ဖြစ်နေပါတယ်။ တိုယိုတာက အဲဒီဈေးကွက်မှာ ထိပ်ဆုံးက ရောက်ရှိနေပြီး ၂၀၁၇ ခုနှစ်မှာ လောင်စာဆီနဲ့ အီလက်ထရစ် စွမ်းအင်သုံး ကားအစီးရေပေါင်း ၁.၅၂ သန်းကို ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာထားပါတယ်။

ဖို့ဒ်က အီလက်ထရစ်ကားများကိုလည်း အမြောက်အများ ထုတ်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ ဖို့ဒ်က ၂၀၂၀ ခုနှစ်မှာ ကမ္ဘာ့ ကားဈေးကွက်ရဲ့ ၅၀ ရာခိုင်နှုန်းဟာ အီလက်ထရစ် SUV ကားများ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ ဖို့ဒ်က အီလက်ထရစ် SUV မော်ဒယ် ၈ မျိုးကို ၂၀၂၀ ခုနှစ်မှာ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။

Ref : engadget

You may be interested

အသစ္ ထြက္ရွိလာတဲ့ 10.5-inch iPad Air နဲ႔ 7.9-inch iPad mini
Apple, Mobiles & Tablets, NEWS
0 shares0 views

အသစ္ ထြက္ရွိလာတဲ့ 10.5-inch iPad Air နဲ႔ 7.9-inch iPad mini

Nigma - Mar 19, 2019

Apple က iPad ေမာ္ဒယ္သစ္ႏွစ္မ်ိဳးကို တိတ္တဆိတ္ မိတ္ဆက္လိုက္ပါတယ္။ တတိယမ်ိဳးဆက္ 10.5-inch iPad Air နဲ႔ ပၪၥမမ်ိဳးဆက္ 7.9-inch iPad mini ပါ။ iPad Air အသစ္မွာ 10.5-inch Retina Display အသစ္…

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္
Mobiles & Tablets, NEWS
243 shares160 views

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္

Nigma - Mar 19, 2019

ယေန႔မွာ Xiaomi က မ်ိဳးဆက္သစ္ Black Shark 2 ဂိမ္းမင္းဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ ပထမ Black Shark ဖုန္းက နာမည္ေကာင္းရခဲ့သလိုပဲ အခု Black Shark 2 ဟာလည္း ေသခ်ာေပါက္ လူႀကိဳက္မ်ားမယ့္ ဖုန္းတလုံးပါ။ Black…

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ
Android, HUBS, Mobiles & Tablets
102 shares157 views

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ

Ko Thuya - Mar 19, 2019

OPPO A5 ရဲ႕ အမႊာတစ္ေယာက္ ထြက္ေပၚလာပါတယ္။ သူကေတာ့ OPPO A5s ျဖစ္ပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ သူ႔ကို AX5 , AX5s အမည္မ်ားနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ AX5 မွာ Helio P35 နဲ႔…

Leave a Comment

Most from this category