155 Shares 615 Views

JPEG နဲ႔ PNG ဘယ္ format နဲ႔ပံုေတြကို save လုပ္သင့္လဲ??

Mar 17, 2018
155 615

[Zawgyi]

JPEG vs. PNG

ဒီဂ်စ္တယ္ပိုင္းမွာေတာ့ ပံုေတြကုိသိမ္းႏုိင္တဲ့ format က JPEG (JPG) နဲ႔ PNG ဆိုျပီး ၂ခုရိွပါတယ္။ ပံုတစ္ပံုတည္းကို format ၂မ်ိဳးနဲ႔သိမ္းျပီးတဲ့အခါ ပထမတစ္ခ်က္ၾကည့္လိုက္ရင္ေတာ့ လံုးဝထပ္တူက်ေနတယ္လို႔ထင္ရပါလိမ့္မယ္။ ဒါေပမယ့္အနီးကပ္ေသခ်ာၾကည့္တဲ့အခါ ပံု၂ပံုမွာကြာျခားခ်က္ေတြရိွပါတယ္။ format တစ္ခုခ်င္းစီရဲ႕အားသာခ်က္ အားနညး္ခ်က္ေတြကိုလိုက္ျပီး သံုးရမယ့္ေနရာေတြလည္းကြာသြားပါတယ္။ ျခားနားခ်က္ကိုေကာင္းေကာင္းနားလည္ႏုိင္ေအာင္လို႔ ဘယ္ format ကိုေတာ့ ဘယ္အခ်ိန္မွာသံုးသင့္တယ္ဆိုတာေလးကို ေဖာ္ျပေပးလိုက္ပါတယ္။
JPEG 

JPEG ရဲ႕အရွည္ကေတာ့ Joint Photographic Experts Group ျဖစ္ျပီး ဒီ format ကိုထြင္ခဲ့တဲ့အဖြဲ႔နာမည္ပါ။ ဒီဂ်စ္တယ္ဓာတ္ပံုပညာမွာေရာ အြန္လိုင္းဓာတ္ပံုေတြမွ်ေဝတဲ့အခါမွာပါ ပံုရဲ႕ဖုိင္ဆိုဒ္နဲ႔ ရုပ္ပံုအရည္အေသြးကို ဂရုတစိုက္ထိန္းညိွေပးႏုိင္တဲ့အတြက္ ဒီ JPEG format က စံႏႈန္းတစ္ခုအေနနဲ႔ျဖစ္လာပါတယ္။

သံုးတဲ့ပရိုဂရမ္နဲ႔ setting ကိုလိုက္ျပီး အခ်ိဳးေတြကြဲျပားႏုိင္ေပမယ့္လည္း စံသတ္မွတ္ထားတဲ့ JPED image ရဲ႕compression အခ်ိဳးက 10:1 ပါ။ ဆိုလိုတာက 10MB ရိွတဲ့ပံုတစ္ပံုကို JPEG format အေနနဲ႔သိမ္းလိုက္ရင္ 1MB ပဲရိွေတာ့တာမ်ိဳးပါ။ ပံုရဲ႕အရည္အေသြးကေတာ့ ပါဝင္တဲ့ content ေတြေပၚမူတည္ေနေပမယ့္လည္း ပံုမွန္ကေတာ့ အရည္အေသြးလုံးဝက်မသြားပါဘူး။
ဒီလိုလုပ္ဖို႔အတြက္ သခ်ၤာနည္းလမ္းတစ္ခုကိုသုံးထားတာျဖစ္ျပီး ဒီပံုခ်ံဳ႕တဲ့ algorithm က ပံုတစ္ပံုလံုးကိုျခံဳၾကည့္ ပံုမွာပါတဲ့ဘယ္ pixel ကေတာ့ သူ႔ေဘးကဘယ္ pixel နဲ႔ညီလဲဆိုတာၾကည့္ ျပီးမွ pixel ေတြကိုျပန္ေပါင္း ဒီလိုလုပ္ပါတယ္။ နည္းနည္းေတာ့ရႈပ္ေထြးလြန္းပါတယ္။ အသံုးဝင္ေပမယ့္လည္း တစ္ခုရိွတာက ပံုကိုသိမ္းျပီးတဲ့အခါမွ ေလွ်ာ့ခ်လိုက္တဲ့ေဒတာေတြကိုျပန္မရေတာ့ပါဘူး။ ဆိုလိုတာက 1MB နဲ႔သိမ္းလိုက္ျပီး 10MB ကိုုျပန္လိုခ်င္လို႔မရတဲ့သေဘာပါ။ ဒါေၾကာင့္ ဓာတ္ပံုေကာ္ပီကေန ဓာတ္ပံုေကာ္ပီျပန္ကူးရသလိုမ်ိဳးျဖစ္ေနျပီး တစ္ခါ save တိုင္းအရင္ထက္နည္းနည္းပိုပိုဆိုးလာပါတယ္။
ဒါေၾကာင့္ archive လုပ္ရမယ့္ပံုမ်ိဳးေတြဆိုရင္ေတာ့ JPEG format ကိုမသံုးဖို႔အၾကံေပးခ်င္ပါတယ္။ archive လုပ္ျပီး ပံုကိဖြင့္ျပီး edit လုပ္တာနဲ႔ ပံုရဲ႕ အရည္အေသြးေလ်ာ့ပါျပီ။ ေနာက္တစ္ခုက စာေတြအမ်ားၾကီးပါတဲ့ပံုေတြ ပါးလႊာတဲ့လုိင္းေလးေတြပါတဲ့သရုပ္ျပပံုေတြဆိုရင္ေတာ့ JPEG format ကိုေရွာင္ေစခ်င္ပါတယ္။ လိုင္းေတြကဝါးသြားတတ္တဲ့အတြက္ ပံုရဲ႕ရုပ္ထြက္ညံ့သြားပါလိမ့္မယ္။ ေအာက္မွာျပထားတဲ့ပံုမွာဆို ညာဘက္ JPEG format ကအျဖဴေနာက္ခံနဲ႔စာေတြက ဘယ္ဘက္က PNG နဲ႔ယွဥ္လုိက္ရင္ဝါးေနတာကိုေတြ႔မွာပါ။

JPEG vs PNG

တစ္ခါတစ္ေလက်ရင္ PDF ေတြကေန JPEG format ကိုေျပာင္းရတဲ့အခါမ်ိဳးမွာ အရည္အေသြးလည္းမက်ေစမယ့္ပမာဏေလာက္နဲ႔ခ်ဳံ႕တာေကာင္းပါတယ။္ ခုေနာက္ပိုင္းမွာေတာ့ HEIF ဆိုတဲ့ format နဲ႔အစားထိုးလာၾကျပီး ဒီ HEIF ကုိေတာ့ Apple က iOS 11 မွာစမိတ္ဆက္ခဲ့တာပါ။

PNG

သူကေတာ့ Portable Network Graphic ရဲ႕အတိုေကာက္ျဖစ္ျပီး JPEG နဲ႔မတူတာကေတာ့ ခ်ံဳ႕တဲ့နည္းလမ္းပဲကြာသြားတာပါ။ JPEG ထက္ PNG ေတြက ပိုသာတဲ့အခ်က္က ဖုိင္ဆိုဒ္ခ်ံဳ႕တဲ့အခါ တစ္ခါဖြင့္တစ္ခါ save တိုင္းလည္း အရည္အေသြးက်မသြားတာပါ။ သူလည္း အေသးစိတ္က်ျပီး အရမ္း contrast ျမင့္တ့ဲပံုေတြကိုေကာင္းေကာင္းျပႏုိင္ပါတယ္။ေနာက္ထပ္ PNG ကေထာက္ပံ့ေပးႏုိင္တဲ့ feature တစ္ခုကေတာ့ transparency ပါ။ အထူးသျဖင့္ကေတာ့ PNG ကို logo ေတြဖန္တီးတဲ့အခါမွာသံုးလို႔ေကာင္းပါတယ္။

PNG ကို web ေတြအတြက္သံုးၾကတာမ်ားပါတယ္။ ပံုအမ်ားစုက JPEG နဲ႔ပဲျဖစ္ေပမယ့္ JPEG နဲ႔မရတဲ့ပံုမ်ိဳးဆိုရင္ PNG ကပဲေထာက္ပံ့ေပးႏုိင္မွာပါ။ PNG ေတြမွာလညး္ နည္းနည္းေျပာင္းလဲလာတာေတြရိွျပီး GIF ေတြရဲ႕ function အတိုင္းလုပ္ေဆာင္ေပးႏုိင္တဲ့ format ျဖစ္ေနဆဲပါပဲ။

ဒါဆို ဘယ္ format က ပိုေကာင္းသလဲ?

၂ခုလုံးကေတာ့ တျခား format ေတြထက္ပိုေကာင္းပါတယ္။ ကိုယ္ဘာလုပ္ခ်င္လဲဆိုတာကိုလိုက္ျပီးကုိယ္ေရြးရမယ့္ format က ေျပာင္းသြားပါလိမ့္မယ္။

ကိုယ့္ကင္မရာကပံုကို Instagram, Twiter ဒါေတြမွာတင္ခ်င္တယ္ဆိုရင္ JPEG ကိုသံုးတာအေကာင္းဆံုးပါပဲ။ ဖုိင္ဆိုဒ္လည္းပိုေသးျပီး ဓာတ္ပံုေတြမွာလည္းသံုး platform ေတာ္ေတာ္မ်ားမ်ားကလည္း ေထာက္ပံ့ေပးႏိုင္တဲ့ format တစ္မ်ိဳးပါ။

ဒါမွမဟုတ္ ကိုယ္က screenshot ရိုက္ထားျပီး ေနာက္မွ အဲ့ပံုကုိထပ္ျပင္ခ်င္တယ္ဆိုရင္ PNG ကိုသံုးတာပိုေကာင္းပါတယ။္ JPEG နဲ႔ယွဥ္လုိက္ရင္ ဖုိင္ဆုိဒ္ပိုၾကီးႏုိင္ေပမယ့္ ပံုရဲ႕အရည္အေသြးက်သြားမွာကိုေတာ့ လံုးဝစိတ္ပူစရာမလိုပါဘူး။ ေနာက္ဆံုးဖြင့္တဲ့အခ်ိန္ထိကို pixel တစ္ခုခ်င္းစီတုိင္းက ဝါးမေနဘဲ ေတာက္ပေနမွာပါ။ logo ေတြလိုမ်ိဳး web graphic အမ်ားစုကေတာ့  transparent ရတဲ့ PNG ေတြကိုသံုးတာမ်ားပါတယ္။

[Unicode]

JPEG vs. PNG

ဒီဂျစ်တယ်ပိုင်းမှာတော့ ပုံတွေကိုသိမ်းနိုင်တဲ့ format က JPEG (JPG) နဲ့ PNG ဆိုပြီး ၂ခုရှိပါတယ်။ ပုံတစ်ပုံတည်းကို format ၂မျိုးနဲ့သိမ်းပြီးတဲ့အခါ ပထမတစ်ချက်ကြည့်လိုက်ရင်တော့ လုံးဝထပ်တူကျနေတယ်လို့ထင်ရပါလိမ့်မယ်။ ဒါပေမယ့်အနီးကပ်သေချာကြည့်တဲ့အခါ ပုံ၂ပုံမှာကွာခြားချက်တွေရှိပါတယ်။ format တစ်ခုချင်းစီရဲ့အားသာချက် အားနညး်ချက်တွေကိုလိုက်ပြီး သုံးရမယ့်နေရာတွေလည်းကွာသွားပါတယ်။ ခြားနားချက်ကိုကောင်းကောင်းနားလည်နိုင်အောင်လို့ ဘယ် format ကိုတော့ ဘယ်အချိန်မှာသုံးသင့်တယ်ဆိုတာလေးကို ဖော်ပြပေးလိုက်ပါတယ်။
JPEG

JPEG ရဲ့အရှည်ကတော့ Joint Photographic Experts Group ဖြစ်ပြီး ဒီ format ကိုထွင်ခဲ့တဲ့အဖွဲ့နာမည်ပါ။ ဒီဂျစ်တယ်ဓာတ်ပုံပညာမှာရော အွန်လိုင်းဓာတ်ပုံတွေမျှဝေတဲ့အခါမှာပါ ပုံရဲ့ဖိုင်ဆိုဒ်နဲ့ ရုပ်ပုံအရည်အသွေးကို ဂရုတစိုက်ထိန်းညှိပေးနိုင်တဲ့အတွက် ဒီ JPEG format က စံနှုန်းတစ်ခုအနေနဲ့ဖြစ်လာပါတယ်။

သုံးတဲ့ပရိုဂရမ်နဲ့ setting ကိုလိုက်ပြီး အချိုးတွေကွဲပြားနိုင်ပေမယ့်လည်း စံသတ်မှတ်ထားတဲ့ JPED image ရဲ့compression အချိုးက 10:1 ပါ။ ဆိုလိုတာက 10MB ရှိတဲ့ပုံတစ်ပုံကို JPEG format အနေနဲ့သိမ်းလိုက်ရင် 1MB ပဲရှိတော့တာမျိုးပါ။ ပုံရဲ့အရည်အသွေးကတော့ ပါဝင်တဲ့ content တွေပေါ်မူတည်နေပေမယ့်လည်း ပုံမှန်ကတော့ အရည်အသွေးလုံးဝကျမသွားပါဘူး။
ဒီလိုလုပ်ဖို့အတွက် သချၤာနည်းလမ်းတစ်ခုကိုသုံးထားတာဖြစ်ပြီး ဒီပုံချုံ့တဲ့ algorithm က ပုံတစ်ပုံလုံးကိုခြုံကြည့် ပုံမှာပါတဲ့ဘယ် pixel ကတော့ သူ့ဘေးကဘယ် pixel နဲ့ညီလဲဆိုတာကြည့် ပြီးမှ pixel တွေကိုပြန်ပေါင်း ဒီလိုလုပ်ပါတယ်။ နည်းနည်းတော့ရှုပ်ထွေးလွန်းပါတယ်။ အသုံးဝင်ပေမယ့်လည်း တစ်ခုရှိတာက ပုံကိုသိမ်းပြီးတဲ့အခါမှ လျှော့ချလိုက်တဲ့ဒေတာတွေကိုပြန်မရတော့ပါဘူး။ ဆိုလိုတာက 1MB နဲ့သိမ်းလိုက်ပြီး 10MB ကိုပြန်လိုချင်လို့မရတဲ့သဘောပါ။ ဒါကြောင့် ဓာတ်ပုံကော်ပီကနေ ဓာတ်ပုံကော်ပီပြန်ကူးရသလိုမျိုးဖြစ်နေပြီး တစ်ခါ save တိုင်းအရင်ထက်နည်းနည်းပိုပိုဆိုးလာပါတယ်။
ဒါကြောင့် archive လုပ်ရမယ့်ပုံမျိုးတွေဆိုရင်တော့ JPEG format ကိုမသုံးဖို့အကြံပေးချင်ပါတယ်။ archive လုပ်ပြီး ပုံကိဖွင့်ပြီး edit လုပ်တာနဲ့ ပုံရဲ့ အရည်အသွေးလျော့ပါပြီ။ နောက်တစ်ခုက စာတွေအများကြီးပါတဲ့ပုံတွေ ပါးလွှာတဲ့လိုင်းလေးတွေပါတဲ့သရုပ်ပြပုံတွေဆိုရင်တော့ JPEG format ကိုရှောင်စေချင်ပါတယ်။ လိုင်းတွေကဝါးသွားတတ်တဲ့အတွက် ပုံရဲ့ရုပ်ထွက်ညံ့သွားပါလိမ့်မယ်။ အောက်မှာပြထားတဲ့ပုံမှာဆို ညာဘက် JPEG format ကအဖြူနောက်ခံနဲ့စာတွေက ဘယ်ဘက်က PNG နဲ့ယှဉ်လိုက်ရင်ဝါးနေတာကိုတွေ့မှာပါ။

JPEG vs PNG

တစ်ခါတစ်လေကျရင် PDF တွေကနေ JPEG format ကိုပြောင်းရတဲ့အခါမျိုးမှာ အရည်အသွေးလည်းမကျစေမယ့်ပမာဏလောက်နဲ့ချုံ့တာကောင်းပါတယ။် ခုနောက်ပိုင်းမှာတော့ HEIF ဆိုတဲ့ format နဲ့အစားထိုးလာကြပြီး ဒီ HEIF ကိုတော့ Apple က iOS 11 မှာစမိတ်ဆက်ခဲ့တာပါ။

PNG

သူကတော့ Portable Network Graphic ရဲ့အတိုကောက်ဖြစ်ပြီး JPEG နဲ့မတူတာကတော့ ချုံ့တဲ့နည်းလမ်းပဲကွာသွားတာပါ။ JPEG ထက် PNG တွေက ပိုသာတဲ့အချက်က ဖိုင်ဆိုဒ်ချုံ့တဲ့အခါ တစ်ခါဖွင့်တစ်ခါ save တိုင်းလည်း အရည်အသွေးကျမသွားတာပါ။ သူလည်း အသေးစိတ်ကျပြီး အရမ်း contrast မြင့်တ့ဲပုံတွေကိုကောင်းကောင်းပြနိုင်ပါတယ်။နောက်ထပ် PNG ကထောက်ပံ့ပေးနိုင်တဲ့ feature တစ်ခုကတော့ transparency ပါ။ အထူးသဖြင့်ကတော့ PNG ကို logo တွေဖန်တီးတဲ့အခါမှာသုံးလို့ကောင်းပါတယ်။

PNG ကို web တွေအတွက်သုံးကြတာများပါတယ်။ ပုံအများစုက JPEG နဲ့ပဲဖြစ်ပေမယ့် JPEG နဲ့မရတဲ့ပုံမျိုးဆိုရင် PNG ကပဲထောက်ပံ့ပေးနိုင်မှာပါ။ PNG တွေမှာလညး် နည်းနည်းပြောင်းလဲလာတာတွေရှိပြီး GIF တွေရဲ့ function အတိုင်းလုပ်ဆောင်ပေးနိုင်တဲ့ format ဖြစ်နေဆဲပါပဲ။

ဒါဆို ဘယ် format က ပိုကောင်းသလဲ?

၂ခုလုံးကတော့ တခြား format တွေထက်ပိုကောင်းပါတယ်။ ကိုယ်ဘာလုပ်ချင်လဲဆိုတာကိုလိုက်ပြီးကိုယ်ရွေးရမယ့် format က ပြောင်းသွားပါလိမ့်မယ်။

ကိုယ့်ကင်မရာကပုံကို Instagram, Twiter ဒါတွေမှာတင်ချင်တယ်ဆိုရင် JPEG ကိုသုံးတာအကောင်းဆုံးပါပဲ။ ဖိုင်ဆိုဒ်လည်းပိုသေးပြီး ဓာတ်ပုံတွေမှာလည်းသုံး platform တော်တော်များများကလည်း ထောက်ပံ့ပေးနိုင်တဲ့ format တစ်မျိုးပါ။

ဒါမှမဟုတ် ကိုယ်က screenshot ရိုက်ထားပြီး နောက်မှ အဲ့ပုံကိုထပ်ပြင်ချင်တယ်ဆိုရင် PNG ကိုသုံးတာပိုကောင်းပါတယ။် JPEG နဲ့ယှဉ်လိုက်ရင် ဖိုင်ဆိုဒ်ပိုကြီးနိုင်ပေမယ့် ပုံရဲ့အရည်အသွေးကျသွားမှာကိုတော့ လုံးဝစိတ်ပူစရာမလိုပါဘူး။ နောက်ဆုံးဖွင့်တဲ့အချိန်ထိကို pixel တစ်ခုချင်းစီတိုင်းက ဝါးမနေဘဲ တောက်ပနေမှာပါ။ logo တွေလိုမျိုး web graphic အများစုကတော့ transparent ရတဲ့ PNG တွေကိုသုံးတာများပါတယ်။

You may be interested

IP67 , IP68 ေရစိုခံ စံႏႈန္း ဆိုတာဘာလဲ?
FEATURES, Mobile & Tablets
0 shares0 views

IP67 , IP68 ေရစိုခံ စံႏႈန္း ဆိုတာဘာလဲ?

Ko Thuya - Jul 18, 2018

ဒီေန႔ေခတ္ စမတ္ဖုန္းမ်ားဟာ ေရစိုခံတယ္လို႔ ထုတ္လုပ္ေရာင္းခ်တဲ့ ကုမၸဏီမ်ားက ေၾကာ္ညာေနၾကပါတယ္။ ဒါေပမယ့္ ေရစိုခံစံႏႈန္းမ်ားစြာ ရွိတဲ့အတြက္ သင့္ စမတ္ဖုန္းဟာ ဘယ္ေလာက္အထိေရစိုခံသလဲဆိုတာ ေလ့လာထားဖုိ႔ လိုအပ္ပါတယ္။ IP ရဲ႕ အဓိပၸါယ္ IP ရဲ႕ အရွည္ဟာ Ingress Protection ျဖစ္ၿပီး…

OnePlus 5 နဲ႔ 5T တုိ႔ရဲ႕ ေနာက္ဆံုးထုတ္ OxygenOS Open Beta မွာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
102 shares15 views

OnePlus 5 နဲ႔ 5T တုိ႔ရဲ႕ ေနာက္ဆံုးထုတ္ OxygenOS Open Beta မွာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ႔ 5T တုိ႔ရဲ႕ ယခင္ထြက္ခဲ့တဲ့ OxygenOS Open Beta မွာ Project Treble ပါလာခဲ့ပါတယ္။ ယခုေနာက္ဆံုးထုတ္ ဗားရွင္းမွာလည္း လုပ္ေဆာင္ခ်က္ အသစ္မ်ား ပါလာပါတယ္။ OnePlus 5 ရဲ႕ OxygenOS Open…

လူတစ္ေယာက္ရဲ႕အသိဉာဏ္နဲ႔ယွဥ္လာႏုိင္ေတာ့မယ့္ AI နည္းပညာဆုိတာ?
FEATURES
192 shares39 views

လူတစ္ေယာက္ရဲ႕အသိဉာဏ္နဲ႔ယွဥ္လာႏုိင္ေတာ့မယ့္ AI နည္းပညာဆုိတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန္တီးရတာေတာ္ေတာ္လည္းရႈပ္ေထြးတဲ့အလုပ္တစ္ခုျဖစ္သလို ကိုယ့္အေနနဲ႔ အေသးစိတ္ၾကီးနားလည္ေနဖုိ႔လည္းမလိုပါဘူး။ အခုရိွျပီးသား သိဉာဏ္တုနည္းပညာအမ်ားစုကေတာ့ လူေတြရဲ႕ဦးေႏွာက္လိုပဲ ေကာင္းေကာင္းခန္႔မွန္းတြက္ခ်က္ႏုိင္ပါတယ္။ ဒီလိုတြက္ခ်က္ဖို႔အတြက္ ေဒတာေတြေျမာက္မ်ားစြာထည့္သြင္းရျပီး လူေတြသိတဲ့အရာေတြကေန Model တစ္ခုတည္ေဆာက္ခိုင္း၊ လူေတြမသိတဲ့အရာေတြကို ခန္႔မွန္းခိုင္းလို႔ရႏုိင္ပါတယ္။ ဒီ AI န႔ဲ တျခားကြန္ပ်ဴတာပရိုဂရမ္ေတြနဲ႔ လံုးဝမတူတ့ဲတစ္ခ်က္ကေတာ့…

Leave a Comment

Most from this category