1495 Shares 547 Views

Xiaomi က ဖုန္းအေဟာင္း အပ္၍ ဖုန္းအသစ္ လဲလွယ္ႏုိင္တဲ့ ၀န္ေဆာင္မႈကို အြန္လိုင္းမွာပါ ျပဳလုပ္ေပး

Mar 17, 2018
1495 547

ေရွာင္မီက ယခင္ႏွစ္ ႏို၀င္ဘာလမွာ Mi Exchange အမည္ရ ဖုန္းအေဟာင္း အပ္၍ ဖုန္းအသစ္ လဲလွယ္ႏုိင္တဲ့ ၀န္ေဆာင္မႈကို ျပဳလုပ္ေပးခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီအခ်ိန္တုန္းကေတာ့ Mi Home Store မ်ားမွာသာ ဒီ၀န္ေဆာင္မႈကို အသံုးျပဳႏိုင္ပါတယ္။ အခုေတာ့ ဒီ၀န္ေဆာင္မႈကို Mi.com ၀က္ဆိုက္မွာပါ အသံုးျပဳႏုိင္ပါၿပီ။

Mi Exchange Program ဟာ ဖုန္းအေဟာင္းမ်ားကို ေငြအလိုက္ေပး၍ ေရွာင္မီ ဖုန္းအသစ္မ်ားနဲ႔ လဲလွယ္ႏုိင္တဲ့ ၀န္ေဆာင္မႈ ျဖစ္ပါတယ္။ ဖုန္း လဲလွယ္လိုသူမ်ားက ဖုန္းအေဟာင္းရဲ႕ IMEI နံပါတ္ကို ထည့္သြင္းေပးရမွာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာ ဟန္းဆက္ရဲ႕ အေျခအေနနဲ႔ လက္ရွိ ေစ်းကြက္မွ ေစ်းႏႈန္းမ်ားအေပၚ အေျချပဳ၍ ဖုန္းအေဟာင္းရဲ႕ တန္ဖိုးကို တြက္ခ်က္မွာ ျဖစ္ပါတယ္။

စကရင္ ကြဲအက္ေနတဲ့ ဖုန္ုးမ်ား၊ ကိုယ္ထည္ ပ်က္ဆီးေနတဲ့ ဖုန္းမ်ားကိုေတာ့ လဲလွယ္လုိ႔ မရဘူးလို႔ ေရွာင္မီက စည္းကမ္းသတ္မွတ္ထားပါတယ္။ ဖုန္းအေဟာင္းဟာ ေကာင္းမြန္တဲ့ အေျခအေနမွာ ရွိေနရမွာ ျဖစ္ပါတယ္။

ဖုန္းအေဟာင္းရဲ႕ တန္ဖုိးကို တြက္ခ်က္ၿပီးေနာက္မွာ Exchange Coupon ကို ရရွိမွာ ျဖစ္ၿပီး ေရွာင္မီရဲ႕ ဖုန္းအသစ္ကို ၀ယ္ယူလွ်င္ အဲဒီ ေငြေၾကးပမာဏကို ေစ်းေလွ်ာ့ေပးမွာ ျဖစ္ပါတယ္။ ေရွာင္မီက ဖုန္းလဲလွယ္လိုသူမ်ားအတြက္ စည္းကမ္း အေသးစိတ္ကို Mi.com မွာ ထုတ္ျပန္ေၾကညာထားပါတယ္။

Ref : theverge

unicode

Xiaomi က ဖုန်းအဟောင်း အပ်၍ ဖုန်းအသစ် လဲလှယ်နိုင်တဲ့ ဝန်ဆောင်မှုကို အွန်လိုင်းမှာပါ ပြုလုပ်ပေး

ရှောင်မီက ယခင်နှစ် နိုဝင်ဘာလမှာ Mi Exchange အမည်ရ ဖုန်းအဟောင်း အပ်၍ ဖုန်းအသစ် လဲလှယ်နိုင်တဲ့ ဝန်ဆောင်မှုကို ပြုလုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့ Mi Home Store များမှာသာ ဒီဝန်ဆောင်မှုကို အသုံးပြုနိုင်ပါတယ်။ အခုတော့ ဒီဝန်ဆောင်မှုကို Mi.com ဝက်ဆိုက်မှာပါ အသုံးပြုနိုင်ပါပြီ။

Mi Exchange Program ဟာ ဖုန်းအဟောင်းများကို ငွေအလိုက်ပေး၍ ရှောင်မီ ဖုန်းအသစ်များနဲ့ လဲလှယ်နိုင်တဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ ဖုန်း လဲလှယ်လိုသူများက ဖုန်းအဟောင်းရဲ့ IMEI နံပါတ်ကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဟန်းဆက်ရဲ့ အခြေအနေနဲ့ လက်ရှိ ဈေးကွက်မှ ဈေးနှုန်းများအပေါ် အခြေပြု၍ ဖုန်းအဟောင်းရဲ့ တန်ဖိုးကို တွက်ချက်မှာ ဖြစ်ပါတယ်။

စကရင် ကွဲအက်နေတဲ့ ဖုန်ုးများ၊ ကိုယ်ထည် ပျက်ဆီးနေတဲ့ ဖုန်းများကိုတော့ လဲလှယ်လို့ မရဘူးလို့ ရှောင်မီက စည်းကမ်းသတ်မှတ်ထားပါတယ်။ ဖုန်းအဟောင်းဟာ ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေရမှာ ဖြစ်ပါတယ်။

ဖုန်းအဟောင်းရဲ့ တန်ဖိုးကို တွက်ချက်ပြီးနောက်မှာ Exchange Coupon ကို ရရှိမှာ ဖြစ်ပြီး ရှောင်မီရဲ့ ဖုန်းအသစ်ကို ဝယ်ယူလျှင် အဲဒီ ငွေကြေးပမာဏကို ဈေးလျှော့ပေးမှာ ဖြစ်ပါတယ်။ ရှောင်မီက ဖုန်းလဲလှယ်လိုသူများအတွက် စည်းကမ်း အသေးစိတ်ကို Mi.com မှာ ထုတ်ပြန်ကြေညာထားပါတယ်။

Ref : theverge

You may be interested

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ iPhone XS နဲ႔ iPhone XS Max တို႔ကို ေရာင္းခ်ေပးလိုက္ပါတယ္။ Apple အေရး ကြ်မ္းက်င္တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက္…

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ
HUBS, Microsoft
39 shares12 views

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ

Creepy Tyler - Sep 25, 2018

Microsoft ကေတာ့ Surface Hub 2 ကို ျပသခဲ့ၿပီး ၊ ေနာက္ဆံုးထြက္ျဖစ္လာမယ့္ ဒီ device မွာ ပါလာမယ့္  Rotating Display အမည္ရ device ပံုစံအတုိင္း လိုက္ေလ်ာညီေထြ ေျပာင္းလဲျပသေပးမယ့္ နည္းပညာကိုလည္း တစ္ခါတည္း ျပသခဲ့ပါတယ္။…

Google Chrome ကို ႏွံ႔ႏွံ႔စပ္စပ္အသံုးျပဳႏုိင္မယ့္ နည္းလမ္းမ်ား
FEATURES, HOW TO, Softwares & Application
248 shares80 views

Google Chrome ကို ႏွံ႔ႏွံ႔စပ္စပ္အသံုးျပဳႏုိင္မယ့္ နည္းလမ္းမ်ား

Ko Thuya - Sep 25, 2018

Google Chrome ဟာ ကမာၻမွာ လူသံုးအမ်ားဆံုး ၀က္ဘေရာက္စာ တစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ Google Chrome မွာ လူသိနည္းတဲ့ လွိ်ဳ႕၀ွက္ စြမ္းေဆာင္ခ်က္မ်ား ပါရွိပါတယ္။ အဲဒီအထဲမွာ Chrome ကို Text Editor လို အသံုးျပဳျခင္း၊…

Leave a Comment

Most from this category