808 Shares 1971 Views

Google Lens ကိုသုံးပြီး စာအုပ်ကစာတွေဘယ်လိုကူးကြမလဲ??

Mar 17, 2018
808 1971

[Zawgyi]

Google  Lens က ဘာတွေဘယ်လိုလုပ်ဆောင်နိုင်လဲဆိုတာ အရင်တုန်းကဖော်ပြခဲ့ဖူးတယ်ထင်ပါတယ်။ အထင်ကရနေရာတွေကိုရောက် ဓာတ်ပုံရိုက်လိုက်ရင် Google Lens က နေရာနဲ့ပတ်သတ်သမျှတွေကို ပြပေးနိုင်ပါတယ်။ Google ကရိုက်ရှာရင် နာမည်မသိရင်ရိုက်လို့မရသလို အလုပ်ရှုပ်တာပေါ့။ ကင်မရာလေးကိုဖွင့် ဓာတ်ပုံလေးရိုက် Assistant ကရှာပေးတာနဲ့ အိုခေပါပြီ။ နေရာတွေတင်မကဘဲ business card တွေကနေ လိပ်စာ ဖုန်းနံပါတ် ဒါတွေအားလုံးကိုလည်း scan ဖတ်ပြီး text အနေနဲ့ ပြနိုင်ပါတယ်။

စာအုပ်ကနေ စာသားတွေပြန်ကူးချင်တဲ့အခါ Google Lens ကိုသုံးလို့ရပါတယ်။ လုပ်ပုံလုပ်နည်းကတော့

  1. ကော်ပီကူးချင်တဲ့စာကို ဓာတ်ပုံရိုက်လိုက်ပါ။ Google Assistant မလိုပါဘူး။ Google Photos ထဲကိုသွားပြီး ပုံကိုရွေးရမှာပါ။
  2. Google Photos app ကိုဖွင့်ပြီး ခုနကရိုက်ထားတဲ့ စာဓာတ်ပုံကိုဖွင့်လိုက်ပါ။
  3. အောက်ခြေနားမှာ ညာဘက်ကရေရင် ဒုတိယမြောက်မှာ ကင်မရာပုံလေးကိုတွေ့မှာပါ။ အောက်ကပုံမှာပြထားပါတယ်။
  4.  How To Copy Text From A Real Book Or Document With Google LensHow To Copy Text From A Real Book Or Document With Google Lens
  5.  AI က ပုံမှာပါသမျှတွေကို ဖတ်ဖို့အတွက် တစ်စက္ကန့်လောက်အချိန်ပဲယူပါတယ။် ပြီးတာနဲ့ ပုံကနေရှာလို့ရလာသမျှ အချက်အလက်တွေကို ဖော်ပြပေးပါတယ်။ စာကိုဓာတ်ပုံရိုက်ထားတာဆိုတော့ Text Selection ဆိုတာလေးကို နှိပ်လိုက်ရင် အပိုဒ်လိုက် scan ထားသမျှစာတွေကို ပြပေးမှာပါ။
  6. အောက်မှာပြထားတဲ့ပုံအတိုင်းပါပဲ။ စာတွေကဝါးလို့ ကိုယ်ကမမြင်ရရင်တောင် Lens ကဖတ်နိုင်ပါတယ်။ ဒါကတော့ အားသာချက်ပေါ့။How To Copy Text From A Real Book Or Document With Google LensHow To Copy Text From A Real Book Or Document With Google Lens
  7. ရိုက်ထားသမျှစာတစ်ပုဒ်လုံးပေါ်နေမှာဆိုတော့ ကိုယ်လိုတဲ့အပိုင်းလေးကို ကော်ပီကူး ဝဘ်မှာရှာ translate လုပ်လို့ရပါတယ်။ အရမ်းလွယ်ပါတယ်။

ဒါကတော့ စာအုပ်ကစာပိုဒ်ကိုပဲ ဓာတ်ပုံရိုက်စာပိုဒ်လိုက်ပြန်ကော်ပီကူးတဲ့နည်းပါ။ တခြား စာတွေ အထင်ကရနေရာတွေ လိပ်စာကဒ်တွေအတွက်လည်း Google Lens က တော်တော်လေးအသုံးဝင်ပါတယ်။ စမ်းသပ်ကြည့်လိုက်ကြပါဦး။

[Unicode]



  4.  How To Copy Text From A Real Book Or Document With Google LensHow To Copy Text From A Real Book Or Document With Google Lens


You may be interested

Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10
Android, FEATURES, HUBS
63 shares17 views

Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10

Ko Thuya - Dec 13, 2018

စမတ်ဖုန်းများကို စွယ်စုံသုံး ကိရိယာများ အဖြစ် ဖန်တီးလာကြပါတယ်။ အချို့ စမတ်ဖုန်းများမှာ Infrared Sensor ကို ထည့်ပေးထားပြီး တီဗီ၊ လေအေးပေးစက်လို အီလက်ထရောနစ် ကိရိယာများကို ထိန်းချုပ်နိုင်ပါတယ်။ Windows , Mac Computer များကို ထိန်းချုပ်နိုင်တဲ့ App…

Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်
Android, HUBS, Mobiles & Tablets
194 shares47 views

Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်

Ko Thuya - Dec 13, 2018

Samsung Galaxy S10 ကို ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress ပွဲ မတိုင်ခင် လာမယ့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကြေညာမှာ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ Galaxy S10 , S10+ နဲ့…

ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ
Apple, HUBS, Mobiles & Tablets
786 shares213 views

ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ

Ko Thuya - Dec 13, 2018

Samsung ဟာ ယခင်နှစ်ထုတ် iPhone X နဲ့ ဒီနှစ်ထုတ် iPhone XS , XS Max များအတွက် OLED Panels များကို ပံ့ပိုးပေးထားပါတယ်။ အဲဒီ မျက်နှာပြင်များရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ အလွန်များပါတယ်။ အဲဒီအတွက်…

Leave a Comment

Most from this category