2505 Shares 900 Views
Mar 17, 2018
2505 900
Ref : gsmarena
unicode
Xiaomi က AI နဲ့ ကင်မရာ အဆင့်မြှင့်ထားတဲ့ Redmi Note 5 Pro ကို မိတ်ဆက်
Xiaomi က တရုတ်မှာ အဆင့်မြှင့်ထားတဲ့ Redmi Note 5 Pro မော်ဒယ်အသစ်တစ်မျိုးကို ကြေညာလိုက်ပါတယ်။ သူဟာ အိန္ဒိယမှာ ရောင်းချပေးထားတဲ့ Redmi Note 5 Pro နဲ့ တူညီပေမယ့် စွမ်းရည်အသစ်များ ပါလာပါတယ်။ အဲဒီမော်ဒယ်နှစ်ခုရဲ့ တူညီချက်များထဲမှာ ၅.၉၉ လက်မ 2160×1080 pixel IPS LCD Display , Qualcomm Snapdragon 636 Chipset , 3/4/6GB RAM , 32/64GB Storage , 4000mAh Battery များ ပါဝင်ပါတယ်။
ဒါပေမယ့် 12MP Rear Camera မှာ အိန္ဒိယမော်ဒယ်ရဲ့ F/2.2 ထက် အလင်းဝင်ပေါက် ပိုမိုကျယ်တဲ့ F/1.9 Lens တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုမိုလျှင်မြန်စွာ Focus ပြုလုပ်နိုင်ဖို့အတွက် Dual Pixel PDAF နည်းပညာ ထည့်သွင်းပေးထားပါတယ်။ အနောက်ဘက်မှာ 5MP Camera တပ်ဆင်ထားပါတယ်။
အိန္ဒိယမော်ဒယ်ရဲ့ 20MP Front Camera ကို 13MP Camera နဲ့ လဲလှယ်ထားပါတယ်။ ကင်မရာများမှာ ဉာဏ်ရည်တုနည်းပညာ ထည့်သွင်းထားပြီး Portrait Mode , Beauty Mode , Face Unlock များဟာ ဉာဏ်ရည်တု နည်းပညာကြောင့် ပိုမို ကောင်းမွန်လာပါတယ်။
တရုတ်မှ မော်ဒယ်အသစ်မှာ Android 8.0 Oreo အခြေပြု MIUI 9 ထည့်သွင်းထားပြီး Project Treble ကို ထောက်ပံ့ပါတယ်။ အိန္ဒိယ မော်ဒယ်မှာ Android 7.1.1 Nougat သာ ပါပါတယ်။ မော်ဒယ်အသစ်ကို အနက်၊ အပြာ၊ ရွှေနဲ့ နှင်းဆီ ရွှေရောင်များ ထုတ်လုပ်ပေးထားပြီး တန်ဖိုးအနည်းဆုံးမော်ဒယ်ကို ၁၇၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။
Ref : gsmarena
You may be interested
iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views
iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Ko Thuya - Sep 25, 2018
Apple က ပြီးခဲ့တဲ့ သောကြာနေ့မှာ iPhone XS နဲ့ iPhone XS Max တို့ကို ရောင်းချပေးလိုက်ပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက်…
Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
HUBS, Microsoft
39 shares12 views
Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
Creepy Tyler - Sep 25, 2018
Microsoft ကတော့ Surface Hub 2 ကို ပြသခဲ့ပြီး ၊ နောက်ဆုံးထွက်ဖြစ်လာမယ့် ဒီ device မှာ ပါလာမယ့်  Rotating Display အမည်ရ device ပုံစံအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပြသပေးမယ့် နည်းပညာကိုလည်း တစ်ခါတည်း ပြသခဲ့ပါတယ်။…
Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ
FEATURES, HOW TO, Softwares & Application
242 shares79 views
Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ
Ko Thuya - Sep 25, 2018
Google Chrome ဟာ ကမ္ဘာမှာ လူသုံးအများဆုံး ၀က်ဘရောက်စာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Google Chrome မှာ လူသိနည်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များ ပါရှိပါတယ်။ အဲဒီအထဲမှာ Chrome ကို Text Editor လို အသုံးပြုခြင်း၊…
Leave a Comment
Most from this category