174 Shares 54 Views


Mar 17, 2018
174 54





Ref : gsmarena

unicode

Alcatel ရဲ့ Android Go Phone ဖြစ်တဲ့ 1X ကို အမေရိကန်မှာ ရောင်းပြီ

MWC မှာ Alcatel က သူ့ရဲ့ ပထမဆုံး Android Go စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်ကတော့ Alcatel 1X ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီက 1X ကို အမေရိကန်မှာ ရောင်းချပေးမယ်လို့ ကြေညာလိုက်ပါတယ်။ ဒေါ်လာ ၁၀၀ ဝန်းကျင်သာ တန်ကြေးရှိပါတယ်။

သူ့မှာ Quad-Core MediaTek Processor , 1GB RAM, 16GB Storage များ ထည့်သွင်းပေးထားပါတယ်။ ၅.၃ လက်မ 960x480p Display တပ်ဆင်ထားပါတယ်။ သူ့ရဲ့ ကောင်းတဲ့ အချက်က ခေတ်စားနေတဲ့ 18:9 Screen ကို ဈေးသက်သက်သာသာနဲ့ သုံးနိုင်မှာ ဖြစ်ပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာတော့ မပါပါဘူး။ ဘက်ထရီက 2460mAh ဖြစ်ပါတယ်။

Android 8.1 Oreo အခြေပြု Android Go Software ထည့်သွင်းထားပါတယ်။ အနောက်ကင်မရာအတွက် 13MP or 8MP များ ရွေးချယ်နိုင်ပြီး နှစ်လုံးစလုံးက Full HD Video များ ရိုက်ကူးနိုင်ပါတယ်။ Selfie Camera မှာ 5MP ဖြစ်ပါတယ်။

Android Go ဟာ Android Oreo ကို အခြေပြု ဖန်တီးထားခြင်း ဖြစ်ပြီး စွမ်းဆောင်ရည်နိမ့် ဖုန်းများမှာ ချောမွတ်စွာ အလုပ်လုပ်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ Google က ပေါ့ပါးသွက်လက်ပြီး ဖုန်းမှာ နေရာ သိပ်မယူတဲ့ YouTube Go, Gmail Go စတဲ့ Go Apps များကိုလည်း ဖြန့်ချီပေးထားပါတယ်။

Ref : gsmarena

You may be interested

Switch နဲ့ Comic ဖတ်နိုင်မယ့် InkyPen
NEWS, Softwares & Application
12 shares4 views

Switch နဲ့ Comic ဖတ်နိုင်မယ့် InkyPen

Nigma - Dec 16, 2018

(Zawgyi) လက်ကိုင်ဂိမ်းစက်နဲ့ Comics ဖတ်ချင်တဲ့လူတွေအတွက် InkyPen ရဲ့ လစဉ်ကြေးသွင်း Comics ဝန်ဆောင်မှုကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။ Nintendo Switch မှာ စတင် ရရှိမယ့် Subscription ဝန်ဆောင်မှု ဖြစ်ပြီး၊ Indie comics…

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ့ ROG Phone တို့ကို ပြည်တွင်းဈေးကွက်တွင် စတင် မိတ်ဆက်
ASUS, Mobiles & Tablets, NEWS
131 shares54 views

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ့ ROG Phone တို့ကို ပြည်တွင်းဈေးကွက်တွင် စတင် မိတ်ဆက်

Nigma - Dec 16, 2018

(Zawgyi) ASUS ဟာ မော်ဒယ်သစ် Zenfone Max M2 နဲ့ Zenfone Max Pro M2 စမတ်ဖုန်းတွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Zenfone Max M2 Series နဲ့အတူ နိုင်ငံတကာဈေးကွက်မှာ…

Puzzle Game ကြိုက်သူများအတွက် Faraway 4: Ancient Escape
Android, FEATURES, Games
74 shares34 views

Puzzle Game ကြိုက်သူများအတွက် Faraway 4: Ancient Escape

Ko Thuya - Dec 15, 2018

Faraway 4: Ancient Escape ဟာ အသစ်ထွက်ရှိလာတဲ့ Puzzle/ Escape Game အမျိုးအစား ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ရှေးခေတ်ဟောင်း ကာလကို အခြေပြုထားပါတယ်။ အလုပ်သွား၊ အလုပ်ပြန်ချိန်များနဲ့ အားလပ်ချိန်များမှာ အပြင်းပြေ ကစားဖို့ သင့်တော်ပါတယ်။ သူဟာ Puzzle…

Leave a Comment

Most from this category